၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမူဝါဒဖြင့် မွန်အမျိုးသားပါတီ ရွေးကောက်ပွဲဝင်မည် ………………………..

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့သည့် မွန်အမျိုးသားပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူဝါဒဖြင့် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဗဟိုကော်မတီက အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။ မွန်အမျိုးသားပါတီက ဇူလိုင် ၂၀ ရက်နှင့် ၂၁ ရက်များတွင် ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီတွင် အဆိုပါမူဝါဒကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း မွန်အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်လယီတမထံမှ သိရသည်။ “သေချာတာက လွှတ်တော်ထဲမှာသာ အခြေခံဥပဒေ ပြင်ဆင်နိုင်မယ်ဆိုတဲ့ အယူအဆက မမှန်တော့ဘူး။ လွှတ်တော်ထဲမှာလဲ ကိုယ့်ဘက်က ကိုယ်စားလှယ်များများရအောင် လုပ်ရမယ်။ ပြီးတော့ လွှတ်တော်ပြင်ပက အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီအောင် လက်တွဲပြီးတော့ အခြေခံဥပဒေပြင်ဆင်ရေးကို ဆက်လက်ကြိုးပမ်းသွားမယ်” ဟု ပါတီအထွေထွေ အတွင်းရေးမှူး နိုင်လယီတမ က ပြောသည်။ လက်ရှိလွှတ်တော်ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဇွန် ၂၃ ရက်မှ ဇူလိုင် […]

via Myanmar Electoral Resource and Information Network http://ift.tt/1HYeW56 http://ift.tt/1Ov7XVN

မွန်အမျိုးသားပါတီဗဟိုဌာနချုပ် ဆိုင်းဘုတ်သစ်တင်ပြီ

မွန်ဒီမိုကရေစီပါတီမှ မွန်အမျိုးသားပါတီ Mon National Party သို့ အမည်ပြောင်းလဲခွင့်ရရှိပြီးနောက် မေလ ၁၈ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ဗဟိုဌာနချုပ်အဆောက်အအုံ၌  ဆိုင်းဘုတ်သစ်တင်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

via Burma News International | Burmese Version http://ift.tt/1mSxlsq

တရားဝင် မွန်စာပေ သင်ကြားခွင့် ကို ပြည်နယ် လွှတ်တော်မှ အတည်ပြု

လာမည့် စာသင်နှစ်တွင် ကျောင်းချိန် အတွင်း မွန်စာပေ သင်ကြားခွင့် ကို အခြေခံ မူလတန်း အဆင့် ၌ ခွင့်ပြုမည် ဖြစ် သည်ဟု ပထမ အကြိမ် မွန်ပြည်နယ် လွှတ်ေ တာ် အဋ္ဌမ ပုံမှန်အစည်းအဝေးမှ အတည်ပြု ခဲ့ ကြောင်း ကျိုက်မရောမြို့ နယ် အမှတ် (၂) မဲဆန္ဒနယ် ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ နိုင် စံတင် မှ ပြောဆိုပါသည်။

“လူမျိုး တစ်မျိုးဖြစ် လာတဲ့အတွက် ကိုယ့်စာပေကို သင်ကြာခွင့်က အရင်ကတည်း က ရှိသင့်တာပါ။ အရင်တုန်းက အာဏာရှင် စနစ်ဆိုတော့ မွန်စာပေကို တရားဝင် သင်ကြားခွင့် မပေးခဲ့ ဘူး။ အခု ဒီမိုကရေစီ စနစ် ရောက် မှ အဲဒီအ ခွင့် အရေးကို ရလာခဲ့တာလေ” ဟုဆိုပါသည်။

မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ နိုင်ကြင်ဖေ လွှတ်တော် ထဲတွင် တင်ပြနေစဉ် ဓါတ်ပုံ ရွှေဟင်္သာ

အခြေခံ မူလတန်း အဆင့် အထူးသဖြင့် သူငယ်တန်း အဆင့် ၊ ပထမတန်း အဆင့် နှင့် ဒုတိယတန်း အဆင့် (၃) ဆင့် ကို သင်ကြားနိုင် သည့် မွန်စာပေ သင်ရိုး ညွှန်း တမ်းကိုလည်း  မော်လမြိုင် တက္ကသိုလ်မှ စာပေပညာ ရှင်များက ရေးဆွဲ နေကြသည်ဟု ဆိုပါသည်။  ထိုသင်ရိုးညွှန်း တမ်းနှင့်အတူ လာမည့် ၂၀၁၄-၁၅ ပညာသင်နှစ် တွင် မွန်စာပေကို ဖွံ့ ဖြိုး ရေး အချိန်တွင် စတင်သင်ကြား မည်ဖြစ်ကြောင်း ပြည်နယ် လွှတ်တော်မှ ပြဌာန်းပေး လိုက်ခြင်း ဖြစ်ပါသည်။

မွန်စာပေ သင်ကြား ပေးမည့် မွန်ဘာသာသင် ကျောင်းဆရာ ဆရာမများ ကိုလည်း  ပုံမှန်စာ သင်ကြား နေသော အ စိုးရခန့်ဆရာ ဆရာ မများကဲ့သို့လစာ တူ သတ်မှတ်မည် မဟုတ်သေးကြောင်း၊  ၄င်းတို့အား အစိုးရဘက်မှ တတ်နိုင် သမျှ သာ ထောက်ပံ့ သွား မည်ဖြစ် သည်ဟု လွှတ်တော်တွင် ဆွေးနွေး တင်ပြခဲ့ ပါသည်။

လစာကို အစိုးဖက် မှ သတ်သတ် မှတ်မှတ် ပြဌာန်း ပေးထားခြင်း မရှိသေးသော်လည်း ယခင်နှစ်ပိုင်းတွင် ကျောင်းချိန် ပြင်ပ၌ သင်ကြားပေး ခဲ့သော မွန်ဘာ သာ ကျောင်း ဆရာ ဆရာမများ ကို  

တဦးလျှင် တလ ကျပ် (၃၃၀၀၀ ) ဖြင့် အစိုး ရဖက်မှ ထောက်ပံ့ ကူညီပေး ခဲ့သည် ဟု ဆိုပါသည်။

ဤအစီစဉ်သည် ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် တို့၏ တရားဝင်ပြဌာန်း ပေးသော ဥပဒေ ကို အ ကောင်အထည် ဖေါ်ခြင်း မဟုတ်ပဲ  ပြည်နယ်

လွှတ်တော်မှ လိုအပ်သည့် ဒေသန္တရ ဆုံး ဖြတ်ချက်သာ ဖြစ်သောကြောင့် အသုံးပြု  ရမည့် ဘတ်ချက်ကို ပညာရေး ၀န်ကြီးဌာန ၏ အသုံး စရိတ် ထဲမှ ခွဲတမ်း မဟုတ်သဖြင့်  လစာ နှင့် ကျောင်းဆရာ အရေ အတွက်များ ကို တိတိကျကျ မဆုံးဖြတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

ဤသည် မြန်မာနိုင်ငံ ၏ နိုင်ငံတော် အခြေခံ ဖွဲ့စည်းပုံ ၌ တိုင်းရင်းသား စာပေ သင်ကြားရေး အား တိကျစွာ ပြဌာန်း ထားခြင်း မရှိခြင်းကြောင့် ဖြစ်ပါသည်။

ထို့အပြင် တိုင်းရင်းသား စာပေ သင်ကြားရေး တွင် တိကျသော ရည်မှန်း ချက်လည်း ရှင်းပြထား ခြင်းမရှိ သေးပေ။ တိုင်းရင်းသား စာပေများ ကို အစိုးရမှ တရား ၀င် သင်ကြားခွင့် ပေးခြင်းသည် တိုင်းရင်းသား စာပေကို တွဲဖက် ရုံးသုံး စာပေ အဖြစ် အသိအမှတ် ပြုလာနိုင်စရာ ရှိလေမလား စဉ်းစားမှု အဆင့်၌သာ ရှိပါသေးကြောင်းသိရ သည်။

“၀န်ကြီးချုပ် ဦးနု ရဲ့ ပဆပလ ခေတ်တုန်း ကဆိုရင် မွန်စာပေကို ကျောင်းချိန်တွေမှာ သင်ကြားခွင့် ရခဲ့ဖူးပါ တယ်။ နောက် စစ် အစိုးရ မဆလ လက်ထက်ရောက်ေ တာ့ မှ အဲဒီအခွင့် အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဘယ်လောက် ဆုံး ရှုံး ခဲ့သလဲ ဆိုရင် နွေရာသီ စာပေ သင်ကြားရေး မှာတောင်  သံသယတွေ ကြား က သင်ခဲ့ရ တယ်” ဟု လွှတ်တော်အမတ် ဦးအောင်နိုင်ဦးက ပြောပါသည်။

မည်သို့ ပင်ဆိုစေ နည်း ဥပဒေ ပြဌာန်းချက် မရှိသေးသည့် အချိန် ကာလတွင် လုပ်သင့် လုပ်ထိုက်သော ကိစ္စတခုကို မွန်ပြည်နယ် လွှတ်တော်မှ စတင်ဆုံးဖြတ် လိုက်ခြင်းပင် ဖြစ်ပါသည်။ မွန်ပြည်နယ် လွှတ်တော် သည် ဤကဲ့သို့ လုပ် သင့် လုပ်ထိုက် သော ကိစ္စများ အပြင် လွှတ်တော် ဥက္ကဌ နိုင်ကြင်ဖေသည်  လွှတ်တော် အစည်းအဝေး ကျင်းပပုံ များ ကိုလည်း ၄င်းပြည် နယ်ရှိ ပါတီများ နှင့် လွှတ်တော်ကို  စိတ်ဝင်စား သည့် တသီးပုဂ္ဂလ များကိုပါ တက်ရောက် ကြား နာခွင့် ပေးနြေ ပီး ဖြစ်သည်။

မွန်ပြည်နယ် ရှိ လွတ်လပ်သည့် မွန်စာပေ နှင့် ဟဉ်ကျေးမှု ကော်မီတီ ကလည်း မွန်ပြည်နယ် အတွင်း မွန်စာပေ သင် ကြားရေးကို ဆောင်ရွက်ရာတွင်  သင်ကြားေ ရး ကို ပိုမို ထိရောက် စေရန် ရှိသင့် ရှိ ထိုက်သော သင်တန်း (TT)များ၊ သင်ရိုးများ နှင့် အခြားပြင်ဆင်မှု များပါ လုပ်ဆောင် သင့်ကြောင်း  လွတ်လပ်သည့် မွန် စာေ ပ နှင့် ယဉ် ကျေးမှု ကော်မီ တီ ဒုတိယ ဥက္ကဌ ဒေါက်တာ မင်းကြည်ဝင်းက ဆိုပါသည်။

ဤကဲ့သို့ သော အမြင်များ ပါဝင်နိုင်ရန် မွန်ပြည်နယ် လွှတ်တော် သည် ပြီးခဲ့သည့် မတ်လ၂၂ရက်နေ့ ၌မွန်ပြည်နယ်လွှတ်တော် ခန်းမတွင်ကျောင်းချိန် တွင်းမွန် စာပေ သင်ကြားရေး၊မွန်အမျိုးသား ကျောင်းများ အပေါ် သဘောထား များ နှင့်နွေရာသီ မွန်စာပေသင်ကြားရေး ကိစ္စများ ပါဝင်သည့် ဆွေးနွေးပွဲ တရပ် ကို ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ မြို့ နယ်များမှမွန်စာပေ ယဉ်ကျေးမှုကော်မတီဝင် များ နှင့်အခြား တိုင်းရင်းသားကိုယ်စားလှယ် များတို့နှင့် တိုင်ပင်ဆွေး နွေးပြီး အဖြေရှာ ခဲ့ ကြ ပါသည်။

via သတင်း http://ift.tt/1kv96lh

မွန်ဒီမိုကရေစီပါတီအား မွန်အမျိုးသားပါတီအမည်သို့ ပြောင်းလဲခွင့်ပြု ပြည်ထောင်စုသမ္မ…

မွန်ဒီမိုကရေစီပါတီအား မွန်အမျိုးသားပါတီအမည်သို့ ပြောင်းလဲခွင့်ပြု
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက်အမှတ်(၁၀/၂၀၁၄)
၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
(၂၀၁၄ခု နှစ်၊ မတ်လ ၂၈ ရက်)
မွန်ဒီမိုကရေစီပါတီ (Mon Democratic Party) အား
မွန်အမျိုးသားပါတီ (Mon National Party)
အမည်သို့ပြောင်းလဲခွင့်ပြုခြင်း
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ အရမှတ်ပုံတင် အမှတ်(၅၈)ဖြင့် မှတ်ပုံတင်ထားပြီးဖြစ်သည့် မွန်ဒီမိုကရေစီပါတီ (Mon Democratic Party)သည် ယင်းပါတီ၏ အမည်ကို မွန်အမျိုးသားပါတီ (Mon National Party) အမည်သို့ ပြောင်းလဲအသုံးပြုလိုကြောင်း ဤကော်မရှင်သို့ တင်ပြလာပါသည်။
၂။ ယင်းပါတီ၏ တင်ပြချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီ စိစစ်ပြီး ပါတီ၏အမည်ကို ပြောင်းလဲခွင့်ပြုရန် သဘောတူ ပါသဖြင့် မွန်ဒီမိုကရေစီပါတီ (Mon Democratic Party) အား ၂၈-၃-၂၀၁၄ ရက်နေ့မှစ၍ မွန်အမျိုးသားပါတီ (Mon National Party) အမည်ဖြင့် ပြောင်းလဲသတ်မှတ် လိုက်ကြောင်း ကြေညာအပ်ပါသည်။
အမိန့်အရ
(ဒေါက်တာဒေါ်မြင့်ကြည်)
အဖွဲ့ဝင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

via MOI Webportal Myanmar’s Facebook Wall http://ift.tt/1o9TKUM

မွန်ပြည်နယ်နေ့အခမ်းအနား လူပေါင်းသိန်းနှင့်ချီ ပါဝင်ဆင်နွှဲ **********************…

မွန်ပြည်နယ်နေ့အခမ်းအနား လူပေါင်းသိန်းနှင့်ချီ ပါဝင်ဆင်နွှဲ
**************************************

မှူးအိမ်ဇော်-(မြစ်မခ) ၊ မော်လမြိုင်၊ မတ် ၂၁

မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ် စက်စဲကမ်းခြေ၌ မတ် ၁၉ရက် မှ ၂၁ရက်အထိကျင်းပသည့် နှစ်(၄ဝ)ပြည့် မွန်ပြည်နယ်နေ့ အခမ်းအနားမှာ ၂ဝ၁၄ခု နှစ်သည် အစည်ကားဆုံးဖြစ်ကာ မြန်မာ နိုင်ငံအနှံ့အပြားမှ လာရောက်အပန်းဖြေ သူ သိန်းနှင့်ချီ၍ ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု ဒေသခံတို့က ဆိုသည်။

အဆိုပါ မွန်ပြည်နယ်နေ့အခမ်း အနားတွင် ပျော်ပွဲရွှင်ပွဲများ၊ သဲသောင်ပြင် စက်ဘီးစီးပြိုင်ပွဲများနှင့် ဖျော်ဖြေပွဲများကို ထည့်သွင်းကျင်းပပြီး ပထမဆုံးသောမီးပုံးပျံ ပြိုင်ပွဲကိုလည်း ကျင်းပလျက်ရှိကာ ပြည်နယ် အတွင်းရှိ ထူးချွန်ထက်မြက်သူများကို ဂုဏ် ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။

”ကျွန်တော်တို့ မွန်ပြည်နယ်ငြိမ်း ချမ်းလာတာနဲ့အမျှ ပြည်နယ်လဲတိုးတက် လာမှာပါ။ ကျွန်တော်တို့အစိုးရဆိုတာ ပြည် သူပါပဲ။ ပြည်သူ့ကိုယ်စားလုပ်ဆောင်ရတဲ့ သူတွေပါ။ မွန်ပြည်နယ်သူ၊ ပြည်နယ်သား တွေ စည်းစည်းလုံးလုံးနဲ့ ချီတက်သွားကြဖို့ တိုက်တွန်းလိုပါတယ်”ဟု မွန်ပြည်နယ်ဝန် ကြီးချုပ်ဦးအုန်းမြင့်က ¤င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ပွဲတော်သုံးရက်တာ ကာလအ တွင်း ဌာနဆိုင်ရာများ၊ြွဥ များနှင့် ကုမ္ပဏီ ၁ဝ ခုခန့်မှ သက်ဆိုင်ရာနယ်ပယ် အလိုက် ပြခန်း ၄ဝကျော်ပြသခဲ့ကြကာ အခမ်းအနားကျင်းပရာနေ့များတွင် အိပ် မက်ဆုံရာအစီအစဉ်မှ အနုပညာရှင်တချို့ လည်း လာရောက်ဖျော်ဖြေခဲ့ကြသည်။

မွန်ပြည်နယ်သည် မွန်၊ ဗမာ၊ ပအိုဝ့်၊ ကရင်လူမျိုးများနှင့် အခြားတိုင်းရင်း သားအနည်းငယ်နေထိုင်ကြသော ပြည်နယ် တစ်ခုဖြစ်ကြောင်းနှင့် မွန်ပြည်နယ်နေ့ အခမ်းအနားကို စက်စဲကမ်းခြေ၌ ကျင်းပ ခြင်းသည်ဒုတိယအကြိမ်ဖြစ်ပြီး ၁၉၉၆ခုနှစ် ကလည်း စက်စဲကမ်းခြေ၌ ပြုလုပ်ခဲ့သည်။
————————————————————————-

LIKE (y) | SHARE ✓ | LOVE ♥
**********************************************

[ The Flower News Journal ၊ အတွဲ ၁၀ အမှတ် ၁၃ ၊ ]

| Yangon Media Group | www.yangonmedia.com

**********************************************

via Yangon Media Group’s Facebook Wall http://ift.tt/OWFheY

မွန်အမျိုးသားပညာရေးကို အစိုးရအနေနဲ့ အသိမှတ်ပြုပေးဖို့ မော်လမြိုင်မြို့မှာကျင်းပေ…

မွန်အမျိုးသားပညာရေးကို အစိုးရအနေနဲ့ အသိမှတ်ပြုပေးဖို့ မော်လမြိုင်မြို့မှာကျင်းပနေတဲ့ မွန်အမျိုးသမီးများ ညီလာခံမှာ ဆွေးနွေးခဲ့ပါတယ်။ဦးကျော်စိုး ပေးပို့ထားပါတယ်။

#DVBTV – 11.03.2014 – http://ift.tt/1lTXFDc

DVB – မွန်အမျိုးသားပညာရေးကို အစိုးရအနေနဲ့ အသိမှတ်ပြုပေးဖို့ဆွေးနွေး
မွန်အမျိုးသားပညာရေးကို အစိုးရအနေနဲ့ အသိမှတ်ပြုပေးဖို့ မော်လမြိုင်မြို့မှာကျင်းပနေတဲ့ မွန်အမျိုးသမီးများ ညီလာခံမှာ ဆွေးနွေးခဲ့ပါတယ်။ဦးကျော်စိုး ပေးပို့ထားပါတယ…

via DVB TV News’s Facebook Wall http://ift.tt/1nIbJy7

မွန်ပြည်နယ်၏ ပထမဦးဆုံး အိမ်ရာစီမံကိန်းစတင် =========================== မော်လမြ…

မွန်ပြည်နယ်၏ ပထမဦးဆုံး အိမ်ရာစီမံကိန်းစတင်
===========================

မော်လမြိုင် ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ် မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်တွင် မွန်ပြည်နယ်၏ ပထမဦးဆုံးအဖြစ် သီရိမင်္ဂလာ အိမ်ရာစီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ အစိုးရပိုင် မြေလွတ် ကိုးဧက နေရာတွင် နှစ်ဧကကို အသုံးပြုကာ ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံ ငါးလုံးကို တစ်နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

”ယခုနှစ် မတ်လကစပြီး နောက်နှစ် မတ်လအပြီးဆောက်မယ်၊ ဒီထက်စောဖို့ပဲရှိတယ်။ ရှစ်ခန်းတွဲ လေးထပ် ငါးလုံးဆိုတော့ အခန်း ပေါင်း ၁၆ဝ ရမယ်။ အိမ်ပိုင်မရှိသေးတဲ့ အိမ်ထောင်စု ၁၆ဝ အတွက် အဆင်ပြေသွားပြီပေါ့။ အိမ်ခန်း တစ်ခန်း ၆ဝဝ စတုရန်းပေ ကျယ်ပြီး အိပ်ခန်း၊ ရေချိုးခန်းနဲ့ အိမ်သာ၊ မီးဖိုခန်းတွေပါမယ်။ ကင်ပွန်းချုံ ကန်က ရေကိုသွယ်ပေးပြီး အိမ်ခန်းတစ်ခန်း မီတာတစ်လုံးစီတပ်ဆင် ပေးမယ်။ ပန်းခြံနဲ့ ဈေးတို့လည်း ပါဝင်မယ်လို့ ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံကို မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်ခြင်းဖြစ်ပြီး မြေညီထပ်တစ်ခန်း ငွေကျပ်သိန်း ၁၃ဝ၊ ကျန်အထပ်များကို တစ်ခန်းလျှင် ငွေကျပ်သိန်း ၁၂ဝ နှုန်းဖြင့် အိမ်ပိုင်မရှိသော ဝန်ထမ်းများအတွက် (သက်ဆိုင်ရာအရာရှိ၏ တာဝန်ခံပေးမှုဖြင့်) အရစ်ကျ (ငါးနှစ်)ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

”လက်ရှိ လုပ်သက်ရင့် ဝန်ထမ်းတွေကို ဦးစားပေးမယ်။ ပြီးတော့ သီရိမင်္ဂလာ ရပ်ကွက်မှာလုပ်တဲ့အတွက် အဲဒီရပ်ကွက်က ဝန်ထမ်းမဟုတ်တဲ့ ပြည်သူတွေအတွက်လည်း အဆောက်အအုံတစ်လုံး၊ အိမ်ခန်း ၃၂ ခန်းစာကို ရောင်းချပေးမယ်။ မီးအားအပြည့်အဝ ရဖို့လည်း ၃၁၅ KVA ထရန်စဖော်မာ နှစ်လုံးလည်း တပ်ဆင်ပေးသွားမယ်လို့ အဆိုပါဝန်ကြီးက ပြောကြားခဲ့သည်။

အိမ်ခန်း လျှောက်ထားလိုသူများသည် မတ် ၁ ရက်မှစ၍ မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီရုံးတွင် လျှောက်ထားနိုင်ပြီး ဝယ်လိုအားပေါ်မူတည်၍ နောက်ထပ် အိမ်ခန်းများလည်း အမြန်ဆုံး တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဆက်နေမင်းအောင်

via The Mirror Daily’s Facebook Wall http://ift.tt/1hO2HMn

နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် လူမျိုးနှင့် ဘာသာ မထည့်ခြင်းကို မွန်တို့လက်ခံမည်မဟုတ်

အေမီအောင် (IMNA) – လူမျိုးအမည်သတ်မှတ်ချက်များနှင့် ပတ်သက်၍ အငြင်းပွားမှုများဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူပြီး နောက်ပိုင်း နိုင်ငံသားစိစစ်ရေး ကတ်များတွင် လူမျိုးနှင့်ဘာသာ ဖော်ပြချက်များကိုထည့်သွင်း ဖော်ပြတော့မည်မဟုတ်သည့်ပြောကြားချက်အား မွန်တို့လက်မခံနိုင်ဟုမွန်ပြည် သစ်ပါတီ ဒု ဥက္ကဌ နိုင်ဟံသာက ပြောသည်။

နိုင်ဟံသာ က “လူမျိုးနဲ့ဘာသာဖျောက်ဖျက်ပစ်မှာကို လက်မခံနိုင်ဘူး၊ ကျနော်တို့ တခြားဘာသာဝင် တခြားတိုင်းရင်းသားတွေကလည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး၊ ဘယ်လူမျိုးမဆို ကိုယ့်လူမျိုး ကိုယ်ချစ်ကြတာ ကြီးပဲ၊ ကိုယ်လူမျိုး ကိုယ့်ဘာသာ မပျောက်ပျက်အောင် တလေးတစားနဲ့ ထိန်းသိမ်းကြတာပါပဲ” ဟု ပြောသည်။

မူလခေတ်အဆက်ဆက်ကျင့်သုံးလာခဲ့သည့် လူမျိုး၊ ဘာသာသတ်မှတ်ချက်များ ဖျောက်ဖျက်သည့်လုပ်ရပ် အား  မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ၊ UNFC အထွေထွေအတွင်းရေးမှူး၊ NCCT အဖွဲ့ခေါင်းဆောင်၊ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေဖြင့်လည်းကောင်း မည်သို့မျှ လက်မခံနိုင်၊ ဤနည်းသာအတိုင်းသာဆက်လုပ်နေမည်ဆိုလျှင် တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကြီး တည်ဆောက်နိုင်မည်မဟုတ်ဟု ဆက်ပြောသည်။

မွန်ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်း က “လူမျိုးအမည် မထည့်ဘဲဖျောက် ဖျက် မယ်ဆိုရင်ကျနော်တို့မွန်တွေလုံးဝ လက်မခံပါဘူး၊ လူမျိုးအမည်သတ်မှတ်ချက်က သိပ်အရေးကြီးတယ်၊ ဘယ်သူမှနစ်နာမှုမရှိအောင် လုပ်ဖို့လိုတယ်” ဟု ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ရာတွင် လက်ရှိ ထည့်သွင်းထားသည့်လူမျိုးနှင့် ဘာသာဟူသည်ကို မထည့်သွင်းတော့ရန် ရည်ရွယ်ထားသည်ဟု ဖေဖော်ဝါရီ၁ဝ ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပသည့် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။

ဦးခင်ရီက “သန်းခေါင်စာရင်းကောက်ပြီးသွားရင် လက်ရှိ ပြဿနာဖြစ်နေတဲ့ ဘာသာ၊ လူမျိုးကိစ္စတွေ နည်းသွား အောင် မှတ်ပုံတင်မှာ အားလုံးမြန်မာပေါ့။ ဘာသာ၊ လူမျိုးဆိုတာတွေကို ထည့်မလုပ်အောင် ကျွန်တော် အကြံပြုထားပါတယ်” ဟု ရှင်းလင်းပွဲတွင် ပြောကြားသည်ကို မီဒီယာများတွင် ဖေါ်ပြခဲ့သည်။

ထို့အပြင် ဦးခင်ရီက “၁၉၃၁ ခုနှစ် ဗြိတိသျှ လက်ထက်က သန်းခေါင်စာရင်းကောက်ခဲ့တာလူမျိုး (၁၃၅)မျိုးရှိ တယ် ဆိုတာ သူတို့လုပ်ခဲ့တယ်၊ ၁၃၅ မျိုးရှိရမယ်လိုကျနော်မဆိုလိုဘူး၊ အဲတာကို အခြေခံပြီး လူမျိုးဘယ်နှစ် မျိုးရှိတယ်ဆိုတာတိကျတဲ့အဖြထွက်ရန် သန်းခေါင်စာရင်းကောက်ယူတာဖြစ်တယ်” ဟု BNI အမျိုးသမီးသတင်း ထောက်များနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

via သတင်း http://ift.tt/MtFt3P

နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် လူမျိုးနှင့် ဘာသာ မထည့်ခြင်းကို မွန်တို့လက်ခံမည်မဟုတ်

အေမီအောင် (IMNA) – လူမျိုးအမည်သတ်မှတ်ချက်များနှင့် ပတ်သက်၍ အငြင်းပွားမှုများဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူပြီး နောက်ပိုင်း နိုင်ငံသားစိစစ်ရေး ကတ်များတွင် လူမျိုးနှင့်ဘာသာ ဖော်ပြချက်များကိုထည့်သွင်း ဖော်ပြတော့မည်မဟုတ်သည့်ပြောကြားချက်အား မွန်တို့လက်မခံနိုင်ဟုမွန်ပြည် သစ်ပါတီ ဒု ဥက္ကဌ နိုင်ဟံသာက ပြောသည်။

via Burma News International | Burmese Version http://ift.tt/MtFt3P

သန်းခေါင်စာရင်းကောက်ယူမှု အများပြည်သူအားရှင်းပြမည်ဟုဆို

သက်သန္တာလှိုင်(သံလွင်တိုင်းမ်)။     ။၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ကိစ္စများကို ပြည်သူများ အား လုံး နားလည်သည့် အထိ ရှင်းပြမည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီဌာန (လ.၀.က)  ဒုညွန်မှူးက ပြောသည်။

via Burma News International | Burmese Version http://ift.tt/1dgTbhI