Autonomous regions ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများ (လူမျိုးစုပြသနာဖြေရှင်းနည်း)

နိုင်ငံများစွာတွင် လူမျိုးစုများနေထိုင်မှုများပြားသော ပြည်မယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးသော ခေတ်ဖြစ်သည်။ ဖက်ဒရယ်စနစ်ကို မျှတစွာကျင့်သုံးနိုင်သည့်နိုင်ငံများ (အမေရိကန်၊ သြစကြေးလျှား၊ကနေဒါ..နိုင်ငံများတွင် ဖက်ဒရယ်ပြည်နယ်အုပ်ချုပ်ရေးစနစ် အောင်မြင်သော်လည်း၊ တရုပ်ကဲ့သို့သော နိုင်ငံများတွင် ပြည်နယ်တိုင်းကို စစ်မှန်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်မပေးပါ။ ဗဟိုမှအုပ်ချုပ်ရတွင် ခက်ခဲလာသော လူမျိုးစုအင်အားကောင်းသည့် ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးများစနစ်ကို ထူထောင်ပေးထားသည်။ အထူးသဖြင့် လက်ရှိ တရုပ်နှင့်အင်ဒိုနီးရှားနိုင်ငံများကို လေ့လာကြည့်ပါမည်။ သူတို့ လူမျိုးစု ပြသနာဖြေရှင်းနည်းကို လေ့လာပါမည်။

တရုပ်နိုင်ငံမှကိုယ်ပိုင်အုပ်ချုပ်ပြည်နယ်(၅)ခု

ပြည်နယ်၅ခုကို ကိုယ်ပိုင်အုပ်ချုပ်ရေး (လူမျိုးစုများအုပ်ချုပ်ခွင့်) ပေးထားရသည်။ ထိုဒေသများသည် လူမျိုးစုများ၏ မူလနေထိုင်ရာ နယ်မြေများဖြစ်ပြီး၊ တရုပ်လူမျိုးများ ရေကြည်ရာမြက်နုရာ လာရောက်နေထိုင်ကြသော်လည်း လူမျိုးစုအင်အားကြီးမားလှသည်။ ထို့ကြောင့် တရုပ်အစိုးရက Autonomous Regions ဟု အုပ်ချုပ်ရေးဥပဒေတစ်ခု ဖန်တီးပေးထားရသည်။ သို့မဟုတ်ပါက အုပ်ချုပ်ရေးခက်ခဲနိုင်ပြီး၊ လူမျိုးစုအဓိဂရုန်းများ၊ ခွဲထွက်ပုန်ကန်မှုများဖြစ်လာပါက တိုင်းပြည်နစ်နာမည်ဖြစ်သည်။ ယခု၂၁ရာစုတွင် စစ်အင်သုံး ချေမှုန်းမှုမှု ခေတ်မစားတောပဲ၊ လူနည်းစု၊ လူများစု အချင်းချင်း လေးစား၊ အသိမှတ်ပြုသော ခေတ်ကို စီးပွားရေးလွတ်လပ်ခွင့်၊ လူမှုရေးလွတ်လပ်ခွင့်များပေးပြီး အုပ်ချုပ်ကြသည်။ အုပ်ချုပ်မှုအာဏာ အထူးသဖြင့်၊ စစ်တပ်၊ရဲတပ်နှင့်နိုင်ငံတကာဆက်ဆံရေး၊ ကုန်သွယ်ရေးတို့ကို ဗဟိုကချုပ်ကိုင်ထားသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်များတွင် လူနည်းစုများသည် သတ်မှတ်ထားသော အချိုးကျကိုယ်စားလှယ်များ အလိုအလျောက်ရရှိသည်။ အာဏာရှိပါတီ၊တရုပ်ကွန်မြူနစ်ပါတီချည်း ကိုယ်စားလှယ်မဖြစ်အောင် လူနည်းစုများကို ကာကွယ်ပေးထားသည်။

Xinjiang ပြည်နယ်တွင် Uyghur လူမျိုးစုများက ၄၅%ရှိပြီး၊ သူတို့သည် မူဆလင်ဘာသာဝင်များဖြစ်သည်။ ထို့ကြောင့် တရုပ်အစိုးရက အထူးသတိထားအုပ်ချုပ်သည်။ ပညာရေး၊ ကျန်းမာရေးများကို ခေတ်သစ်တရုပ်အစိုးရက အထူးငွေကုန်ခံ၊ ဒေသဖွံ့ဖြိုးမှုကို လုပ်ဆောင်ပေးသည်။ မြန်မာနိုင်ငံနှင့်နယ်ချင်းစပ်နေသာ ယူနန်ပြည်နယ်ကဲ့သို့ပင် လူမျိုးစုပေါင်းများစွာရှိသည်။ ယူနန်ပြည်နယ်တွင် လူမျိုးစုတစ်ခုက အင်အားမကြီးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးမလိုပေး။ Xinjiang Uyghur လူမျိုးစုများစွာရှိသဖြင့် အထူးအခွင့်ရေးပေးထားရသည်။ ၂၀၀၉တွင် မူစလင်ထကြွမှုများကြောင့် လူပေါင်း၂၀၀ကျော် သေဆုံးရသည်။ ၂၀၁၃ ဇွန်လတွင်လည်း လူ၂၃ဦးသေဆုံးသော အရေးခင်းဖြစ်ပြန်သည်။ လူဦးရေ သန်း၂၀ရှိသောပြည်နယ်ကြီးဖြစ်ပြီး၊ အရေးအခင်းများ မကြာခဏဖြစ်သော်လည်း တရုပ်အစိုးရက ကောင်းစွာထိန်းချုပ်ထားနိုင်သည်။

အခြားပြည်နယ်များမှာ တိဘက် ၉၂% လူမျိုးစုများကြီးစိုးသော်လည်း၊ လူဦးရေ ၃သန်းမျှသာရှိသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် ထိန်းထားနိုင်သည်။ နာမည်ကျော် လူအခွင့်အရေး ဗုဒ္ဓဘုန်းတော်ကြီး ဒလိုင်လာမား၏ ပြည်နယ်ဖြစ်သည်။ သီးခြားလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။

မွန်ဂိုပြည်နယ်တွင် ၁၇%ရာနှုန်းမွန်ဂိုများ နေထိုင်ကြသည်။ လွတ်လပ်သော မွန်ဂိုနိုင်ငံကလည်း ရှိနေသောကြောင့်၊ တရုပ်အစိုးရက အထူးအုပ်ချုပ်ရသည်။ လူဦးရေ ၂၃သန်းရှိပြီး၊ အများစုသည် တရုပ် ဟန်မျိုးနွယ်များဖြစ်သော်လည်း လူနည်းစုအခွင့်အရေးပေးသည့်အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးထားသည်။

Ningxia ပြည်နယ်သည် မွန်ဂိုပြည်နယ်နှင့်တရုပ်ပြည်မကြီးကြားတွင်ရှိသည်။ များပြားလှသော လူမျိုးစုများရှိပြီး၊ လူဦးရေ ၆သန်းခန့်တွင်၊ အများစုမှာ မူဆလင်ဘာသာဝင်များဖြစ်သည်။ ထို့ကြောင့် ဘာသာရေးအချေပြုသော အဓိကရုန်းများ မကြာခဏဖြစ်သည်။ ခရစ်ယာန်ဘာသာလည်း အသင့်တင့်များပြားသည်။ ဗုဒ္ဓဘာသာဝင်မျာစွာလည်းရှိသည်။ ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးထားရသည်။

Guangxi ပြည်နယ်သည် တရုပ်နိုင်ငံတောင်ပိုင်း၊ ဗီယက်နမ်နိုင်ငံနှင့် နယ်ချင်းစပ်နေသည်။ တရုပ်ဟန်လူမျိုးများက ၆၂ရာနှုန်း အများစုဖြစ်သည်။ ဒုတိယအများဆုံး၊ Zhuang လူမျိုးစုများက ၃၂%အထိရှိသည်။ မြန်မာနှင့်နယ်စပ်ဖြစ်သော ယူနန်ပြည်နယ်ကဲ့သို့ တိုင်းရင်းသားများစွာ ရှိသည်။ ပြည်နယ်၏ လူဦးရေ ၄၆သန်းတွင် Zhuang လူမျိုးစုက ၁၄သန်းခန့်ရှိနေသည်။ ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးထားရသည်။

မြန်မာနိုင်ငံနှင့်ဆက်စပ်နေသော ယူနန်ပြည်နယ်သည် လူဦးရေ ၄၅သန်းရှိပြီး၊ တရုပ်ဟန်လူမျိုးများက ၆၇% အများစုဖြစ်သည်။ ကျန်သောလူမျိုးစုများတွင် အများဆုံး ၁၁% Yi လူမျိုးစုဖြစ်သည်။ အခြား များပြားလှသောလူနည်းစုများမှာ တိဘက်-မြန်မာလူမျိုးစုတွင်ပါဝင်ပြီး၊ ကချင်လူမျိုးများလည်း ပါဝင်သည်။ ၀.၁% မှ ၂.၀% အထိ လူမျိုးစုများစွာရှိသော်လည်း လူများစုဖြစ်သော တရုပ်ဟန်လူမျိုးများက အုပ်ချုပ်ရေးကို ထိန်းထားနိုင်သည်။ တရုပ်ဟန်လူမျိုးများမှာ ကွန်ဖြူးရှပ်အခြေခံ၊ ဘာသာမရှိသူများဖြစ်သော်လည်း တိုင်းရင်းသားများ၊သည် ရိုးရာနတ်ကိုးကွယ်သူများဖြစ်သည်။ ခရစ်ယန်မစ်ရှင်များဖြင့် အများပြား ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြသည်။ မစ်ရှင်များမှာ Gladstone Porteous (from Australia)ယ Alfred James Broomhall, Janet Broomhall, Ruth Dix and Joan Wales of the China Inland Mission စသည်တို့ဖြစ်သည်။ ယူနစ်ပြည်နယ်မှာ တိုင်းရင်းသားများစွာရှိသော်လည်း ၆၇% တရုပ်ဟန်လူမျိုးများက ကောင်းစွာထိန်းချုပ်နိုင်သည်။ ထို့ကြောင့်ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန်မလို။

အင်ဒိုနီးရှားနိုင်ငံ
ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးထားရသော ပြည်နယ် (၄)ခုရှိသည်။ 
1. Yogyakarta (1950) , 3.4 million people, 90% are Javanese, govern by Sultan
2. Aceh (2005) ,  5 million people,  Acehnese 79%, most are Christian
3. Papua (2000) , 2.8 million people, many ethnic group, most are Christian
4. West Papua (2008) , 0.76 million people, many ethnic group, Christian 53%, Muslim 37%
ကချင်လူမျိုးစု ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလမုန်တူးဂျာနှင့် အဖွဲ့သည်၊ ၂၀၁၁ ရွေးကောက်ပွဲတွင် ပါဝင်ရန် စည်းရုံး၊ မှတ်ပုံတင်ခဲ့ရာ၊ မြန်မာအစိုးရမှ လုံးဝပါဝင်ခွင့်မပေးပါ။  KIA စစ်ဗိုလ်ဟောင်းများပါဝင်ပြီး၊ ကချင်ပြည်သူလူထု ထောက်ခံမှုကို အများဆုံးရသောကြောင့် မှတ်ပုံတင်ခွင့်မပေး။ တသီးပုဂလိကအဖြစ်လည်း ရွေးကောက်ပွဲပါဝင်ခွင့်မရပါ။ ဦးလမုန်တူးဂျာ၏ ထုတ်ပြန်ချက်အရာ အင်ဒိုနီးရှားတွင် အသေပျောက်များစွာဖြစ်ရသော Acehnese အာချန်ပြည်နယ် လူမျိုးစုအရေးအခင်းကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးခြင်းဖြင့် ဖြေရှင်းခဲ့ခြင်းကို နမူနာ၊ အကြိမ်ကြိမ် တင်ပြ၊ စာတန်းထုတ်ပြန်ခဲ့သော်လည်း၊ မြန်မာအစိုးရက မသိကျိုးနွန်လုပ်ထားသည်။ အချိန်မကျသေး၍ ဟု ဆိုနိုင်မည်လော။ အင်ဒိုနီးရှား ဒီမိုကရေစီစနစ်ကို အတုယူနေသည့်မြန်မာအစိုးရသည်၊ အင်ဒိုနီးရှားမှာ ပြည်တွင်းစစ်ကို ရပ်စဲစေခဲ့သည့် Acehnese ကိုယ်ပိုင်အုပ်ချုပ်နည်းလမ်းကို မြန်မာပြည်တွင်အသုံးချရန် ဘာများခက်ခဲနေပါသနည်း။ 


အိန္နိယနိုင်ငံ

ကိုယ်ပိုင်အုပ်ချုပ်ရေးပေးသည့် ပြည်နယ်အရေတွက်မှာ များပြားလှသည်။  Bodoland (2003) · Chakma (1972) · Dima Hasao (1970) · Garo Hills (1952) · Gorkha Hills (1988) · Jaintia Hills (1972) · Karbi Anglong (1970) · Kargil (1995) · Khasi Hills (1952) · Lai (1972) · Leh (1995) · Mara ၷ(1972) · Tripura Tribal Areas (1982) and de facto autonomous area – North Sentinel Island (1947)

မြန်မာနိုင်ငံတွင် ၂၀၁၁ အစိုးရသစ်ပြောင်းပြီးနောက်၊ အစိုးရနှင့်အဆင်ပြေသော ပြည်နယ်မဟုတ်သည့်၊ လူမျိုးနွယ်စုများကို အကြောင်းအမျိုးမျိုးဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးထားသည်။ အန္နိယပုံစံ လူမျိုးစုငယ်လေးများဖြစ်သော ဓန၊ ကိုးကန့်ရျမ်း၊ နာဂ၊ ပလောင်၊ ပအို့ နှင့် ၀ လူမျိုးစုများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်းဖြစ်သည်။ ပြည်နယ်များမှ လူမျိုးစုလက်နက်ကိုင်အဖွဲ့များမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မြန်မာနယ်စပ်ပြည်နယ်များဖြစ်သော အိန္နိယမှ နာဂ၊အာသံ၊မီဇို၊ မဏိပူရ စသည့်ပြည်နယ်များကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေကြခြင်းဖြစ်သည်။ လူမျိုးစုကြီးများဖြစ်သော ကရင်၊ ရှမ်း၊ ရခိုင်၊ ကချင်၊ မွန်၊ ကယားပြည်နယ်များတွင် လက်နက်ကိုင် လူမျိုးစုအဖွဲ့များ အင်အားခိုင်မာစွာရှိနေကြသည်။ သူတို့သည် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုနေကြသည်။ အစိုးရသစ်မှာ Myanmar Peace Council တည်ထောင်ပြီး၊ ပြည်နယ်လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်း၊ စီးပွားရေးလုပ်ပိုင်ခွင့်များ ခွဲဝေပေးခြင်း လုပ်ဆောင်နေသည်။ အုပ်ချုပ်ရေးအာဏာကို ဗဟိုမှသာ ချုပ်ကိုင်ထားဆဲဖြစ်သည်။

တရုပ်ပြည်ကို နမူနာထားပြီး ရေးရခြင်းမှာ တရုပ်အစိုးရသည် လူနည်းစုများကို အထူးသဖြင့်၊ စီးပွားရေးတွင် ကျေနပ်မျှတမှုရှိအောင် လုပ်ဆောင်ပေးနိုင်သည်ကို တွေ့ရပါသည်။ စီးပွားရေးတွင် လူများစု၊ လူနည်းစု ခွဲခြားမှုမရှိခြင်းသည် ယုံကြည်မှုတည်ဆောက်ခြင်းဖြစ်သည်။


မြန်မာနိုင်ငံမှကိုယ်ပိုင်အုပ်ချုပ်ရေး

လူမျိုးများ၏ အစိုးရသစ်သည် တရုပ်ဟန်လူမျိုးများကဲ့သို့ဖြစ်စေ၊ အင်ဒိုနီးရှား၊ ဂျဗားလူမျိုးစုများကဲ့သို့ဖြစ် မြန်မာပြည်နယ်များကို မည်ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမည်နည်းဆိုသည်မှာ စောင့်ကြည့်ရမည်။  နိုင်ငံရေးတွေ့ဆုံမှုများကို၊ ယုံကြည်မှုဖြင့် (ပွင့်လင်းစွာ) ရိုးသားစွာလုပ်ဆောင်ရပေမည်။
ကရင်ပြည်နယ်တွင် အမေရိကန်၊ထိုင်းနိုင်ငံများက ကြားဝင်ပေးသောကြောင့် အခက်ခဲမရှိပဲ အပစ်ခတ်ရပ်စဲခဲ့သော်လည်း၊ ကချင်ပြည်နယ်တွင် အလွန်ခက်ခဲလုပ်ဆောင်ရသည်။ တရုပ်ပြည် ရေအားလျှပ်စစ် မြစ်ဆုံဆည်ရပ်တံ့သွားခြင်းလည်း အကြောင်းချက်များစွာတွင် တစ်ခုပါမည်။ တရုပ်ပြည်နှင့်အမေရိကန် အင်အားပြိုင်မှုတွင် ကချင်ပြည်နယ်သားများ ကြားညှပ်ခံရသည်ဟု ဆိုကြသည်။ ယခုအခါ ကချင် KIA နယ်မြေများတွင် နေရာယူထားသော မြန်မာစစ်တပ်သည် နောက်ဆုတ်မသွားသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများကို စတင်နေပြီး၊ တိုက်ပွဲကြီးများ ရပ်ဆိုင်းနေခြင်းသည် ကောင်းသောအလားလာဖြစ်သည်။ အင်အားကြီးသော မြန်မာစစ်တပ်မှ စတင်အလျှော့ပေးခြင်းမှာ မှန်ကန်ပါသည်။
 ကချင်ပြည်နယ်တွင် အလွန်ခက်ခဲစွာ ငြိမ်းချမ်းရေးလုပ်ဆောင်နေရခြင်းမှာ သယံဇာတကြိမ်စာဖြစ်ကြောင်း အားလုံးသိပါသည်။ စီးပွားရေးပွင့်လင်းမြင်သာသော ၂၁ရာစုတွင် အိန္နိယနှင့်တရုပ်ပြည်တို့သည် တဟုန်ထိုး စီးပွားတိုးတက်နေချိန်ဖြစ်သည်။ ထိုနှစ်နိုင်ငံကြားတွင် ရောက်နေသော ကချင်ပြည်နယ်သည်၊ ကုန်စည်ကူးသန်းခြင်းအတွက် အဓိကကျလာသလို၊ ကချင်ပြည်နယ်မှာ ကြွယ်ဝလှသော ကျောက်စိမ်း၊ ကျွန်းသစ်၊ ရွှေ၊ ရေအားလျှပ်စစ် ..စသည်တို့သည်၊ မက်မောစရာချည်းဖြစ်နေသည်။ အထူးသဖြင့် တပိန်ရေအားလျှပ်စစ်လုပ်ငန်းမှာ ကချင်လက်နက်ကိုင် KIA တပ်များကို တပြားမှမပေးဘူး၊ အင်အားသုံး မောင်းထုတ်သောအခါ နာကျည်းမှုများဖြင့် စတင်ခဲ့သော ကချင်-မြန်မာ တိုက်ပွဲများဖြစ်သည်။ နာကျည်းမှုဖြင့် ဓါတ်ငွေ့များ၊ စစ်လေယဉ်များဖြင့် အပြင်းထန်တိုက်ခိုက်သောအခါ ကချင်လူမျိုးများက လူမျိုးတုံးတိုက်ပွဲလားဟု မျက်ရည်ကျရသည်။ ကျားကုတ်ကျားကန်၊ အသေခံပြီး ခုခံတိုက်ပွဲဆင်ကြသည်။ ကချင်မြို့ရွာကြီးပေါင်း ရာနှင့်ချီ ပျက်စီး၊ မီးလောင်၊ ပြာကျခဲ့ရသည်။ ဘာမဟုတ်သည့် သယံဇာတကို တရုပ်ပြည်သို့ ရောင်းစားနေကြသည်။ သယံဇာတကျိန်စာ။

မြန်မာအစိုးရနှင့်ကချင်ခေါင်းဆောင်များ လူကြီးချင်းအဆင်မပြေမှုမှ၊ ကချင်မျိုးနွယ်စုများ တစ်သိန်းကျော် စစ်ပြေးဒုက္ခသည်ဖြစ်ရသည်။ မြန်မာစစ်တပ်မှ စစ်သား၊စစ်ဗိုလ် လူငယ်များစွာ ကျဆုံးခဲ့ရသည်။ လူမျိုးရေးအပြင် ကချင်အများစုသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်သောကြောင့် ဘာသာရေးလျှို့ဆော်မှုများ ဖြစ်ပေါ်လာရသည်။ ထိုင်းနိုင်ငံ မူဆလင်ခွဲထွက်စစ်ပွဲကဲ့သို သေဆုံး၊ဒဏ်ရာရသူများ စာရင်းလုပ်ခွင့်မဖြစ်နိုင်သော်လည်း လူဦးရေ ထောင်၊သောင်းမက သေကြေ၊ပျက်စီးခဲ့သည်မှာ ငြင်းမရနိုင်ပါ။

ကိုယ်ပိုင်အုပ်ချုပ်ရေးနည်းလမ်းသည်သာ တစ်ခုတည်းသောနည်းဖြစ်ကြောင်း မြန်မာအစိုးရသစ် သိမည်ဖြစ်သည်။ လူမျိုးကြီးဝါဒ၊ စစ်ဝါဒီအစွဲကို ချွတ်နိုင်ဖို့၊ လူလူခြင်းလေးစားမှု အထူးလိုအပ်နေပါသည်။ ယခုအခါ လူမျိုးစုလက်နက်ကိုင်များက လက်နက်မစွန့်ပဲ၊ စီးပွားရေးလုပ်ခွင့်များကို ရရှိထားကြပါသည်။ စီးပွားရေးအကျိုးအမြတ်ကို ခွဲဝေယူရတွင် နှစ်ဦးနှစ်ဘက် ကျေနပ်မျှတမှုရှိအောင်လုပ်ရမည်။ ထိုမှ တစ်ဦးနှင့်တစ်ဦး၊ လေးစားမှု၊ ယုံကြည်မှု ခိုင်မာလာပြီး ညီအစ်ကို တိုင်းရင်းသားအားလုံး လူမျိုး၊ ဘာသာ မခွဲခြားသည့်၊ သာယာဝပြောသော ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်သို့ ချီတက်နိုင်မည်ဖြစ်သတည်း။

အင်ဂွန်ဂျာဝါ

Reference
http://en.wikipedia.org/wiki/List_of_autonomous_areas_by_country

လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးများ (ထိုင်းနိုင်ငံ)

မြန်မာအစိုးရသစ်ကတော့ တိုင်းရင်းသား များစွာ၊ ဘယ်လိုလုပ်ပြီး ဘယ်လိုဖြေရှင်းမလဲ၊ မလွယ်ဘူးလို့၊ စစ်အစိုးရလက်ထက်က ခဏခဏ ပြောခဲ့သည်။ ထိုင်း၊အင်ဒိုနီးရှားမှာလည် လူမျိုးစုရာနှင့်ချီရှိပါသည်။ အများဆုံးနိုင်ငံများမှာ တရုပ်၊အိန္နိယ၊အမေရိကန်၊သြစတြေလျား..စသည်တို့ဖြစ်သည်။ အခုအစိုးရခေါင်းဆောင်သစ်များမှာ လူမျိုးစုများသည်..  သိပ်မပြောကြတော့ပါ။ ပြသနာဆိုတာ အင်အားကြီးသူက စိတ်ဆန္ဒစေတနာနှင့် ဖြေရှင်းနိုင်မှန်း အစိုးရသစ်က သိပြီးဖြစ်သည်။ အင်အားသုံးခြေမှုန်းလိုသော တိရိစ္ဆာန်စိတ်သာသာ စိတ်များကြောင့် ကမ္ဘာ့စစ်ပွဲများဖြစ်ရသည်။ Attitude ဆိုသော လူ့စိတ်သဘောကို ပြုပြင်ရန်၊ မည်သည့်နည်းလမ်း သုံးမည်နည်း ဆိုသည်မှာ မေးခွန်းကောင်းဖြစ်သည်။ ယခု မြန်မာနှင့်အနီးစပ်ဆုံး ထိုင်းနိုင်ငံမှ လူမျိုးစုလက်နက်ကိုင် အရေးအခင်း၊ ပထမဆုံး ရေးသား၊သုံးသပ်လိုပါသည်။

ထိုင်းနိုင်ငံ
တောင်ပိုင်း၊ မလေးရှားနယ်စပ်တွင် မူဆလင်ဘာသာဝင်၊ Pattani လူမျိုးစုများ ခွဲထွက်ရေးအတွက် လက်နက်ကိုင်တော်လှန်ကြသည်။ ၂၀၀၄တွင် ကျယ်ပြန့်စွာဖြစ်လာသဖြင့် ၂၀၀၅တွင် ထိုင်းစစ်တပ်တစ်ခုကို အာဏာကုန်လွှဲအပ်နှိမ်နင်းစေခဲ့သည်။ ယခုအချိန် ၂၀၁၃အထိ တိုက်ခိုက်နေဆဲဖြစ်ပြီး၊ ထိုင်းစစ်တပ်၊ရဲများ ၅၀၀ကျော် သေဆုံးခဲ့ပြီဖြစ်သည်။ လူမျိုးစုတပ်ဖွဲ့များမှ ၂၁၅ဦးသေ၊ ၃၅ ဒဏ်ရာရ၊ ၅၃၀၆ဦး ဖမ်းဆီး၊ အကျဉ်းချခံရသည်။ ၂၁ဦး သေဒဏ်ပေးခံရပြီး၊ ၂၁ဦး တသက်တကျွန်းဒဏ် ပေးခဲ့သည်။ အရပ်သား ၅၄၀၀ကျော်  ၈နှစ်ပြည်တွင်းစစ်အတွင်း သေဆုံးခဲ့ပြီဖြစ်သည်။ ခွဲထွက်ရေးအဖွဲ့ ၈ဖွဲ့နှင့် စစ်အုပ်ချုပ်ရေးအစိုးရတို့ တိုက်ခိုက်နေဆဲဖြစ်သည်။ 



အထက်ပါ မြေပုံကိုကြည့်ပါက မူဆလင်သူပုန်များသည် နယ်စပ်ဒေသရှိသည်။ ထိုင်းစစ်တပ် စွတ်စွဲသလို ပြည်ပအဖွဲ့အစည်းများမှ ထောက်ပံမှုကို ရရှိဖို့ လွယ်ပါသည်။ အထူးသဖြင့် မူဆလင်၊တိုင်းရင်းသားများက ပညာတတ်၊နည်းပါးပြီး၊ ထိုင်းနိုင်ငံ ပြည်နယ်များတွင် စီးပွားရေးအနိုမ့်ဆုံး ဖြစ်နေသ
ည်။ ထိုင်းစစ်တပ်က ဘာသာရေး၊လူမျိုးရေးဖြင့် ပညာနည်းပါးသူများကို လျှို့ဆော်ပေးခြင်းဖြင့် ဒေသခံများကို အစိုးရဆန့်ကျင်ရေးလုပ်ဆောင်နေသည်..ဟု စွတ်စွဲသည်။ 

အကြမ်းဖက်ချေမှုန်းနည်းသည် အတိုင်းအတာတစ်ခုပဲ ရှိပါသည်။ စာနာထောက်ထားသော နည်းလမ်းသည်သာ ထာဝရအောင်မြင်သည်။ တခါတရံ စာနာထောက်ထားတတ်သူ အစိုးရအဖွဲ့မှ၊ တစ်ဦး၊တစ်ယောက် ခံစားမှုကို ဦးစားပေးလာပါက အကြမ်းဖက်၊ အင်အားသုံးချေမှုန်းမှု ဖြစ်ပေါ်လေ့ရှိသည်။ ထိုအခါ မပြီးနိုင်သော တိုက်ပွဲများ ဖြစ်ပေါ်လာသည်။ ယခုထိုင်းအစိုးရသစ်က စာနာထောက်ထားမှုနည်းလမ်းကို ပြန်လည်သုံးစွဲနေသည်။ စစ်တပ်လက်ထဲ ၀ကွက်အပ်လိုက်သော ၂၀၀၅ မှစပြီး ဒေသခံများသာ ဖွတ်ကျေ၊ သေဆုံး၊ ဒုက္ခရောက်ရပါသည်။ ထိုင်းအစိုးရလည်း ဒေါသဖြင့် အင်အားသုံးအနိုင်ကျင့်သောအခါ၊ ဒေသခံများ၏ မရှိမာနက အသေခံ၊တိုက်ပွဲဝင်စိတ်ဓါတ်များ (အကြမ်းဖက်ဝါဒ) ဖြစ်လာတော့သည်။ ပြည်ပ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားများ အကြိုက်ဖြစ်သွားသည်။ မြန်မာပြည်ကဲ့သို့ အကျဉ်းသားများအားလုံး ပြန်လည်လွှတ်ပေးခြင်းမှ စသင့်သည် ဟု ရိုးသားစွာမြင်သည်။ မြန်မာပြည်တွင်လည်း ခရစ်ယန်လူများစု ကချင်ပြည်နယ်အရေးအခင်း ရှိနေသည်။ အကြောင်းရင်း၊ ယဉ်ကျေးမှု၊နယ်မြေ မတူသော်လည်း တူညီသည့်အချက်မှာ လူကိုလူလို တန်ဖိုးထား၊ဆက်ဆံမှုခံလိုခြင်းဖြစ်သည်။ တနည်းအားဖြင့်၊ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ဝတ္တုဖြစ်သော သယံဇာတ မျှဝေခံစားမှုလည်း လိုချင်ကြပါသည်။
Ngunjawa2

လက်ရှိမြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှုနှင့် ဒုတမ္မတဒေါက်တာစိုင်းမောက်ခမ်း

အဂတိလိုက်စားမှု အမွေဆိုး

AddThis Social Bookmark Button
6.18.16
၂၀၁၂ ခုနှစ်အတွင်း Transparency International အဖွဲ့အစည်းမှ ထုတ်ပြန်ထားသည့် Transparency International အဆင့်သတ်မှတ်ချက်
 (စက်ဝိုင်းပြထားသည့် နိုင်ငံများမှာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးအဆင့်တွင် ပါရှိသည့် နိုင်ငံများဖြစ်သည်)
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) မှာ မကြာမီက ကျင်းပခဲ့တဲ့ ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ လက်ရှိမြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပွင့်ပွင့်လင်းလင်း ပြောကြားသွားတာ တွေ့ရပါတယ်။
ဒုတိယသမ္မတပြောတဲ့ အဂတိလိုက်စားမှု
အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို နိုင်ငံတစ်နိုင်ငံချင်း အလိုက် လေ့လာပြီး အညွှန်းကိန်းအဖြစ် ပြန်လည်တွက်ချက် တင်ပြနေတဲ့ အဖွဲ့အစည်းကြီးဖြစ်တဲ့ Transparency International အဖွဲ့ကြီးက မြန်မာနိုင်ငံရဲ့ “Corruption Perceptions Index” အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၇၆ နိုင်ငံထဲက အဆင့် ၁၇၀ ကျော်မှာ သတ်မှတ် ခံထားရတာကြောင့် နိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေဟာ ဆိုးရွားနေတယ်လို့ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှု ပြဿနာကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေးအပြင် ပြည်သူလူထု တစ်ရပ်လုံးကပါ ပါဝင်ဆောင်ရွက်ဖို့ လိုတယ်လို့ ဒုတိယသမ္မတက သတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒုတိယသမ္မတ ပြောကြားခဲ့သလိုပဲ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု ပြဿနာဟာ နှစ်ပေါင်းများစွာ အောက်ခြေအဆင့်ကစပြီး အပေါ်အဆင့်အထိ အုပ်ချုပ်ရေး ကဏ္ဍမှာ လှိုက်စားနေခဲ့တာ ကြာပါပြီ။ အရင်အစိုးရ တုန်းကတော့ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောလေ့မရှိဘဲ ပြောတဲ့သူတွေကိုတောင် ငြိုငြင်မှု၊ သွယ်ဝိုက် အရေးယူမှုတွေ ဌာနဆိုင်ရာ တချို့မှာ ရှိခဲ့ပါတယ်။ ဒီဘက်ခတ်မှာတော့ ပြောတဲ့သူတွေကလည်း ပွင့်ပွင့်လင်းလင်း ပြောလာသလို အဂတိ လိုက်စားမှုကိုကာ ကွယ်တိုက်ဖျက်တဲ့ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့ လိုအပ်လာပါပြီ။
လက်ရှိ အဂတိလိုက်စားမှု တားဆီးရေး ဥပဒေများ
လက်ရှိမြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဥပဒေတွေ အနေနဲ့ ၁၈၆၁ ခုနှစ် ရာဇ၀တ်မှု ဥပဒေ၊ ၁၉၄၈ ခုနှစ် အဂတိ လိုက်စားမှု တားဆီးရေး ဥပဒေနဲ့ အထူး ဥပဒေပေါင်း ၁၅ ခု ရှိပါတယ်လို့ သိရပြီး ဒီဥပဒေတွေ စိုးမိုးရေးအတွက် အထူးစုံစမ်း စစ်ဆေးရေးဌာန၊ (Bureau of Special Investi- gation) BSI ကို ဖွဲ့စည်းတာဝန် ပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၀၅ ခုနှစ်မှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ သဘောတူညီချက် တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မတီကိုလည်း ယခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှု တားဆီးရေးနှင့် ပတ်သက်ပြီး ဒီလောက်ဥပဒေတွေ ကော်မတီတွေ ရှိနေတာတောင် ဘာကြောင့် လာဘ်စားမှုတွေ နှစ်ကာလ ကြာမြင့်စွာ ရှိနေခဲ့ရပါသလဲ။
အကြွင်းမဲ့အာဏာ
ဒေါက်တာစိုင်းမောက်ခမ်းကတော့ အတိတ်ကာလက အကြွင်းမဲ့ အာဏာဟာ လူကိုအကြွင်းမဲ့ ပျက်စီးစေတယ် ဆိုတာကို ဦးစီးဦးဆောင်တဲ့ အပိုင်းက သိရှိနားလည်ပုံ အားနည်းခဲ့ကြပြီး လက်ရှိ အစိုးရအနေနဲ့ သမိုင်းရဲ့ အမွေဆိုး အမွေကောင်းတွေကို ဆက်ခံရမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အကြွင်းမဲ့ အာဏာလို့ ဆိုရာမှာ စစ်တပ်က အာဏာကို ချုပ်ကိုင်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစပြီး ပြီးခဲ့တဲ့ ၁၉၈၈ မှာ အာဏာရယူခဲ့တဲ့ စစ်တပ်ဗဟိုပြု အုပ်ချုပ်ရေး ခေတ်တစ်လျှောက်မှာ အဂတိ လိုက်စားမှုတွေဟာ တားမနိုင် ဆီးမနိုင် ဖြစ်ခဲ့ရာမှာ အဲဒါတွေရဲ့ အကျိုးဆက်အဖြစ် သမ္မတ ကိုယ်တိုင်က နိုင်ငံဟာ အဆင်းရဲဆုံး နိုင်ငံတွေမှာ ပါဝင်နေတယ်လို့ ၀န်ခံပြောကြား ခဲ့ရပြီး ဖြစ်ပါတယ်။

အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အာဏာရှင်ခတ် တစ်လျှောက် သုံးခဲ့တဲ့ မူဝါဒနဲ့ နည်းလမ်းတွေကို အလုံးစုံစွန့်ပစ်ပြီး ဒီမိုကရေစီ စံနှုန်းတွေကို အစိုးရအပါအ၀င် နိုင်ငံသား အားလုံးကလိုက်နာကျင့်သုံးခြင်းဖြင့်သာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတွေအဖြစ် ခံယူကြပါစို့ လို့ ဆိုချင်ပါတယ်။ အမှန်တရားကို ဖော်ထုတ်လိုသူတွေ၊ အမှန်တရားကို မြတ်နိုးသူတွေ များလာတာနဲ့အမျှ မမှန်မကန် လုပ်နေသူတွေဟာလည်း တဖြည်းဖြည်း နောက်ဆုတ်သွားမှာဖြစ်

အဂတိ လိုက်စားမှုတွေဟာ ဘာကြောင့် နှစ်ရှည်လများ တည်ရှိနေခဲ့ ရပါသလဲ။ အဂတိလိုက်စားမှုတွေ ရှိနေတာကို သိရက်နဲ့ ဘာကြောင့် အရေးတယူ ပြင်းပြင်းထန်ထန် အရေးမယူခဲ့သလဲ ဆိုတာကတော့ အာဏာကို ချုပ်ကိုင်ခဲ့တဲ့ အုပ်ချုပ်သူ အစဉ်အဆက်က အာဏာခိုင်မာရေး အဓိက၀ါဒတွေ ကျင့်သုံးခဲ့တာက အရေးပါတဲ့ အကြောင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။ အာဏာရှင်ခေတ် တစ်လျှောက် နေရာတကာမှာ အကြောက်တရားတွေကို လွှမ်းမိုးထားအောင်လုပ်ပြီး သတင်းအချက်တွေကို ဖုံးကွယ်ထားတာတွေ နီးစပ်ရာ စားတော်ခေါ်ခဲ့ တာတွေက အဂတိ လိုက်စားမှုတွေကို ပြုလုပ်ဖို့ တွန်းအားပေးသလို ဖြစ်စေခဲ့ပါတယ်။ အခွင့်ထူးခံ လိုတာရနေကျ အခွင့်အရေးတွေ မရတော့မှာ ရာထူးမတိုးမှာ စာမေးပွဲကျမှာ လူတမ်းစေ့ မနေနိုင်မှာ ထမင်းမ၀မှာဆိုတဲ့ အကြောက် တရားတွေအပြင် သတင်းအချက်တွေကို ၀ါဒဖြန့်တဲ့ ယန္တရားတွေသုံးပြီး ကန့်သတ်ထားခဲ့ တာတွေဟာ အဂတိ လိုက်စားမှုတွေကို ပြုလုပ်စေဖို့ အဘက်ဘက်က ဖိအားတွေ ဖြစ်စေခဲ့ပါတယ်။
အာဏာရှင်စနစ်နဲ့ သတင်းအမှောင်ချမှု
အာဏာရှင်စနစ်မှာ တန်းတူညီမျှမှု မရှိတာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့် တွေကိုလည်း အကြောင်း အမျိုးမျိုးပြပြီး ပိတ်ပင်ထားဆီး ခဲ့တာဟာလည်း အဂတိ လိုက်စားမှု ပြဿနာတွေကို ဖွဲမီးလို တငွေ့ငွေ့ လောင်စေခဲ့ပါတယ်။ သတင်းအမှန် တစ်ခုကို ပိတ်ဆို့ခြင်းက သတင်းအမှား တစ်ထောင်ကို ဖန်တီးသလို ဖြစ်စေပါတယ်။ ဥပမာအားဖြင့် ယခင်အစိုးရ လက်ထက်မှာ စီးပွားရေး လုပ်ငန်းတွေနဲ့ ဆိုင်တဲ့ အခွင့်အလမ်း ဆိုင်ရာ သတင်းအချက်အလက်တွေကို အစိုးရနဲ့ နီးစပ်သူတွေကသာ ဦးစွာသိရှိပြီးပြင်ပ စီးပွားရေး လောကမှာတော့ သတင်းအချက် အလက်နဲ့ အခွင့်အလမ်းတွေ ရဖို့အတွက် အာဏာပိုင်တွေကို အမျိုးမျိုး လာဘ်ထိုးကာ အဂတိ လိုက်စားမှုတွေကို တိုးပွားစေခဲ့တာ ဖြစ်ပါတယ်။
အကြောက်တရားတွေနဲ့ သတင်းအမှန်တွေ မရရှိသူတွေ အနေနဲ့ လာဘ်ပေးခြင်းနဲ့ အခက်အခဲတွေ ဖြေရှင်းတဲ့ အလေ့အထက လူတွေရဲ့ စိတ်ထဲမှာ စွဲစေပါတယ်။ ငွေများ တရားနိုင် ဆိုသလို တရားစီရင်ရေး ယန္တရားကို မယုံကြည် နေသေးသရွေ့ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုတွေ လျော့နည်းစေဖို့ အုပ်ချုပ်ရေးပိုင်းက အရေးယူမှုတွေ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်သလို အမှန်တရားကို ဖော်ထုတ်မယ့် မီဒီယာတွေရဲ့ လွတ်လပ်စွာ ရေးသားခွင့် ရှိနေဖို့ကလည်း အရေးပါတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာလည်း မကြာမီက ဆက်သွယ်ရေးနဲ့ဆိုင်တဲ့ ဌာနဆိုင်ရာက အကြီးတန်း အရာရှိတွေကို ရာထူးက နုတ်ထွက်ခွင့် ပြုခဲ့ရာမှာ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီလိုသတင်းတွေနဲ့ ပတ်သက်လို့ တရားဝင် အသေးစိတ် သတင်းထုတ်ပြန်မှု မရှိသေးတာကလည်း အဂတိ လိုက်စားမှုတွေနဲ့ပတ်သက်ပြီး သတင်းတွေ ရေးသားရာမှာ လက်ရှိအချိန်အထိ အခက်အခဲတွေ ရှိနေတာပါ။
ဒီမိုကရေစီ ပီပြင်ဖို့
တကယ်တော့ အာဏာရှင်စနစ်နဲ့ အဂတိ လိုက်စားမှုတွေဟာ ဖွားဖက်တော်လို့ ဆိုနိုင်ပါတယ်။ အာဏာရှင်စနစ် ကျင့်သုံးတဲ့ နိုင်ငံအများစုမှာ အဂတိ လိုက်စားမှုတွေ ဒုနဲ့ဒေး ဖြစ်ပွားလေ့ ရှိကြပါတယ်။ နိုင်ငံတော် အာဏာကို လူတစ်စုက ချုပ်ကိုင်တားလေ့ရှိတဲ့ အာဏာရှင် စနစ်မှာ နိုင်ငံရဲ့ ကိစ္စအ၀၀ကို လူတစ်စု (သို့မဟုတ်) လူတစ်ဦးရဲ့ ဆုံးဖြတ်ချက်နဲ့သာ လုပ်ကိုင်ရလေ့ ရှိတာကြောင့် လူအများစုဟာ အခွင့်အလမ်းတွေ ရရှိဖို့အတွက် သူထက်ငါ မျက်နှာလုပ်ရာက အဂတိ လိုက်စားမှုတွေ ပြုလုပ်မိကြတာ ဖြစ်ပါတယ်။ နိုင်ငံအတွက် အရေးပါတဲ့ အာဏာခွဲဝေရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုနိုင်တဲ့ ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်ကဲ့သို့ လူအများစု ထင်သာမြင်သာရှိတဲ့ ကိစ္စရပ်တွေမှာ အဂတိ လိုက်စားမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာလေ အခြားသူတွေကိုလည်း အဂတိ လိုက်စားမှုတွေ ပြုလုပ်ဖို့ တွန်းအားပေးသလို ဖြစ်စေခဲ့တာပါ။
ဒီအဂတိ လိုက်စားမှုတွေ ရပ်တန့်အောင် ဘယ်လိုလုပ်ကြရမလဲ။ ဒုတိယသမ္မတ ပြောသလို အစိုးရမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ စည်းကြပ်နိုင်မှု၊ အရည်အသွေးများ လိုအပ်ခြင်း၊ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံတော် အစိုးရ ၀န်ထမ်းများရဲ့ လစာမလုံလောက်မှု ဖြေရှင်းရေး၊ အစိုးရနဲ့ ပုဂ္ဂလိကဌာန အသီးသီးမှာ လည်ပတ်နေကြတဲ့ လုပ်ငန်းစနစ်၊ ၀င်ငွေ၊ လစာနဲ့ ဆုကြေးစနစ်များ ခေတ်နဲ့လျော်ညီရေး တွေကို ပြုလုပ်ပေးရေး၊ လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ရည်ကိုယ်သွေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ မီဒီယာ လွတ်လပ်ခွင့်၊ ပြည်သူလူထုရဲ့ ပြောရေးဆိုခွင့်၊ ဥပဒေ၊ နည်းဥပဒေ၊ သတင်းအချက်အလက် ရယူပိုင်ခွင့် စတာတွေဟာ အဂတိ လိုက်စားမှုတွေ ဖြစ်ပေါ်လာမှုကို တိုက်ဖျက်ဖို့ ဆက်နွယ်နေတဲ့ အချက်တွေလို့ ဆိုနိုင်ပေမယ့် အဓိက အရင်းအမြစ်ကတော့ စနစ်ပေါ်မှာပဲမူ တည်မှာပါ။
အာဏာရှင်စနစ်ကြောင့် ဖြစ်ခဲ့ရတဲ့ အဂတိ လိုက်စားမှုတွေကို တန်းတူညီမျမူ၊ လွတ်လပ်မှု၊ တရားမျှတမှုကို အခြေခံတဲ့ ဒီမိုကရေစီ စနစ်ကို ပီပြင်စွာ ကျင့်သုံးခြင်းဖြင့်သာ အဆုံးသတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ နိုင်ငံသားအားလုံး လွတ်လပ်စွာ တန်းတူညီမှု နိုင်ငံသား အခွင့်အရေးတွေ ဖန်တီးပေးနိုင်မှုက အာဏာရှင် စနစ်ရဲ့ အမွေဆိုးဖြစ်တဲ့ အဂတိလိုက်စားမှု ကို တိုက်ဖျက်ဖို့ လက်နက်ကောင်းတစ်ခု ဖြစ်လာမှာပါ။ ဒီမိုကရေစီစနစ် ပီပြင်လာတာနဲ့အမျှ ကဏ္ဍအသီးသီးမှာ ကန့်သတ်ချုပ်ချယ်မှုတွေ လျော့ကျပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တရားဥပဒေကို လေးစားလိုက်နာမှုတွေ ကြီးစိုးလာမှာ ဖြစ်ပါတယ်။
အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ အာဏာရှင် ခေတ်တစ်လျှောက် သုံးခဲ့တဲ့ မူဝါဒနဲ့ နည်းလမ်းတွေကို အလုံးစုံစွန့်ပစ်ပြီး ဒီမိုကရေစီ စံနှုန်းတွေကို အစိုးရ အပါအ၀င် နိုင်ငံသား အားလုံးက လိုက်နာကျင့်သုံး ခြင်းဖြင့်သာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတွေအဖြစ် ခံယူကြပါစို့လို့ ဆိုချင်ပါတယ်။ အမှန်တရားကို ဖော်ထုတ်လိုသူတွေ၊ အမှန်တရားကို မြတ်နိုးသူတွေ များလာတာနဲ့အမျှ မမှန်မကန် လုပ်နေသူတွေဟာလည်း တဖြည်းဖြည်း နောက်ဆုတ်သွားမှာ ဖြစ်ပါတော့တယ်။

The KIO and Kachin communities “are one”

Kachin leaders back UN involvement

By Myanmar Times June 03, ’13

Members of the Kachin community have asked Vijay Nambiar to help increase international involvement in Myanmar’s peace process during a meeting in Myitkyina last week.


Kachin representatives met Mr Nambiar, the special adviser to UN Secretary-General Ban Ki-moon on Myanmar, on May 29, during the rest day in peace talks between the government and the Kachin Independence Organisation (KIO). Mr Nambiar was an observer at the talks, which concluded with the signing of a seven-point agreement on May 30.

At the meeting Myitkyina resident Daw Jar Sai Khum said international help was needed to resolve the conflict in Kachin State.
“I think you can understand very well that this conflict has been running since the country became independent more than 64 years ago,” she said. “Ethnic groups around Myanmar are trying to solve the problems within our communities and regions but we cannot manage all of this ourselves.
“It is clear to me that the international community needs to play a role in solving these conflicts.”
Kachin people urged Mr Nambiar to monitor the conflict until a fair solution was found. They also asked him to raise the issue of Myanmar’s ethnic conflicts in the UN Security Council and encourage other members of the international community to take part in the peace process.
Representatives also told Mr Nambiar that the KIO and Kachin communities “are one”.
‘’We want the UN to help as much as it can,” said 81-year-old Daw Innfan Jar Yar. “The government and KIO have held peace talks many times but so far there has not been any positive outcome.
“We suffer the terrible impacts of the conflict,” she said, adding that a political solution was needed. “We want to get [a] federal [system] at once. We don’t want to wait any more to get it.”
The Kachin National Consultative Assembly (KNCA) published a statement before Mr Nambiar’s visit and this was presented to him at the meeting. The statement included nine points on the conflict and alleged that the government “consistently ignores the ethnic rights that ethnic nationalities have been demanding, or intentionally stalls and gives excuses”.
The statement said that past meetings have not been successful in part because international monitoring groups have not been involved and called for these groups to be involved in future talks.
Mr Nambiar said at the meeting that the UN is supporting and facilitating peace talks and that those talks were being watched closely around the world.
“Every one of you has an aspiration, an expectation … and an experience. But any political solution that comes will not satisfy everybody in all respects,” Mr Nambiar said.
“I have no doubt that the UN and KIO, as well as the Kachin people and Myanmar people, will see the peace process move forward,” he said.

သုံးရက်ကြာပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဆွေးနွေးပွဲအပြီး

31.05.2013  VOA
သုံးရက်ကြာပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဆွေးနွေးပွဲအပြီး တစ်ရက်အကြာ ဒီကနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ လုပ်ငန်းကော်မတီက ၀န်ကြီးဦးအောင်မင်းက ကချင်လွတ်မြောက်ရေးအဖွဲ့
ကေအိုင်အို ကို တစ်ပတ်အတွင်းမှာ မတရားအသင်း ကြေညာထားတာကနေ ပယ်ဖျက်ပေးမယ်လို့ ပြောလာခဲ့တာပါ။ ၀န်ကြီးဦးအောင်မင်းက သူပြောတဲ့အတိုင်း တကယ်ပဲ ကေအိုင်အို ကို မတရားအသင်းကနေ ပယ်ဖျက်ပေးလိုက်ရင် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေချိန်မှာ အများကြီး အားသာမှုတွေ ဖြစ်စေနိုင်တယ်လို့ ကေအိုင်အို ဥက္ကဋ္ဌဟောင်း တစ်ဦးက ပြောပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်ထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

မြစ်ကြီးနားက မနောကွင်းထဲမှာ သုံးရက်ကြာပြုလုပ်ခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ကေအိုင်အို တို့ တွေ့ဆုံအပြီး ၁ ရက်ကြာ ဒီကနေ့ မနက်အစောပိုင်းမှာပဲ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက မြစ်ကြီးနား ဒုက္ခသည်စခန်းတစ်ခုကို ရောက်ရှိချိန်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ကို အာဏာပိုင်တွေဘက်က မတရားအသင်း သတ်မှတ်ထားတာကို တစ်ပတ်အတွင်း ပယ်ဖျက်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း သူနဲ့အတူ ဒုက္ခသည်စခန်းတွေကို သွားရောက်စဉ်မှာလိုက်ပါခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။

ကေအိုင်အို၊ ကေအိုင်အေကို မတရားအသင်းက ပယ်ဖျက်ပေးဖို့ လွှတ်တော်ထဲမှာရှိတဲ့ ကချင်ဘက်ကလွှတ်တော် ကိုယ်စားလှယ်တွေ က တောင်းဆိုပေးမှုတွေကို မကြခဏဆိုသလို တင်ပြခဲ့သလို၊ အခုအခါမှာ ၀န်ကြီး ဦးအောင်မင်းက မတရားအသင်းအမှုနဲ့ ဖမ်းဆီးထားတဲ့သူတွေကိုလည်း တစ်ပတ်အတွင်း ပြန်လွှတ်ပေးဖို့ကိုလည်း ပြောခဲ့တယ်လို့ သူမကပြောပါတယ်။

“ဖြစ်စေတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့၊ မတရားတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဘာမှ ၀င်စွက်စရာ အကြောင်းမရှိဘူးပေါ့နော်။ ဒါပေမဲ့ အမိန့်ချပြီးတဲ့အခါမှာတော့၊ မတရားအသင်း ပယ်ဖျက်ပြီးတဲ့အခါမှာတော့ သူတို့အထဲမှာရှိတဲ့သူတွေကို တစ်ပတ်အတွင်း၊ ဒုက္ခသည်စခန်းကလည်း တစ်ယောက် ပါတာကိုး။ ပြန်ပို့ပေးမယ်လို့ ၀န်ကြီးက ပြောပါတယ်။ အဲဒီတော့ မတရားအသင်းတွေ ကြေညာထားတာကို ပယ်ဖျက်ကြောင်း ကြေညာပြီးတာနဲ့ ဒီစခန်းကို ပြန်ရောက်စေရမယ် ဆိုပြီးတော့ ပြောပါတယ်။ တစ်ပတ်အတွင်းလို့ ပြောပါတယ်။”

အခုလို ကေအိုင်အို ကေအိုင်အေ ကိုသာ မတရားအသင်းကနေ တကယ်ပယ်ဖျက်ပေး လိုက်ရင် အစိုးရနဲ့ ကေအိုင်အို အကြား နာလည်မှုတည်ဆောက်တဲ့ နေရာမှာ ပိုပြီးယုံကြည်မှုတွေ မြင့်တက် လာနိုင်တယ်လို့လည်း ကေအိုင်အေ ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ က ပြောပါတယ်။

“ဒီလိုပြောတာ အင်မတန်ကောင်းပါတယ်။ အခုဟာ ကျနော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဦးတည်နေတဲ့အချိန်အခါ ဖြစ်တဲ့အတွက်ကြောင့် ယုံကြည်မှုတည်ဆောက်ရေးက အရေးကြီးနေတယ်။ မယုံကြည်မှုတွေ ပပျောက်ပြီးတော့မှ အချင်းချင်းယုံကြည်မှုရှိရှိနဲ့ စားပွဲဝိုင်းကို အတူတူ ချီတက်သွားပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ရှိတာကိုး။ ဒါကြောင့်မိုလို့ ဒီလိုပြောဆိုတဲ့ဥစ္စာက ကျနော်ကတော့ အတိုင်းထက်အလွန် ၀မ်းသာတာပေါ့။ ကချင်တွေက တနည်းနဲ့မဟုတ်တနည်းတော့ အမျိုးတွေဖြစ်နေကြတာကိုး။ အမျိုးတွေဖြစ်နေကြတော့ မြို့ပေါ်ကလူတွေနဲ့ တောကလူတွေ၊ အဖွဲ့အစည်းကလူတွေ ဆိုတာကလည်း နိုင်ငံရေးမပါပေါ့။ တော်လှန်ရေးသဘော အသွင်မဆောင်ဘဲနဲ့ လူမှုရေးအရ ဆက်သွယ်နေတာလည်း ရှိတာပဲ။ အဲဒါကို တခါတည်း ဟိုဘက်ကနေ အပြစ်ရှိတယ်ဆိုပြီးတော့ ဖမ်းဆီးထားတဲ့ သူတွေလည်း ဒုက္ခသည်စခန်းမှာလည်း ရှိတယ်လို့ သိရတယ်။ ဒါကြောင့်မိုလို့ ၀န်ကြီးက အဲဒီလို သဘောထားကြီးကြီး ပြောဆိုတယ်ဆိုတာကတော့ ဒါ အင်မတန်ကောင်းပါတယ်။ ဒါမှလည်း ဒုက္ခသည်စခန်းကလူတွေ လည်း နေရထိုင်ရတာ သူတို့ချောင်လည်မယ်လေ။ ပိုပြီး စိတ်ပျော်ကြမှာပေါ့။ မဟုတ်ရင် သံသယစိတ်တွေနဲ့ လွှမ်းမိုးထားလို့ရှိရင် သူတို့ နေရထိုင်ရတာ ပိုပြီးတော့ ကျပ်တည်းတယ်ဗျ။”

အာဏာပိုင်တွေဘက်က မတရားအသင်းလို့ သတ်မှတ်ထားတဲ့ ကေအိုင်အို ကို
မတရားအသင်းက ပယ်ဖျက်လိုက်ရင် ကေအိုင်အေနဲ့ဆက်နွယ်မှု အပါအ၀င် မတရားအသင်းနဲ့ဆက်နွယ်မှုနဲ့ ထောင်ကျနေသူ အားလုံး ပြန်လွတ်လာနိုင် တယ်လို့ လည်း ကချင်အရေးလေ့လာသူတွေက သုံးသပ်နေကြတာပါ။

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို အရင်စစ်အစိုးရလက်ထက်က
မတရားအသင်း၊ တရားမ၀င်အသင်းလို့ သတ်မှတ်ပြီးတော့ သူတို့နဲ့ပတ်သက်ပြီး
နိုင်ငံရေးလုပ်တဲ့သူတွေကို ၁၇/၁ လို့ခေါ်တဲ့ မတရားအသင်းနဲ့ဆက်နွယ်မှု၊
၁၃/၁ လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးရဲ့ နယ်စပ်ဖြတ်ကျော်မှု ဆိုတဲ့ အမှုတွေနဲ့ တရားဆွဲဆို ထောင်ချလေ့ရှိတယ်လို့လည်း နိုင်ငံရေး အမှုတွေကိုလိုက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ ၂၀၀၆ ခုနှစ်မှာ အမျိုးသားညီလာခံ တက်ရောက်ပြီး ၁၇ နှစ်ကြာ တဘက်နဲ့တဘက်အကြား အပစ်အခတ်တွေမရှိဘဲ နေထိုင် လာခဲ့ရာကနေ ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှာ ကေအိုင်အေ ကို အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကြိုးစားရာကနေ နှစ်ဘက် တင်းမာမှုတွေ ရှိခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့သလို အစိုးရက လည်း ကေအိုင်အို ကေအိုင်အေ ကို မတရားအသင်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနား ဒေသခံတွေကလည်း စိတ်အားထက်သန်စွာနဲ့
ကြိုဆိုတာတွေ့ရသလိုပဲ၊ စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေတွေထဲက ဒုက္ခသည်တွေရော၊ ကချင်ဘက်က ထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်းတွေ ဘက်က ဒုက္ခသည်တွေရောကပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားခဲ့တာဖြစ်ပါတယ်။

Myanmar resumes peace talks with Kachin rebels (AP News)

Today Online (Singapore) News Paper 28May
MYITKYINA (Myanmar) — Myanmar’s government launched a new round of peace talks with ethnic Kachin rebels today (May 29), seeking to end a major armed conflict that has recently been overshadowed by strife between Buddhists and Muslims in other parts of the country.
The top government negotiator said the talks, if successful, could lead to a comprehensive cease-fire agreement with all ethnic rebel groups in a month or two.
The talks with the Kachin Independence Organization, scheduled to last three days, are the first to be held in the Kachin state capital of Myitkyina.
Fighting erupted in Kachin in June 2011, ending a cease-fire that had been in place since 1994 and displacing more than 100,000 people.
Since independence in 1948, Myanmar has faced rebellions from a number of minority groups seeking autonomy. While sporadic fighting continues with several, the Kachin are the only major group that has not reached a cease-fire agreement with the elected government of President Thein Sein, who came to power in 2011 after almost five decades of military rule.
“If we can have an agreement with the KIO, the president has the desire to hold a formal cease-fire signing agreement with all ethnic groups” by June or July, said President’s Office Minister Aung Min, a veteran negotiator with ethnic rebel groups who is leading the government side at the talks.
The current fighting began when Kachin guerrillas refused to abandon a strategic base near a hydropower plant that the government is developing in a joint venture with a Chinese company. To help maintain peace with the minority groups, the government allows them to maintain their own militias, although in recent years the groups have been pressured to put them under government control.
The two sides had 14 earlier meetings in Ruili in China and Chiang Mai in Thailand, but failed to agree on a cease-fire. The government has made a cease-fire its priority, but the Kachin rebels want any agreement to include a political framework that could lead to long-term peace.
The Kachin team at the peace talks is being led by the deputy chief of its military wing, General Gum Maw. Observers include UN special advisor on Myanmar Vijay Nambiar and several Chinese officials. Kachin borders China and the fighting risks destabilizing the area. AP

Photp: Lt. Gen. Myint Soe, left, of Defence Ministry, sits together with Deputy Chief of Staff Maj. Gen. Guan Maw, right, of Kachin Independence Army, during a tea break of their cease fire talks in Myitkyina, Kachin State, Tuesday, May 28, 2013. Photo: AP

Kachin People, KIA and Burmese Army for May2013 Peace Talk in Myitkyina

ငြိမ်းချမ်းဆွေနွေးရန် ရောက်လာသည့် KIO ကိုယ်စားလှယ်အဖွဲ့ကို ကချင်ပြည်သူများ ကြိုဆို

 

ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် မြစ်ကြီးနားမြို့သို့ရောက်ရှိလာသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များကို ကြိုဆိုသည့် ပြည်သူလူထုအင်အားကို ကြည့်ခြင်းအားဖြင့် KIO သည်ပြည်သူလူထု အတွက် ကိုယ်စားမပြုဟု ပြောခဲ့သည့် အစိုးရတို့မှ အဖြေရသွားသည်ဟု ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုး ဆောင်အဖွဲ့ (PCG) မှ ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။
“အစိုးရတွေ အရမ်းအံ့သြတယ်။ ဒီပြည်သူလူထုတွေ မထက်မှတ်ပဲနဲ့ အောင်မြေသစ် ကနေ စီတာပူ ထိ ဆီးကြိုလို့ အရမ်းအံ့ကြတာဟုတ်တယ်။ KIO က ပြည်သူလူထုအတွက် ကိုယ်စားမပြုဘူးလို့ပြောတာ ဒီနေ့တော့ သူတို့အဖြေရသွားတဲ့သဘောပဲ။”
မေလ ၂၇ ရက်နေ့ တွင် KIO ဗဟိုဌာနချုပ်လိုင်ဇာမှ မြစ်ကြီးနားမြို့သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ရောက်ရှိလာသော ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်များကို ၀ိုင်းမော်မြို့မှ ပြည်သူလူထုနှင့် မြစ်ကြီးနားမြို့မှ ပြည်သူလူထု ထောင်ဂဏန်းမှ KIO အလံပါသော တီရှပ်နှင့် ၆ လက်မခန့်ရှိသော အလံကို ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ကြိုဆိုရာတွင် “KIO က ကချင်တွေအားလုံးနဲ့ အတူတူပဲဆိုတာကိုပြောတယ်။ KIO အလံက အားလုံးနဲ့ဆိုင်တယ် ဆိုတာကိုပြတယ်” ဟု ကိုယ်တိုင်ကြိုဆိုခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်း ရေးမှူး သိက္ခာတော်ရ Rev . Dr. Hkalam Sam Sun ပြောသည်။
ထို့အတူ “အောင်မြေသစ်ကနေ ဗလမင်းထင်တံတားထိ ကျနော်တို့ ၀ိုင်းမော်အဖွဲ့တွေတန်းစီပြီး  အတီးအမှုတ်တွေ၊ ရိုးရာဝတ်စုံဝတ်တဲ့သူတွေက၀တ်နဲ့ KIO အလံတုတ်ကိုကိုင်ပြီး ကြိုတယ်။ ဗလမင်းထင်ကနေ ဟိုဘက်က မြစ်ကြီးနားအဖွဲ့တွေ ကြိုတယ်” ဟု ကိုယ်တိုင်ကြိုဆိုခဲ့သော ၀ိုင်းမော်မြို့မှ အသင်းတော် ဆရာတစ်ဦးပြောသည်။
KIO ဘက်မှ ဦးဆွမ်လွတ်ဂမ်ဦးဆောင်သော အဖွဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၊ ဒု-ဗိုလ်မှူးကြီး လဖိုင်လ၊ ဒု-ဗိုလ်မှူးကြီး ခွန်နော်၊ ဗိုလ်မှူးကြီး ဇော်တောင် စသည့်ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)အဖွဲ့နှင့်  ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးလုပ် ငန်းကော်မတီဒုဥက္ကဌ ဦးအောင်မင်း၊ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦး လဂျွန်ငန်ဆိုင်း၊ UN မှကိုယ်စားလှယ်တို့က နမ်ဆန်ယန်မှ သွားရောက်ကြိုခဲ့ပြီး နေ့လည် ၁၂ နာရီခန့်တွင် မြစ်ကြီးနားမြို့သို့ရောက်ရှိလာကြောင်း သိရသည်။
ဦးအောင်မင်း ဦးဆောင်သော အစိုးရကိုယ်စားလှယ်များမှာ မေလ ၂၆ ရက်နေ့မြစ်ကြီးနားသို့ရောက်ရှိလာပြီး KIO ကိုယ်စားလှယ်အဖွဲ့နှင့် အခြားလက်နက်ကိုင်အဖွဲ့များမှာ မေလ ၂၇ ရက်ရောက်ရှိလာခြင်းဖြစ်သည်။
ထိုသို့ရောက်ရှိလာပြီး KIO ကိုယ်စားလှယ်အဖွဲ့များသည် မြစ်ကြီးနားမြို့ရှိ KIO ဆက်ဆံရေးရုံးတွင်တည်းခိုကာ အစိုးရအဖွဲ့များနှင့် အခြားလေ့လာစောင့်ကြည့်သူအဖွဲ့များသည် မြစ်ကြီးနားမြို့ရှီ မဒီရာဟိုတယ်တွင် တည်းခိုကြောင်းနှင့် ၎င်းတို့သည် မေလ ၂၈ ရက်နေ့မှ စတင်ဆွေးနွေးမည်ဖြစ်ကြောင်း PCG မှ ဦးခပရာ ခွန်းအောင်က ပြောသည်။
“၂၈ ရက်နေ့တော့ အစိုးရနဲ့ KIO ဆွေးနွေးမယ်။ ၂၉ ရက်နေ့မှာတော့ ပြည်သူလူထုတွေနဲ့ KIO တွေ ပြန်တွေ့ပြီး အဖြစ်အပျက်တွေ ပြောပြ ရှင်းပြပြီး ပညာတောင်းတာတွေလုပ်မယ်။ ပြီးတော့ ၃၀ ရက်နေ့မှာ အစိုးရတွေနဲ့ ပြန်ဆွေးနွေးမှာဟုတ်တယ်။”
ဆွေးနွေးမှုကို မနောကွင်း မဂျွယ်ခန်းမဆောင်တွင်ပြုလုပ်မည်ဖြစ်ပြီး ၎င်းတွင် စစ်ပွဲအရှိန်လျော့ကျရန် တပ်နေရာချထားရေးကို အဓိကဆွေးနွေးသွားမည်ဖြစ်ပြီး ယခုဆွေးနွေးမှုသည် KIO နှင့် အစိုးရကြား အစိုးရထိန်းချုပ်သည့်နေရာတွင် ပထမဆုံးကြိမ်တွေ့ဆုံခြင်းဖြစ်သည်။

မေလ ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

AddThis Social Bookmark Button

အပစ်အခတ် ရပ်စဲရေးမှ ထာဝရ ငြိမ်းချမ်းရေးဆီသို့
မေ ၂၈ ရက်တွင် အစိုးရနှင့် ကေအိုင်အိုတို့ ကချင်ပြည်နယ် မြစ်ကြီးနားတွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေကြပြီ ဖြစ်သည်။ လက်ရှိတွင် ဒုက္ခသည်ပေါင်း တစ်သိန်းကျော် ရှိနေပြီး အစိုးရနှင့် ကေအိုင်အိုတို့အကြား စစ်ပွဲအဆုံးသတ်ရန်၊ အပြီးသတ် အပစ်အခတ် ရပ်စဲရေးအတွက် ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် မျှော်လင့်ချက် ရောင်ခြည်ပင် ဖြစ်သည်။
ကေအိုင်အို/ကေအိုင်အေအဖွဲ့ မြစ်ကြီးနားမြို့သို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် လာရောက်သည့် အချိန်တွင် သောင်းဂဏန်းရှိသော ပြည်သူများသည် ကေအိုင်အို အဖွဲ့အား ကြိုဆိုခဲ့ကြသည်။ အဆိုပါ မြင်ကွင်းက ကေအိုင်အိုသည် ကချင်ပြည်နယ် တစ်ခုလုံးကို ကိုယ်စားမပြုနိုင်သည့် တိုင်အောင် ကချင်လူမျိုးများကိုတော့ ကိုယ်စားပြုကြောင်းနှင့် ကေအိုင်အို အနောက်တွင် ကချင်လူထု ရှိနေကြောင်း ပြဆိုနေသည်။ ငြိမ်းချမ်းရေးအတွက် မည်မျှမျှော်လင့် တောင့်တနေသည်ကို မြင်တွေ့နိုင်ပါသည်။
ကေအိုင်အို/ကေအိုင်အေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိနိုင်ရေးသည့် တိုင်းရင်းသားများ လက်ခံနိုင်လောက်သည့် ဖက်ဒရယ်စနစ် ကျင့်သုံးသော ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးသည် အရေးကြီးပါသည်။ ဒီမိုကရေစီ စနစ်ကို အခြေခံသော စစ်မှန်သော ဖက်ဒရယ်စနစ် ကျင့်သုံးနိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်နိုင်ရေးသည် အရေးပါလာပြီ ဖြစ်သည်။
ယခုလို မတည်ငြိမ်သေးသည့် အပစ်အခတ် ရပ်စဲရေး အခြေအနေမှ ထာဝရ ငြိမ်းချမ်းရေး အခြေအနေကို ရရှိရန်မှာ ကချင်ပြည်သူ ပြည်သားများရော မြန်မာတစ်နိုင်ငံလုံးက ပြည်သူများပါ လိုလားနေသည့် အရာတစ်ခု ဖြစ်သည်။ ထိုသို့ အပစ်အခတ် ရပ်စဲရေး အခြေအနေတစ်ခုမှ ထာဝရ ငြိမ်းချမ်းရေး အခြေအနေသို့ ရောက်ရှိရန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ပြီး စစ်မှန်သော ဖက်ဒရယ်စနစ် ဖြစ်ပေါ်လာရေးမှာ အဓိကကျပါကြောင်း The Daily Eleven သတင်းစာမှ ရေးသားအပ်ပါသည်။

သမီးလည်းဆုံး၊ အဖေလည်း တရားစွဲခံရ (Kachin State)

ဆုယူနေသည့် မဂျာဆိုင်းအိန်
ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း သမီးဖြစ်သူ မဂျာဆိုင်းအိန် သေဆုံးခဲ့မှုအတွက် စုံစမ်းစစ်ဆေးပေးပါရန် နိုင်ငံတော် သမ္မတနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြခဲ့သည့် ဖခင်ဦးဘရန်ရှောင်သည် ယင်းသို့တင်ပြမှုနှင့် ပတ်သက်၍ တရားစွဲဆိုခံရပြီး အမှုအား ဆက်လက်ရင်ဆိုင်နေကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က မိုင်းဗုံးပေါက်ကွဲပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် ကျောင်းဆင်းချိန် ပြန်လာသော ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဂျာဆိုင်းအိန်သည် ၎င်းတက်ရောက်နေသည့် မှော်ဝမ်းအထက်တန်းကျောင်းမှ နေထိုင်ရာ ဆွတ်ငိုင်ယန်သို့ ပြန်လာစဉ် လမ်း၌ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
ဦးဘရန်ရှောင်သည် ၎င်း၏သမီး သေဆုံးမှုနှင့် ပတ်သက်၍ မိမိ၏သမီး သေဆုံးမှုမှာ တပ်မတော်မှ ပစ်လိုက်သော ကျည်ဆန်ဒဏ်ရာကြောင့် ဖြစ်သည်ဟု လူ့အခွင့်အရေး ကော်မရှင်၊ စစ်ဗျူဟာရုံးများ၊ ၀န်ကြီးဌာနများနှင့် နိုင်ငံတော် သမ္မတအထိ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ပန်ကြားစာ ပေးပို့ခဲ့သည်။
ယင်းအပေါ် ဖားကန့်ဒေသ ဗျူဟာကုန်းမှ ဗိုလ်မှူးတစ်ဦးက ပုဒ်မ- ၁၂၂ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“အမှုက သဘာဝမကျဘူး။ သမီးလည်းဆုံး၊ တရားလည်း အစွဲခံရတယ်။ ကျွန်တော်လည်း တိုင်တာမဟုတ်ဘူး။ ကျွန်တော့်သမီး အတွက်နဲ့ ဒီလောက်လုပ်ပိုင်ခွင့် ရှိတယ်လို့ မိဘတစ်ဦး အနေနဲ့ ယူဆတယ်ပေါ့။ အဖြစ်မှန် ဖော်ထုတ်ဖို့ လုပ်တာပါ။ အရေးယူပေးပါလို့ ပြောတာမဟုတ်ဘူး။ အဓိကကတော့ အဖြစ်မှန် ပေါ်ဖို့ပဲ။ ကွင်းဆင်းစစ်ဆေးတာလည်း မရှိဘူး။ တရားစွဲတဲ့ ဗိုလ်မှူးဇာနည်မင်းပိုက်ကလည်း စစ်ဆေးရေး ခုံရုံးအဖွဲ့ထဲမှာ ပါတယ်။ ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာ သူမသိဘူးလို့ ဟိုတစ်နေ့ကပဲ တရားရုံးမှာပဲ ထွက်ဆိုခဲ့ပါတယ်” ဟု ဦးဘရန်ရှောင်က ၂၀၁၃ ခုနှစ် မေ ၂၅ ရက်က ပြောပြသည်။
မဂျာဆိုင်းအိန် သေဆုံးမှု သတင်းနှင့် ပတ်သက်ပြီး Weekly Eleven ဂျာနယ်တွင် ၂၀၁၂ စက်တင်ဘာလ အတွင်းက ဖော်ပြခဲ့စဉ်
“ရှေ့နေငှားတာ အဆင်ပြေတယ်။ ရှေ့နေကွန်ရက် အဖွဲ့က သုံးဦးကူညီတယ်။ ရှေ့နေတွေကို ထောက်ပံ့ဖို့တော့ မရှိသေးဘူး။ အသွားအလာ စရိတ်ကုန်တာပေါ့။ ရပ်မိရပ်ဖတွေပဲ ကုန်ကျခံတာပါ။ တရားလိုဘက်က သက်သေတွေ အစုံမလာနိုင်တော့ ခက်တာပေါ့။ လွန်ခဲ့တဲ့ မေ ၂၀ ခြောက်ကြိမ် ရုံးချိန်းမှ အစုံလာနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။  
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။    
နှစ်ပေါင်း ၁၇ နှစ်အကြာ တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ဖြစ်ပြီးနောက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်များတွင်ပါ တိုက်ပွဲဖြစ်ပွားမှုများ ရှိလာခဲ့သည်။
ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ အဓိက လုပ်ကိုင်ရာ စီးပွားရေးမြို့ဖြစ်သော ဖားကန့်မြို့နယ်၌လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် တိုက်ပွဲများ ဖြစ်ပွားမှုရှိခဲ့ကာ လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဖားကန့်မြို့နယ်တွင် သြဂုတ်လကုန်ပိုင်း၌ တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ မူရင်းနေရပ်မှ စစ်ဘေးရှောင်ကာ ဒုက္ခသည် စခန်းများသို့ ခိုလှုံရောက်ရှိလာသူ အရေအတွက်သည်လည်း သောင်းဂဏန်းသို့ ရောက်ရှိခဲ့သည်။

ကျွန်တော့်သမီး အတွက်နဲ့ ဒီလောက်လုပ်ပိုင်ခွင့် ရှိတယ်လို့ မိဘတစ်ဦး အနေနဲ့ ယူဆတယ်ပေါ့။ အဖြစ်မှန် ဖော်ထုတ်ဖို့ လုပ်တာပါ။ အရေးယူပေးပါလို့ ပြောတာမဟုတ်ဘူး။ အဓိကကတော့ အဖြစ်မှန် ပေါ်ဖို့ပဲ . . . . .

ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန် စစ်ပွဲများသည် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်က စတင်ဖြစ်ပွားခဲ့သော တစ်နှစ်ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကာလအတွင်း သေဆုံးခဲ့ရသော မြေစာပင်များတွင် အသက် ၁၄ နှစ်အရွယ်မျှသာ ရှိသေးသည့် မဂျာဆိုင်းအိန်လည်း ပါဝင်လာခဲ့ပါသည်။
“ပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့ အချိန်မှာ ရပ်ကွက်သူ ရပ်ကွက်သား အားလုံးကို ခေါ်ထုတ်ပြီး ယောက်ျားနဲ့မိန်းမ သတ်သတ်စီ ခွဲထားလိုက်တယ်။ ပြီးတော့ ဦးဘရန်ရှောင်ဆိုတာ ဘယ်သူလဲလို့မေးပြီး ကျွန်တော့်ကို ခေါ်ထုတ်သွားတယ်။ နောက်ပြီး မီးဖိုချောင်လေးမှာ ရဲဘော်နှစ်ယောက်နဲ့ ကျွန်တော့်သမီးကို ဒဏ်ရာတွေနဲ့ တွေ့ရတာပဲ။ ကျွန်တော်က စစ်ကြောင်းမှူးကို ဆေးရုံပို့ချင်တယ်ဆိုတော့ ကျွန်တော်တို့ စစ်ကြောင်းထွက်မှ ပို့ပါလို့ သူကပြောပါတယ်။ တကယ်တော့ ကလေးက သွေးလွန်လို့သေရတာ။ သူတို့ထွက်သွားမှ ရပ်ကွက်က ကားအကူအညီနဲ့ ဆေးရုံကို ပို့ရတာ။ ဆေးရုံရောက်တော့ ညနေ ၆ နာရီ ကျော်ပြီ” ဟု ဦးဘရန်ရှောင်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက Eleven Media သို့ ပြောကြားထားသည်။
စက်တင်ဘာ ၁၃ ရက် ပစ်ခတ်မှုများကြောင့် မှော်ဝမ်းမှ မဆိုင်းလုပန် (အသက် ၁၇ နှစ်)၊ ဂလောင်းခေါဘောမ် (ခ) ယာကု (အသက် ၃၆ နှစ်)၊ ကိုကျော်ထိန်လင်း (အသက်၂၇ နှစ်)၊ ခေါဆောင် (အသက် ၃၅ နှစ်)၊ ဆွတ်ငိုင်ရန်မှ ကိုစိုးမိုး (အသက် ၄၄ နှစ်)၊ မှော်ဝမ်းစစ်ပြေး ဒုက္ခသည် မလုဘူခွန်ဆိုင်း (အသက် ၃၁ နှစ်)၊ မလုဘူဂျာလုအွန် (အသက်ရှစ်နှစ်) တို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
လက်ရှိတွင် ဦးဘရန်ရှောင်အား တရားစွဲဆိုမှုနှင့် ပတ်သက်၍ တရားလိုနှင့် တရားလိုပြ သက်သေများကို စစ်ဆေးနေသည့် အဆင့်သာ ရှိသေးကြောင်း ရှေ့နေဦးရွှေလှက ပြောပြသည်။
“တရားလို ဗိုလ်မှူးဇာနည်မင်းပိုက်နဲ့ တရားလိုပြ ဆရာဝန်ကောင်းမြတ်စံကို စစ်ပြီးသွားပါပြီ။ တရားလိုပြ ရှစ်ယောက်မှာ ခြောက်ယောက်ကျန်သေးတယ်။ ဇွန်လ ၃ ရက်နေ့ ဆက်စစ်မှာပါ။ အဖြစ်မှန်ကိုတော့ အခင်းဖြစ်တုန်းမှာရှိတဲ့ သက်သေတွေကို စစ်ဆေးပြီး ဖော်ထုတ်ရမှာပါ။ ဦးဘရန်ရှောင် တိုင်ကြားရတဲ့ အကြောင်းအရင်းကတော့ ဖြစ်နေတုန်း အခြေအနေ အကြောင်းအရာတွေကို မူတည်ပြီး တိုင်တယ်လို့ ဆိုပါတယ်။ စုံစမ်းရေး အဖွဲ့ကတော့ ရွာထဲမှာ ပစ်တယ်၊ မိုင်းကွဲတယ်၊ လက်နက်ကြီး သို့မဟုတ် မိုင်းစလို့ ယူဆရတယ်။ ဦးဘရန်ရှောင်ကတော့ တပ်မတော်သား ပစ်တဲ့ကျည်ဆန်မှန်လို့ သူ့သမီးသေတယ်လို့ သူယုံကြည်ပြီး တိုင်တာပါ” ဟု ၎င်းကပြောပြသည်။
“ဥပဒေအရတော့ တစ်ဖက်သားကို နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်ကြံစည်ပြီး လိမ်လည်တိုင်ကြားမှ ပြစ်မှုမြောက်တာပါ။ အဖြစ်မှန်ကိုတော့ နှစ်ဖက်စလုံး သက်သေခေါ်ပြီး စစ်ရဦးမှာပါ။ ယုံကြည်လောက်စရာ အကြောင်းမရှိဘဲ နစ်နာအောင် တိုင်ကြားရင် ဒီပြစ်မှု မြောက်တာပေါ့။ ဦးဘရန်ရှောင်ကို တရားစွဲတဲ့ အဓိက အကြောင်းအရင်းက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားတဲ့ စာထဲမှာ တပ်မတော်သား တစ်ယောက်က အကြောင်းမဲ့ ပစ်လိုက်လို့ သူ့သမီး သေသွားတယ်၊ အဲဒါကို အရေးယူပေးဖို့ တိုင်တာပါ။ စစ်ဆေးရေးအဖွဲ့က စစ်ဆေးတဲ့အခါ အကြောင်းမဲ့ ပစ်တာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်၊ မိုင်းကွဲ၊ လက်နက်ကြီးစမှန်လို့ စုံစမ်းစစ်ဆေး တွေ့ရှိတယ်ပေါ့။ အဲဒါကြောင့် ဦးဘရန်ရှောင်ကို တိုင်တာပါ” ဟု ဆက်လက်ပြောပြသည်။
“ကျွန်တော်တို့ အားလုံးပဲ ငွေစုပြီး ရှေ့နေအတွက် ကူညီတာပါ။ သိန်းလေးဆယ် ကျော်ပြီ။ အဖွဲ့အစည်း အနေနဲ့လည်း မဟုတ်ပါဘူး။ ဒေသခံတွေကတော့ ဒီကိစ္စအတွက် စိတ်မကောင်းကြပါဘူး” ဟု ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးရင်ထွေးက ပြောပါသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုသည် နှစ်နှစ်ဝန်းကျင်သို့ ရောက်ရှိတော့မည်ဖြစ်ပြီး ယင်းကာလအတွင်း လူသေဆုံးမှုများ၊ လူမှုစီးပွားရေး ထိခိုက်နစ်နာမှုများ၊ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင် နေရပ်စွန့်ခွာရမှုများ ရှိခဲ့သည်။ လက်ရှိတွင် ကျောင်းဖွင့်ရာသီ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ဒုက္ခသည် စခန်းများတွင် နေထိုင်သော ကျောင်းနေရွယ် ကလေးငယ်များ ပညာသင်ယူနိုင်ခွင့်နှင့် ဒုက္ခသည်များအတွက် အစားအစာ လိုအပ်ချက်လည်း ရှိနေသည်ဟု လူမှုကူညီရေး လုပ်ကိုင်သူများထံမှ သိရသည်။

Kachin Alliance does not approve of President Thein Sein’s visit to USA by Kachin War

Interview with Ja Seng Mai, an executive officer of the Kachin Alliance of USA, in front of the White House on May 20th, 2013.

Interviewer: “What is your opinion on President Thein Sein’s historic visit to the White House?” ” Do you approve of this visit?” “Why?”

Ja Seng Mai: Our Kachin Alliance does not approve of President Thein Sein’s visit because the Burmese government is still violating human rights in the Kachin State. The IDPs of Kachin State have not been given the help that they need and President Thein Sein has not been acting according to his words of “reform” for the country. The reform that the American government says the Burmese government has undergone has not been effective for the Kachin State and the Kachin people.
Chyang Ngau Shiga’s Facebook

ကချင်ဒုက္ခသည်စခန်း၊ မိုင်တိုင်အမှတ်(၆)


ဆရာစိုင်းအေးနှင့်အဖွဲ့ ကချင်ဒုက္ခသည်စခန်း၊ မိုင်တိုင်အမှတ်(၆) လူဟောင်ရွာသို့ ရောက်ရှိခဲ့ပါတယ်။ အမြင့်ပေ၉၀၀၀ မှာရှိပြီးတော့ အင်မတန်မှအေးပါတယ်။ ဆောင်ရာသီနှင့်ကျချိန်မှာ တစ်ထွာလောက်ထူတဲ့ ဆီးနှင်းများရှိပါတယ်။ (ဓါတ်ပုံ)၊ ဒုက္ခသည်ငါးရာခန့်ရှိပြီး၊ အိမ်ထောင်စု ၁၀၀လောက်ရှိပါတယ်။ အများစုဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ကချင်နဲ့ဗမာတပ်မတော် တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ရင်း ဒီနေရာကိုရောက်လာတာဖြစ်ပါတယ်။ တစ်လတခါ ၀မ်ကျောင်၊ ဂရုနာအဖွဲ့က ဆန်၊ဆီ၊ဆားများ လာရောက်ပေးပါတယ်။
တရုပ်ငွေလည်း သုံးစွဲဖို့ ပေးပါတယ်။ အနီးဆုံးဈေးက တနေကုန်လမ်းလျှောက်သွားရပါတယ်။ ဆရာစိုင်းအေးအဖွဲ့ဟာ ၅နာရီခွဲကြာအောင် မော်တော်ဆိုင်ကယ်များနဲ့ အခက်အခဲများစွာတွေ့ကြုံပြီး၊ ဒီဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပါတယ်။ စုစုပေါင်း ၅ညတိုင်အောင် ဒုက္ခသည်များနဲ့ အတူနေထိုင်၊ နှုတ်ကပတ်တော်များကို ဝေငှ၊ သီဆိုချီးမွမ်းခဲ့ကြပါတယ်။ အတူစားသောက်၊ချက်ပြုတ်ကြပါတယ်။ ကျောင်းစာသင်ကျောင်း ဆရာမများကို အင်တာဗျူးမှတ်တမ်းတင်ခဲ့ပါတယ်။ ရ၀မ်၊လဖိုင်၊ဂျိမ်းဖော အမျိုးသမီးများဖြစ်ကြပါတယ်။ ကလေးများနဲ့ဒုက္ခသည်များကို ကယ်တင်ခြင်းအကြောင်း၊ ယုံကြည်သူများအတွက် လိုအပ်ချက်များကို ယေရှု၊ ပေးဆပ်သွားခဲ့ပြီ၊ အသွေးတော်အားဖြင့် ကျွန်တော်တို့ ဒုက္ခဆင်းရဲခြင်းများမှ လွတ်မြောက်ခဲ့ကြောင်း နှုတ်ကပတ်တော်အားဖြင့်၊ အားပေးခဲ့ပါတယ်။ ဓမ္မသီချင်းများ သီဆိုချီးမွမ်းပြီး မော်တော်ဆိုင်ကယ်များနဲ့ ပြန်လာခဲ့ပါတယ်။ ဆရာစိုင်းအေးနှင့်အဖွဲ့မှ မအောင်ဆိုင်းဂျာ သက်သေခံတင်ပြပါတယ်။
16 minutes Interview Story by GospelInterview
http://www.youtube.com/watch?v=dVdG_xUMMCA