ဦးမျိုးရန်နောင်သိမ်းအမှု NLD ခုခံ ကာကွယ်မည်

တပ်မတော်ဘက်က စွဲချက်တင်ခံထားရပြီး ထိန်းသိမ်းခံထားရတဲ့ NLD ပါတီရဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ကိုမျိုးရန်နောင်သိမ်း အမှုအတွက် ဥပဒေနည်းလမ်း အတိုင်းခုခံကာကွယ်ဖို့ ပြင်ဆင်ထားကြောင်း NLD ပါတီ တာဝန်ရှိသူတွေဘက်က ပြောကြားလိုက်ပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2eDMnVP http://ift.tt/Tf1V41

ဦးမျိုးရန်နောင်သိမ်းအမှု NLD ခုခံ ကာကွယ်မည်

တပ်မတော်ဘက်က စွဲချက်တင်ခံထားရပြီး ထိန်းသိမ်းခံထားရတဲ့ NLD ပါတီရဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ကိုမျိုးရန်နောင်သိမ်း အမှုအတွက် ဥပဒေနည်းလမ်း အတိုင်းခုခံကာကွယ်ဖို့ ပြင်ဆင်ထားကြောင်း NLD ပါတီ တာဝန်ရှိသူတွေဘက်က ပြောကြားလိုက်ပါတယ်။

via VOA News: မြန်မာသတင်း http://ift.tt/2eDMnVP http://ift.tt/Tf1V41

ဒီချုပ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ပါတီဝင်များ အောက်ခြေလွတ်၊ ဘဝင်မြင့်က လူထုဒဏ်ခတ်ခြင်းခံရမည်ဟု ပါတီခေါင်းဆောင်များသတိပေး

ဓာတ်ပုံ − စိုင်းဇော်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရွေးချယ်ထား သော အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ် များနှင့် ပါတီဝင်များသည် ပြည်သူ များ စိတ်ပျက်စေမည့်လုပ်ရပ်များ မပြုလုပ်ရန်နှင့် အောက်ခြေလွတ်၊ ဘဝင်မြင့်နေပါက ပြည်သူလူထု ၏ဒဏ်ခတ်ခြင်းခံရမည်ဟု ပါတီ ခေါင်းဆောင်များက သတိပေး ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ရန်ကုန်တိုင်းဒေသ ကြီး ဆဋ္ဌမအကြိမ်မြောက် တိုင်း၊ ခရိုင်၊ မြို့နယ်များစုံညီတွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ရှိ စကိုင်းစတားဟို တယ်၌ ပြုလုပ်စဉ် ပါတီခေါင်း ဆောင်များဖြစ်သည့် နာယကဦး တင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်များ ဖြစ်သည့် ဦးဝင်းမြင့်၊ ဦးဝင်းထိန် တို့က အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ ဒုက္ခသုက္ခဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ကို ကောင်းစွာ ရပ်တည်ပေးခဲ့တာ ဟာ အခြေခံပြည်သူလူထုဖြစ်ပါ တယ်။

တိုင်းရင်းသားအဖွဲ့အ စည်းတွေ ဖြစ်ကြပါတယ်။ အခြေခံအင်အားဖြစ်တဲ့၊ ကျေးလက်မှာရှိကြတဲ့ ပြည်သူလူထုတစ်ရပ်လုံး ရဲ့လုပ်ကိုင်စားသောက်နေထိုင်ရ တဲ့အပေါ်မှာ မိမိတို့ဟာ ဘယ်လောက်ကြိုးစားပြီးတော့ ကူညီထောက်ပံ့စွမ်းဆောင်နိုင်မှုပြုမလဲ ဆိုတာကို အားလုံးပြသဖို့ လိုတယ်’’ဟု ဦးတင်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ပါတီ၏လာမည့် အဆင့်ဆင့် သော ဆောင်ရွက်ချက်များတွင် ပြည်သူလူထုအော့နှလုံးနာဖွယ်၊ စိတ်ပျက်ဖွယ်အလုပ်များကို အဖွဲ့ဝင်များက တစိုးတစိမျှ မလုပ်မိ စေရန်နှင့် အဖွဲ့ဝင်တစ်ဦးနှင့် တစ်ဦးအကြား အချင်းချင်းအကြံပေး ခြင်း၊ သတိပေးခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင် ရာ အောင်မြင်ကြောင်း လုပ် ဆောင်ရန် ဦးတင်ဦးက သတိပေး သည်။

‘‘လုပ်မှားကိုင်မှားလေးတွေ မဖြစ်အောင်တော့ အထူးသတိ ထားကြပါ။ အထူးသတိပြုကြပါ။ ဒါ အင်မတန်မှ အရေးကြီးပါ တယ်။ ကျွန်တော်တို့အချင်းချင်း က တစ်ယောက်နဲ့တစ်ယောက် လုပ်မှားကိုင်မှား ပြောမှားဆိုးမှား ရှိလို့၊ လုပ်တာကိုင်တာမှားလို့ ကျွန်တော်တို့ အချင်းချင်းမှာ ပြဿနာမရှိပေမယ့် ပြဿနာရှိ တဲ့သူအတွက်ကတော့ ပြဿနာ ဖြစ်သွားနိုင်ပါတယ်။ ဒီလောက် ဆိုရင် သဘောပေါက်မယ်ထင်ပါ တယ်’’ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦး ဝင်းမြင့်က ပြောသည်။

ဒီချုပ်အဖွဲ့ဝင်များအလုပ် လုပ်ရာတွင် ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေး စသည့် အာဏာများကို အထူးသတိထား ရန်နှင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား၊ တစ်ဦးနှင့်တစ်ဦးအကြား ဝင် ရောက်စွက်ဖက်ခြင်းမပြုရန် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။

ဆက်လက်၍ ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ အတွင်းရေးမှူးအ ဖွဲ့ဝင် ဦးဝင်းထိန်က အစိုးရအဖွဲ့ ၏အုပ်ချုပ်ရေးအဖွဲ့များ၊ လွှတ် တော်ဥပဒေပြု ကဏ္ဍများတွင် အသားကျနေပြီဖြစ်သော်လည်း မျှော်လင့်ချက်ကြီးစွာ ဆန္ဒမဲပေး လိုက်သည့် ပြည်သူလူထု၏စီးပွား ရေးအခြေအနေကို တိုးတက်ရန် လုပ်ဆောင်နိုင်ခြင်း မရှိသေး ကြောင်း ဝန်ခံပြောကြားသည်။

‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တွေ၊ အထူးသဖြင့် တာဝန် ရှိတဲ့ ပုဂ္ဂိုလ်တွေက ကြိုးစားပြီး တော့ ဆောင်ရွက်ခြင်းအားဖြင့်  အဲဒီ ဒီမိုကရေစီအညှောင့်လေး ဟာ အပင်ဖြစ်လာမယ်။ ဒီငါးနှစ် နဲ့ အောင်မြင်မယ်လို့တော့ မယုံ ကြည်သေးဘူး။ ပြည်သူလူထုအ ကျိုးကို ဖန်တီးခြင်းအားဖြင့် ပြည် သူလူထုက ဆက်လက်ထောက်ခံ ရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်ပြီး တာဝန်ယူရမှာ။ အဲဒီလိုမှမ ဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် သတိပေးသလို အောက်ခြေလွတ် နေမယ်၊ ဘဝင်မြင့်နေမယ်ဆိုရင် တော့ ပြည်သူလူထုဒဏ်ခတ်တာ ခံရမယ်ဆိုတာကို ကျွန်တော်ကြုံ တုန်းမှာ သတိပေးပါရစေ’’ဟု ဦး ဝင်းထိန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအစိုးရအဖွဲ့တက်လာပြီး ခုနစ်လအကြာတွင် ပြောင်းလဲမှု အချို့ ရှိခဲ့ကြောင်းနှင့် အချို့ ပြောင်းလဲမှုများသည် မြင်သာထင်သာရှိသော်လည်း အချို့ပြောင်းလဲမှုများမှာ မြင်သာထင်သာရှိ သည့် ပြောင်းလဲမှုများ မဟုတ် ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

via 7 Days News http://ift.tt/2f1H8xh http://ift.tt/1Vus636

ရှမ်းပြည်နယ် NLD ပါတီခေါင်းဆောင်တချို့ ထုတ်ပယ်ခံရမှု ပါတီစည်းကမ်းနဲ့ အညီ ဆုံးဖြတ်ပေးမည်

အန်အယ်လ်ဒီပါတီကနေ ထုတ်ပယ်ခံထားရတဲ့ ရှမ်းပြည်နယ်ပါတီ ဥက္ကဌအပါအ၀င် ၄ဦးကိစ္စကို ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆုံးဖြတ်ပေးသွားမယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ ကော်မရှင်က ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို ဆက်လက်စစ်ဆေး ခဲ့ပြီးနောက် ရှေ့နေ ဦးကျော်ဟိုးက သတင်းမီဒီယာသမားတွေကို ပြောတာဖြစ်ပါတယ်။

ဦးဝင်းထိန်ဘက်က စွပ်စွဲထားတာတွေဟာ ခိုင်လုံမှုမရှိဘဲ စစ်ဆေးရေးကော်မရှင်ကို အထောက်အထားနဲ့ တင်ပြနိုင်ခြင်းမရှိကြောင်း ပြည်နယ်ပါတီဥက္ကဌ ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

စစ်ဆေးခံခဲ့တဲ့ ဦးဝင်းထိန်က သူ့အနေနဲ့ မှန်မှန်ကန်ကန်ထွက်ဆိုခဲ့ကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုး အပါအ၀င် ၆ ဦးကို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြီးခဲ့တဲ့ စက်တင်ဘာလ က ပါတီကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ အဲဒီထုတ်ပယ်မှုနဲ့ ပတ်သက်ပြီး အယူခံဝင်သူတွေရှိတာကြောင့် အခုလိုစုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး ကော်မရှင်ခေါင်းဆောင် ဦးတင်ထွဋ်ဦး၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးနဲ့ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဒေါ်လဲ့လဲ့တို့က စစ်ဆေးနေတာဖြစ်ပါတယ်။

ဒီနေ့မှာ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်တို့ကို ထုတ်ပယ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း  စစ်ဆေး ပြီးဖြစ်ကြောင်း ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထုတ်ပယ်ခံထားရသူတွေထဲက တောင်ကြီးခရိုင် ပါတီ ဥက္ကဌ ဦးတင်မောင်တိုးရဲ့ အမှုကို ဆက်လက်စစ်ဆေးမှာဖြစ်ပြီး ဦးဝင်းထိန် ဖက်က သက်သေတွေအဖြစ် တင်သွင်းထားတဲ့ ဦးစိုင်းဆမ်ခပ် ၊ ဦးဖုန်းမောင်၊ ဦးနေမျိုး ၊ ဦးဇော်မင်းလတ် ၊ ဒေါက်တာဒေါ်သန်းငွေနဲ့ ဒေါ်စမ်းစမ်းမော်တို့ရဲ့ထွက်ဆိုချက်ကိုလည်း စစ်ဆေးမှာ ဖြစ်ပါတယ်။

via သတင်းမဵား http://ift.tt/2f4MAna http://www.rfa.org

ပါတီကထုတ်ပယ်ခံရသူများအား ပြန်လည်မရွေးချယ်ရန် အဖွဲ့ချုပ်ညွန်ကြား

ပါတီကနေ နှုတ်ထွက်သွားသူ၊ ထုတ်ပယ်ခံရသူနဲ့  ပါတီစည်းမျဉ်းစည်းကမ်းအရ အရေးယူခံရသူတွေကို လစ်လပ်နေတဲ့ ပါတီဝင်တွေရဲ့နေရာအတွက် ပြန်လည်အင်အားဖြည်တင်းရာမှာ မရွေးချယ်ဖို့   အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ဒါမှမဟုတ် အခြားပါတီအဖွဲ့ အစည်းတခုခုကို ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူတွေနဲ့ သူတို့အတွက် ရွေးကောက်ပွဲမဲဆွယ်ရာမှာ ပါဝင်ခဲ့သူတွေ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေအရ ဖွဲ့စည်းထားတဲ့ အသင်းတွေမှာ အလုပ်မှုဆောင်အဖြစ် ပါဝင်နေသူတွေကိုလည်း ပြန်လည်ရွေးချယ်ခြင်းမပြုဖို့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့  ညွန်ကြားချက်မှာ ဖော်ပြထားပါတယ်။

အန်အယ်ဒီပါတီထဲမှာ  လွှတ်တော်နဲ့ အုပ်ချုပ်ရေးတာဝန်တွေ ထမ်းဆောင်နေရသူတွေ ပါတီနဲ့ကင်းကွာနေသူတွေ၊ ပါတီကနေ ထုတ်ပယ်ထား သူတွေ၊ စည်းကမ်းအရ အရေးယူခံရသူတွေ။ နုတ်ထွက်သူတွေရှိနေတဲ့အတွက် အဖွဲ့ချုပ်လုပ်ငန်းတွေလုပ်ဆောင်ဖို့ အခက်အခဲရှိတဲ့အတွက် လစ်လပ် နေရာတွေကို ၃ လအတွင်း အင်အား ပြန်လည် ဖြည့်တင်းဖို့ ဆောင်ရွက်နေတာပါ။

ဒီလိုရွေးချယ်ရာမှာ  ပြည်နယ်နဲ့တိုင်းဒေသကြီးအလုပ်အမှုဆောင်ဟာ ပါတီဝင်သက်တမ်း ၅ နှစ်ရှိရမယ်လို့ သတ်မှတ်ထားပြီး ခရိုင်အလုပ်အမှုဆောင်အတွက်ကတော့ သက်တမ်း ၃နှစ်၊  မြို့နယ်အလုပ်အမှုဆောင်အတွက် ၂ နှစ်၊ ရပ်ကျေးအလုပ်အမှု ဆောင်အတွက် ၁ နှစ် အဖွဲ့ဝင်သက်တမ်း တဆက်တစ်စပ်တည်း ရှိသူတွေဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်  ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ရမယ်လို့လည်း ဆိုပါတယ်။
အလုပ်အမှုဆောင်အဆင့်ဆင့်ရွေးချယ်တာကို ယခုမေလ ၁၅ ရက်မှ သြဂုတ် ၁၄ ရက်ထိ နောက်ဆုံးထား ဆောင်ရွက်မှာဖြစ်ပြီး ရွေးချယ်တင်မြှောက်တာတွေနဲ့ပတ်သက်လို့ မကျေနပ်ပါက ကန့်ကွက်ချက်ကို ရွေးချယ်တင်မြှာက်တဲ့နေ့မှကစ ရက်သတ္တပတ်အတွင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆီကို တင်ပြရမှာ ဖြစ်ပါတယ်။

The post ပါတီကထုတ်ပယ်ခံရသူများအား ပြန်လည်မရွေးချယ်ရန် အဖွဲ့ချုပ်ညွန်ကြား appeared first on DVB.

via DVB http://ift.tt/1Yda1J1 http://burmese.dvb.no

လစ်လပ် အလုပ်အမှုဆောင် ရာထူးအတွက် ပြန်လည်ရွေးချယ်ရန် အန်အယ်လ်ဒီ ညွှန်ကြားချက်ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်လည်ဖွဲ့စည်းရေး အင်အား ဖြည့်တင်းရေးမူကြမ်းကို နေပြည်တော်တွင် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ဇွန်လ ၇ ရက်တွင် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့်သော အလုပ်မှုဆောင် အဖွဲ့များမှ အဖွဲ့ဝင်အချို့ Read more

via The Ladies http://ift.tt/24wTCii http://ift.tt/1t35IDK

နှစ်သစ်မှာ NLD ပြန်လည် တည်ဆောက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သင်္ကြန်အပြီးနောက်ပိုင်းမှာ ပါတီတွင်း တည်ဆောက်ရေး လုပ်ငန်း ၅ ခုလောက် ဆောင်ရွက်ဖို့ စဉ်းစားထားတယ်လို့ ပါတီ ဦးဆောင်မှုအတွင်းရေးမှူး ကော်မတီဝင် ဦးဝင်းထိန်က RFA ကို ဒီနေ့ပြောကြားလိုက်ပါတယ်။

via သတင်းများ http://ift.tt/1r4G3KB http://www.rfa.org

အန်အယ်လ်ဒီပါတီကို အတွင်းရေးမှူး ၅ ဦး ဆက်လက်ဦးဆောင်မည်

အစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို နမူနာယူပြီး အတွင်းရေးမှူး ၅ ယောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်လက်ဦးဆောင်သွားမယ်လို့ အတွင်းရေးမှူး[…]

The post အန်အယ်လ်ဒီပါတီကို အတွင်းရေးမှူး ၅ ဦး ဆက်လက်ဦးဆောင်မည် appeared first on DVB.

via DVB http://ift.tt/1RnAzUw http://burmese.dvb.no

အန်အယ်လ်ဒီမူအရ အစိုးရပိုင်မီဒီယာ မရှိရဟုဆို

အန်အယ်လ်ဒီမူအရ အစိုးရပိုင်မီဒီယာဆိုတာ မရှိရဘူးဆိုပေမယ့် ချက်ချင်းလည်း ဖျက်ပစ်လို့ မရကြောင်း ပါတီရဲ့ ဒီလှိုင်းစာစောင်တာဝန်ခံအယ်ဒီတာ မုံရွာအောင်ရှင်က ပြောပါတယ်။[…]

The post အန်အယ်လ်ဒီမူအရ အစိုးရပိုင်မီဒီယာ မရှိရဟုဆို appeared first on DVB.

via DVB http://ift.tt/1LBQGrR http://burmese.dvb.no

NLD အစိုးရ ပြည်တွင်းငြိမ်းချမ်းရေး ဦးစားပေးဆောင်ရွက်မည်

ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေနဲ့ အစိုးရကို ဦးဆောင်တဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်မှာ ဖြစ်တဲ့ အကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေး ကိစ္စအပါအ၀င် အစိုးရသစ် အနေနဲ့ ဆောင်ရွက်မယ့် ကိစ္စတွေကိုပါ ထည့်သွင်း ပြောကြားသွားတဲ့ ၆၈ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခန်းအနားအကြောင်းကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က…

via Voice of America http://ift.tt/1n0d4VP http://ift.tt/Tf1V41

အဖွဲ့ချုပ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်ရေးမှတ်တမ်းပေးပို့နိုင်ရေးကိစ္စ စာအမှတ် -၂၀၁(စည်း)/၁၂/၂၀၁၅

via NLD official http://ift.tt/1O8FqHG http://ift.tt/1NL5t57

ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် AFEO ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်

အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့နံနက် ၈း၃၀နာရီကကျင်းပသောပြည်ေ ထာင်စုလွှတ်တော်နာယက ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား The ASEA N Fedration of Engineering Oaganisations မှ ချီးမြှင့်သော AFEO Distinguished Honorary Fellow 2015 ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

via NLD official http://ift.tt/1UHAkDl http://ift.tt/1NL5t57

အနိုင်ရ NLD ကိုယ်စားလှယ်တွေ အနေနဲ့ ပါတီဂုဏ်သိက္ခာ မထိခိုက်အောင် ပြောဆိုဆွေးနွေးနိုင် ဖို့လို

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရေးရာကော်မတီတွေမှာ တာဝန်ထမ်းဆောင် တဲ့အခါ ပါတီရဲ့ဂုဏ်သိက္ခာကို မထိခိုက်အောင် ပြော ဆိုဆွေးနွေး လုပ်ကိုင်နိုင်ဖို့ လိုအပ်ကြောင်း ပါတီရဲ့ နာယက သူရဦးတင်ဦးက ပြောပါတယ်။

via သတင်းများ http://ift.tt/1IVqRa2 http://www.rfa.org

ကြိုတင်မဲများကို စစ်တမ်းကောက်ယူချက်အရ ဒီချူပ် မဲအများစု ရရှိနေ

စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံများရှိ မြန်မာ သံရုံးများတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေး မှုများကို စစ်တမ်းကောက်ယူလျက်ရှိရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က မဲအများစု ရရှိနေကြောင်း သိရသည်။ အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက် က စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံများရှိ မြန်မာ သံရုံးများတွင် ကြိုတင်မဲ ပေးမှုများကို ကြိုတင်မဲ စစ်တမ်း ကောက်ယူရေး အဖွဲ့များက ကောက်ယူခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များကို အောက်တိုဘာ ၁၃ ရက် မှ ၁၉ ရက်အထိ ကြိုတင်မဲပေးနိုင်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန် ထားသည်။ […]

via NLD official http://ift.tt/1Rn4VE3 http://ift.tt/1NL5t57