ဦးဝင်းထိန်ကို ဝေဖန်တဲ့ စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

NLD ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကို ဝေဖန်ရေးသားထားတဲ့ စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ စာရေးသူ ရွှေဖိုးခေါင်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

စာအုပ်အမည်က "ပြည်သူ့နှလုံးသားထဲက မဟာ့မဟာသမ္မတ ဒေါ်အောင်ဆန်းစုကြည် အနီးက မိုးကျရွှေကိုယ် မင်းမြောင်မိစ္ဆာ မိတ္တီလာ ၀င်းထိန်" ဆိုတဲ့ အမည်နဲ့ ထုတ်ဝေထားတာဖြစ်ပါတယ်။

စာအုပ်ရေးရခြင်းအကြောင်းရင်းမှာ စာရေးသူ ရွှေဖိုးခေါင်ဟာ ဦးဝင်းထိန်နဲ့ ပုဂ္ဂိုလ်ရေး စကားမျာရာကနေ သူ့အပေါ်ရိုင်းပြစွာ ဆက်ဆံတဲ့အတွက် ဖြစ်လာရတာဖြစ်ပြီး၊ သူရေးတဲ့စာအုပ် အစပိုင်းမှာ ဦးဝင်းထိန်ဟာ "ဆရာမွေး တပည့်မွေး ရင်ကြားမစေ့ ရင်ကြားခွဲ အုပ်စုဖွဲ့ ဂိုဏ်းဖွဲ့ ကလိမ်စေ့ငြမ်းဆင် ကုလားထိုင်လုသူ" လို့ ရေးသားထားပါတယ်။

စာအုပ်မှာ အခန်းပေါင်း ၂၂ ခန်းပါရှိပြီး စာရေးသူ ရွှေဖိုးခေါင်ဟာ သူရေးသားပြောပြချက်အရ ဦးဝင်းထိန်အား တစ်ချိန်က အကူအညီပေးခဲ့သူဖြစ်ပြီး စစ်အာဏာရှင်လက်ထက်က မြေအောက်နိုင်ငံရေးလှုပ်ရှားခဲ့သူ လို့ ဖေါ်ပြထားပါတယ်။

စာအုပ်​ကို ရန်​ကုန်​ B. Media Wash (​ဝေဖန်​သည်​ ​ဝေဖန်​ခံသည်​) စာ​ပေတိုက်​မှ ထုတ်​​ဝေခြင်းဖြစ်​ပြီး စာအုပ်တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ရောင်းချမှာဖြစ်ပါတယ်။

via သတင်းမဵား http://ift.tt/2jAPMo3 http://www.rfa.org

နော်စူစန်နာလှလှစိုး (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် – house of nationality)

“သတင်းအချက်အလက်တွေ မရှိဘူးဆိုရင် သူတို့ကို ဆင့်ခေါ်၊ ခေါ်တွေ့ဖို့ ပါဝါရှိပေမယ့် ကျမတို့ မလုပ်နိုင်ဘူး။ ကျမပြောချင်တာက ကျေးဇူးပြုပြီး ကျမတို့ကို information ပေးပါ။ နာမည်ဖော်စရာမလိုဘူး။ သူတို့ရဲ့ လုံခြုံရေးကို ကျမတို့သိတယ်။ ဒါပေမယ့် သတင်းအချက်အလက်အတွက် ကျမတို့နဲ့ ပူးပေါင်းလုပ်ဆောင်ပါ”

ကေအိုင်စီ – ဦးဆုံးအနေနဲ့ ဆရာမတို့ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီရဲ့ တနှစ်အတွင်း လုပ်ဆောင်ချက် အကျဉ်းချုပ်ကို ပြောပြပေးပါလား။
နော်စူစန်နာလှလှစိုး – ပထမအနေနဲ့ ပြောချင်တာက အခုလက်ရှိ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ က ဒီနှစ်မှာ စတင်တယ်။ အရင်တုန်းက ဒါတွေက လွှတ်တော်မှာ မရှိခဲ့ဘူး။ အားလုံးက အမျိုးသမီးနဲ့ ကလေးအခွင့်အရေးကို မျှော်လင့်နေကြတယ်။ အခု လွှတ်တော်အသစ်ထဲမှာ ကျမတို့ကော်မီတီတဖွဲ့ ဖြစ်ပေါ်လာတဲ့အပေါ် ကျမတို့ အမျိုးသမီးနဲ့ ကလေး တွေအတွက် ၀မ်းသာစရာ ဖြစ်တယ်။

ကေအိုင်စီ – ကော်မတီအနေနဲ့ တနှစ်အတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေတွေ ပြင်ဆင်တာ၊ အသစ်ရေးဆွဲတာ တွေ ဘယ်လိုရှိလဲကို ရှင်းပြပေးပါလား။
နော်စူစန်နာ – ကော်မတီအနေနဲ့ ဘာတွေလုပ်ဖြစ်သလဲဆိုတော့ ကျမတို့ရဲ့ စည်းမျဉ်း၊စည်းကမ်း ၊ ဥပဒေတွေကို ပြန်သုံးသပ် တယ်။ ကလေးသူငယ် ဥပဒေကို သူတို့လုပ်ထားတာကြာပြီ။ အခု ကျမတို့ ပြန်လည်မွမ်းမံရတယ်။ အရင်တုန်းက ကလေးတွေရဲ့ အသက် အပိုင်းအခြားကို ဆုံးဖြတ်ထားတာ မတွေ့ရဘူး။ တချို့နေရာတွေမှာ ၁၄နှစ် ဆုံးဖြတ်တယ်။ တခါတလေမှာ (၁၆)နှစ် ဆုံးဖြတ်တယ်။ အလုပ်လုပ်တဲ့ ကလေးတွေရဲ့ အသက်အပိုင်းအခြားကလည်း ကွာဟမှုရှိပြန်ကော။
အခု ကျမတို့ ပြန်လည်မွမ်းမံတဲ့ ကလေးဥပဒေ (Child Law)မှာ စံတစ်ခု ရှိတယ်။ ကလေးဆိုတဲ့အသက်က ကျမတို့ စဉ်းစားထား တာ (၁၈)နှစ်ပေါ့နော်။ အဲဒီထဲမှာမှ sub-chapter တွေ အများကြီးရှိတယ်။ protection of women law က ရှိပြီးသားအဟောင်း မဟုတ်ဘူး။ အသစ်ဖြစ်နေတယ်။ အသစ်ဆိုတာက လွန်ခဲ့တဲ့ ၂နှစ်အတောအတွင်း လွှတ်တော်ထဲမှာ ကြိုးစားခဲ့ကြပေမယ့် မဖြစ် မြောက်ခဲ့ဘူး။ အခု ကျမတို့ စတင်လုပ်ဆောင်တာက ကျမတို့အမျိုးသမီးအဖွဲ့အစည်းတွေ၊ ပြီးတော့ ကွန်ရက်အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့တာ ၂ခါ၊ ၃ခါ ရှိပြီ။ department of social welfare နဲ့လည်း ကျမတို့တွေ့ကြတယ်။ အခု ကျမတို့ မျှော်လင့်တာက ၂၀၁၇ခုနှစ်မှာ ကျမတို့ ရပ်တည်ရမယ်။ Protection of violence against Women အမျိုးသမီးအကြမ်းဖက်မှုနဲ့ လုံခြုံရေးအ တွက် ကျမတို့ တကယ် ရပ်တည်ကြရမယ်။

ကေအိုင်စီ – အခု အစိုးရလက်ထက် အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးတွေက ဘယ်လိုအပိုင်းတွေ တိုးတက်လာတာ ရှိ သလဲ။
နော်စူစန်နာ – အရင်တုန်းက မလုပ်နိုင်တာတွေကို အခု လုပ်နိုင်တယ်။ စစ်သားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်တယ်။ ပစ္စည်းတွေကိုယူတယ်။ ပြီးတော့ မိန်းကလေးကို သတ်လိုက်တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မိန်းကလေးရဲ့ မိသားစုက သိချင်တယ်။ အဲဒီစစ်သားက ထွက်ပြေးသွားလား။ ဒါမှမဟုတ် အပြစ်ပေးခံရလားဆိုတာ သူတို့သိချင်တယ်။ ကျမတို့ ကော်မတီက ပေါ်အောင် လုပ်ဆောင်ခဲ့တယ်။ အဲဒီစစ်သားကို ဖမ်းပြီးပြီ။ တရားရုံးကိုပဲ ပို့ရတော့မယ်။ အဲဒါ သူတို့မိသားစုကို ပြန်ပြောပြတော့ သူတို့ ကျေနပ်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက စစ်သားတွေ လုပ်တာတွေ ဘာမှမသိဘူး။ အခု ကျမတို့ရဲ့ကော်မတီ မေးမြန်းတဲ့အပေါ်မှာ သူတို့ အဖြေပြန်ပြောပြရတယ်။ တိုးတက်တာတွေတော့ ရှိပါတယ်။

ကေအိုင်စီ – လက်ရှိ ပြည်တွင်းစစ်ဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကိုရော ကော်မတီက ဘာတွေ ကြားသိထားတာရှိသလဲ။ ဘာတွေကော ဆောင်ရွက်ပေးနေပါသလဲ။
နော်စူစန်နာ – အဲဒါတွေက ကွာတယ်။ တရားဝင် Complaint letter အနေနဲ့ စာတစ်စောင်မှ မလာဘူး။ ရှမ်းပြည်ဘက်ကပဲဖြစ် ဖြစ်၊ ကချင်ပြည်နယ်ဘက်ကပဲဖြစ်ဖြစ် ကျမတို့ မျှော်လင့်တယ်။ ကျမတို့တစ်ယောက်ချင်းစီ လိုက်ကူညီတယ်။ ကော်မတီကို စာမရောက်တဲ့အတွက် ကော်မတီအနေနဲ့ ၀ိုင်းဝန်းလုပ်ဆောင်လို့ မတတ်ဘူး။ သူတို့မသိတာလား မသိဘူးပေါ့နော်။ သူတို့ ကော် မတီကို တင်ပြမယ်ဆိုရင် ကျမတို့က ပွင့်ပွင့်လင်းလင်း ကူညီလို့ရတာပေါ့နော်။ တင်ပြလာချင်ရင်တော့
သို့
သဘာပတိ
အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာကော်မတီ
အမျိုးသားလွှတ်တော်
အခန်းအမှတ် (I-18)
နေပြည်တော်။
ကျမတို့ စာရရှိတယ်ဆိုရင် စာရရှိကြောင်း အကြောင်းပြန်တယ်။ ကျမတို့ ရှေ့နေနဲ့ ကူညီမယ်ဆိုရင် ရှေ့နေဖုန်းနံပါတ်တွေကို တစ်ခါတည်း ပေးတယ်။

ကေအိုင်စီ – ကော်မတီကို တိုင်ကြားလာတဲ့ တိုင်ကြားစာတွေအပေါ် ဘယ်လိုဖြေရှင်းသလဲ ပြောပြပေးပါလား။
နော်စူစန်နာ – ကျမတို့စာတွေ ရရှိတယ်။ အခက်အခဲတွေကို တင်ပြတယ်။ တချို့အခက်အခဲတွေက ရိုးရိုးပဲ။ တချို့ အခက်အခဲ တွေက ကြာပြီး။ မပြီးဆုံးသေးဘူး။ မလုပ်ဆောင်နိုင်သေးဘူး။ case တွေက ကြာပြီ။ အစိုးရသစ်တက်လာတဲ့အပေါ်မှာ သူတို့ပြန် တိုင်တာတွေ ရှိတယ်။ ၂၀၁၆ခုနှစ်ထဲမှာ ကလေး၊ အမျိုးသမီးနဲ့ဆိုင်တဲ့ complain letter က အစောင် (၆၀)လောက် ရှိတယ်။ နောက်တခုက ကျမတို့ ရှေ့နေတွေနဲ့ တွေ့ဆုံဆွေးနွေးတာ ရှိတယ်။ court (တရားရေး) အခက်အခဲတွေကို ဆွေးနွေးတယ်။
ပြောရမယ်ဆိုရင်တော့ ကျမတို့ စတင်ဖွဲ့စည်းခဲ့တာက မေလပေါ့။ တစ်နှစ်တော့ မပြည့်သေးဘူး။ စဖွဲ့တုန်းက အများသိအောင် ကြေညာတယ်။ အခက်အခဲတွေရှိရင် တိုင်ကြားနိုင်တယ်။ စာတွေကို ဒီလိုဒီလို ပို့ရမယ်။ ကျမတို့ ဒီလို ဖော်ပြကြေညာတဲ့အ တွက် စာတွေကို ရရှိတာပါ။ အဲဒီကွန်ပလိန်းစာတွေထဲမှာ မိန်းကလေးက များတယ်။ ကလေးနဲ့ ပတ်သက်တာ (၂)မှုပဲ ရှိတယ်။

ကေအိုင်စီ – တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသတွေမှာကော ဒီကော်မတီအနေနဲ့ ဖွဲ့စည်းထားတာမျိုး ဘယ်လိုရှိပါသလဲ။
နော်စူစန်နာ – နေပြည်တော်မှာ အမျိုးသားလွှတ်တော်မှာပဲ ရှိတယ်။ ပြည်သူ့လွှတ်တော်မှာ မရှိဘူး။ မွန်ပြည်နယ်လွှတ်တော်မှာ သူတို့ဖွဲ့မယ်လို့ ကျမကြားတယ်။ တိုင်းနဲ့ပြည်နယ်မှာ ကော်မတီမရှိသေးဘူး။ ရှေ့ဆက် ပြည်နယ်နဲ့တိုင်းမှာ ကော်မတီရှိဖို့က သဘာပတိ(စပီကာ)နဲ့ ပြည်သူတွေအပေါ်မှာပဲ မူတည်တယ်။ သူတို့က ရှိသင့်တယ်လို့ထင်ရင် ဖွဲ့စည်းဖြစ်မှာပါ။ သို့သော် ကျမ ကြုံရတဲ့ အမှုတစ်ခုမှာက ကရင်နဲ့ဆိုင်တယ်။ ကျူးလွန်သူက ကိုယ့်ကိုယ်ကို ကရင်လို့ ဖော်တယ်။ တချို့က ကရင်မဟုတ်ဘူးလို့ ပြောတယ်။ သူ့ကိုယ်သူ ပြောတာက စောတာပလဲ။ သူ့ရဲ့အမှုက မန္တလေးကို ရောက်တယ်။ မိန်းကလေးကို အကြမ်းဖက်တယ်။ တရားရုံးရောက်တယ်။ ကျမလည်းရောက်ပြီးတော့ တွေ့ခဲ့တယ်။ သူ့ကိုယ်သူ ကေအဲန်ယူလို့ ဆိုတယ်။ ကျမ ကေအဲန်ယူကို မေး တယ်။ သူတို့လူမဟုတ်ဘူးဆိုတာကို သူတို့စာထုတ်တယ်။ အဲဒီစာကို ကျမရုံးကို တင်တယ်။ ဒါကြောင့်မို့ ဒါက ကေအဲန်ယူနဲ့ ကျမတို့ ပူးတွဲလုပ်ဆောင်ခြင်းရဲ့ အားသာချက်ဖြစ်တာပေါ့နော်။ သူတို့လူမဟုတ်ကြောင်း သူတို့တင်ပြနိုင်တယ်။ ဒီလိုလုပ်ဆောင် ခြင်းတွေက ကောင်းတာပေါ့နော်။

ကေအိုင်စီ – အခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကောလဟလ သတင်းတွေထွက်လာတယ်။ အဲဒါက အမျိုးသမီးတွေ အိမ် ထောင်မပြု မနေရဆိုသလိုမျိုး၊ သမီးရည်းစားတွေအတူနေပြီး လက်မထပ်ရင် အရေးယူမယ်ဆိုတာမျိုး တရားဝင် မဟုတ်ဘဲ ပြောဆိုနေမှုတွေရှိတဲ့အပေါ်မှာ ဘယ်လိုပြောဆိုချင်ပါသလဲ။
နော်စူစန်နာ – အဲဒါတွေက မဟုတ်ဘူး။ ကျမထင်တာက တချို့က သူတို့ရဲ့သတင်းတွေကို ရောင်းရဖို့အတွက် ထူးခြားအောင် လုပ်တာပေါ့နော်။ အင်တာဗျူးမှာဆိုရင် အရှေ့ က မထည့်ဘဲနဲ့ ဖြတ်ထည့်တာတွေကြောင့် အများက အမှန်လို့ ထင်ကြတယ်။ ဒါကြောင့်မို့ မီဒီယာတချို့ကလည်း မီဒီယာအက်သစ်(ကျင့်ဝတ်)ကို လိုက်နာသင့်တာပေါ့နော်။ လွှတ်တော်မှာ ကျမတို့ မဆွေး နွေးဘူး။ ကျမတို့ မဆုံးဖြတ်ဘူး။ မီဒီယာတချို့ရဲ့ အက်သစ်နဲ့မညီတာတွေကြောင့် ဖြစ်ပါတယ်။

ကေအိုင်စီ – ရန်ကုန် အပါအ၀င် မြို့တွေအတော်များများမှာ အနှိပ်ခန်းလို၊ ကာရာအိုကေဆိုင်လိုမျိုးတွေမှာ ကျေးလက်နေ အမျိုး သမီးတွေ လာရောက်လုပ်ကိုင်နေကြတာရှိတယ်။ သူတို့တွေကို အဖက်ဖက်က ကာကွယ်ပေးနိုင်ဖို့ ကော်မတီအနေနဲ့ ဘယ်လို ပြင်ဆင်ပေးထားလဲ။
နော်စူစန်နာ – sex worker နဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းစည်းကမ်းရှိတယ်။ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို အများက သဘောမတူဘူး။ အဲဒါကို ပြန်ပြင်ရမယ်ဆိုတာ ကျမတို့က လက်ခံတာပေါ့နော်။ သူတို့အတွက် ကျမတို့ ပြန်ပြင်ဆင်ရမယ်။ ကာရာအိုကေတို့၊ ဘာတို့ ဆိုပြီးတော့ သီးသန့်မရှိဘူး။ ဒါပေမယ့် သူတို့အလုပ်လုပ်မယ့် အချိန်ကတော့ အခွင့်အရေး ရှိရမှာပေါ့။ လစာတွေကလည်း အများနည်းတူ သူတို့အခွင့်အရေး ရှိရမယ်။
Complain letter (တိုင်စာ) ၆၀မှာ အများအားဖြင့် ဖြေရှင်းလို့ရတယ်။ စစ်နဲ့ပတ်သက်တာတောင် ကျမတို့ ဖြေရှင်းနိုင်သေးတာ ပဲ။ ဒါပေမယ့် အခက်အခဲရှိတာက စောတာပလဲအမှုမှာ သူက ရုံးတော်က ခေါ်တယ်။ မလာဘူး။ ထွက်ပြေးလွတ်မြောက်တယ်။ ကျမ ကြားတာက peace-council မှာ သွားဝင်တယ်။ ကေအဲန်ယူ လူမဟုတ်ဘူး။ ကျမ အကြံပြုချင်တာက Peace-council က လက်မခံသင့်ဘူး။ ဒီအမှုကို သူတို့ အရင်ဆုံး ဖြေရှင်းသင့်တယ်။ မဖြေရှင်းဘဲနဲ့ လက်ခံတာက အခက်အခဲ ကြီးကြီးမားမား ဖြစ် တယ်။ ဒီလိုအမှုတွေက မပြတ်သေးဘူး။

ကေအိုင်စီ – ကော်မတီရဲ့ လုပ်ဆောင်မှုတွေမှာ အားနည်းချက် အားသာချက်တွေက ဘယ်လိုရှိတယ်လို့ ပြောနိုင်မလဲ ဆရာမ။
နော်စူစန်နာ – ကျမတို့ ကော်မတီက အဖွဲ့ဝင် (၁၅)ယောက်ရှိတယ်။ ကျမတို့ သဘာပတိက ဆရာဝန်ကြီးပေါ့နော်။ ကျမက အတွင်းရေးမှူး တခြားလူတွေက အဖွဲ့ဝင်တွေပေါ့နော်။ တချို့က သူတို့နဲ့ဆိုင်တဲ့ Gender တို့၊ women right, child right တို့ ကို သိပ်မသိဘူး။ ဒါက သူတို့ရဲ့ အားနည်းချက်ချည်းပဲ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ NLD ရဲ့ ပါလီမန်(MP) က အများ အားဖြင့် နိုင်ငံရေးအကျဉ်းသားပေါ့နော်။ ထောင်ကျတဲ့အတွက် သိပ်မသိဘူးပေါ့နော်။ Gender ဆိုတာ သိပ်မကြားဘူးကြဘူး။ ဒါကြောင့်မို့ technical အခက်အခဲ ရှိတယ်။ တဖက်ကလည်း commitment ရှိတယ်။ ကျမတို့ အကောင်းဆုံးလုပ်မယ်။ အား နည်းချက်ကို ပြောမယ်ဆိုရင်တော့ knowledge တို့၊ skills တွေ အားနည်းချက်ရှိတာပေါ့။

ကေအိုင်စီ – အရင်က ဆရာမအနေနဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကို တက်တက်ကြွကြွ၊ ထိထိရောက် ရောက် လုပ်ဆောင်ခဲ့တာ တွေ့မြင်ခဲ့ရတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားတော့ လုပ်ဆောင်ရတာတွေက ကွာခြားမှု ဘာတွေရှိသလဲ။
နော်စူစန်နာ – ပြောရမယ်ဆိုရင် ကျမတို့ (MP)နဲ့ ကော်မတီရဲ့အတွင်းရေးမှူး ဖြစ်တယ်ဆိုတော့ ပါဝါတော့ ရှိမှာပေါ့နော်။ စစ်သား တွေ၊ စစ်ဗိုလ်တွေ ခေါ်ယူမေးမြန်းနိုင်တယ်။ တရားသူကြီးတွေ မဟုတ်မမှန်တာတွေလုပ်ရင် ကျမတို့ ခေါ်ယူမေးမြန်းနိုင်တယ်။ ဥပဒေတွေကို ကျမတို့ လုပ်နိုင်တယ်။ တဖက်ကလည်း ပွင့်ပွင့်လင်းလင်းပြောဆိုဖို့က activate (အက်ထီဘိတ်)လို ပြောလို့မရ ဘူး။ ကျမ KWEG မှာလုပ်တုန်းက ကျမ မကြိုက်တာကို မကြိုက်ကြောင်း ပြောတယ်။ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ ဒါပေ မယ့် အခု ကျမ MP ဖြစ်နေပြီ။ ပွင့်ပွင့်လင်းလင်း ပြောလို့မရဘူး။ ဒါက ကွာခြားချက်တစ်ခု ဖြစ်တာပေါ့နော်။

ကေအိုင်စီ – အခြားဘယ်လို အဖွဲ့အစည်းတွေနဲ့ကော ကော်မတီက ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိပါသေးလဲ။
နော်စူစန်နာ – အခုကျမတို့ women organization network တွေနဲ့ ပူးပေါင်းလုပ်ဆောင်တယ်။ Gender equality network တွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်တယ်။ တစ်ဦးတစ်ယောက်ချင်းစီကလည်း လုပ်ဆောင်တာပေါ့နော်။ UN Women, UN organization, UNICEF နဲ့လည်း ပူးပေါင်းလုပ်ဆောင်မယ်။ ဘာကြောင့်လည်းဆိုတော့ တခါတလေ လိုအပ်တဲ့ information တွေအတွက် ကျမတို့ ပူးပေါင်းလုပ်ဆောင်ကြတယ်။

ကေအိုင်စီ – ဆရာမတို့ ကော်မတီက အမျိုးသမီးနဲ့ ကလေးတွေအတွက် ဆိုပေမယ့် ကော်မတီဥက္ကဌကျတော့ အမျိုးသားဖြစ်နေ တာကို ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် ဘယ်လိုပြောချင်ပါသလဲ။
နော်စူစန်နာ – အမျိုးသမီးဆိုင်ရာ ကော်မတီဖြစ်တဲ့အတွက် သဘာပတိက အမျိုးသမီးဖြစ်သင့်တာပေါ့နော်။ ဒါပေမယ့် ပထမဦး ဆုံးအနေနဲ့ မရည်ရွယ်ဘဲ အတွေ့အကြုံ၊ အသက်အရွယ်အရ ကြည့်ပြီး သူတို့ထားတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အများ အပြော များတဲ့အတွက် နောက်တစ်သုတ်မှာ အမျိုးသမီးခေါင်းဆောင်ဖြစ်လာမှာပါ။

ကေအိုင်စီ – မေးမြန်းတဲ့အထဲမှာ မပါဝင်သေးတာ သို့မဟုတ် ထပ်မံဖြည့်စွက်ပြောလိုတာရှိရင် နောက်ဆုံးအနေနဲ့ ဘာတွေ ပြော ဆိုချင်ပါသလဲ။
နော်စူစန်နာ – ကျမတို့ ကော်မတီက technical နဲ့ skills ပိုင်းမှာ အားနည်းချက်ရှိတယ်ဆိုတာကို ကျမပြောထားပြီးသားပဲ။ ကျမ ကိုကူတဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် (information) သတင်းအချက်အလက် များများလိုတယ်။ ဒါကြောင့်မို့ လွန်ခဲ့တဲ့လမှာ ကျမ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက သက်ငယ်မုဒိမ်းတွေက များတယ်။ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ ရှိလာတယ်။ ထောင်ချတာတွေက ၁နှစ်ပဲ ရှိတယ်။ ၂နှစ်ပဲ ရှိတယ်။
မသင့်တော်ဘူး။ ဘယ်သူတွေ လုပ်တာလဲ။ တရားသူကြီးနာမည်။ တရားရုံးအမည်၊ မြို့နာမည်တွေ ပေးပါ။ ကျမမေးမြန်းပါ့မယ်။ ဒါပေမယ့် အဲဒါတွေ မပေါ်လာဘူး။ ဘယ်မြို့မှာ အဲဒီအမှုတွေ ဘယ်လောက်ရှိလဲ။ တရားရုံးကြာမြင့်မှု ဘယ်လောက်ရှိလဲ။ ကျမတို့ ဥပဒေတွေ ဆွဲရင် ပါအောင်ပေါ့။ ဒါပေမယ့် Complain တွေပဲ တက်လာတယ်။ ကျမလိုချင်တဲ့ information တွေ မတက်လာဘူး။
ကျမ CSOတွေကို ပြောချင်တာက ကျမတို့နဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ သူတို့ရဲ့ သတင်းအချက်အလက်တွေက ground မှာ လာ တဲ့အတွက် အဲဒါတွေကို ကိုင်စွဲပြီး တာဝန်ရှိတဲ့သူတွေ ရဲလား။ စစ်တပ်လား။ ကျမတို့ ကိုင်လို့ရတယ်။ တရားသူကြီးချုပ်လား။ ကျမတို့ ပြောဆိုလို့ရတယ်။ ဒါပေမယ့် သတင်းအချက်အလက်တွေ မရှိဘူးဆိုရင် သူတို့ကို ဆင့်ခေါ်၊ ခေါ်တွေ့ဖို့ ပါဝါ ရှိပေမယ့် ကျမတို့ မလုပ်နိုင်ဘူး။ ကျမပြောချင်တာက ကျေးဇူးပြုပြီး ကျမတို့ကို information ပေးပါ။ နာမည်ဖော်စရာမလိုဘူး။ သူတို့ရဲ့ လုံခြုံရေးကို ကျမတို့သိတယ်။ ဒါပေမယ့် သတင်းအချက်အလက်အတွက် ကျမတို့နဲ့ ပူးပေါင်းလုပ်ဆောင်ပါဆိုတာကို ပြောချင်ပါ တယ်။

# နော်စူစန်နာလှလှစိုးသည် ရန်ကုန်မြို့ အခြေစိုက် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(Karen Women Endowment Group – KWEG)ကို စတင် ဖွဲ့စည်းတည်ထောင်ခဲ့သူဖြစ်ပြီး ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၈ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ အထွေ ထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံရာမှ မဲအနိုင်ရရှိခဲ့သူဖြစ်သည်။

via Karen Newsletter http://ift.tt/2igTAKd http://kicnews.org

ဒီချုပ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ပါတီဝင်များ အောက်ခြေလွတ်၊ ဘဝင်မြင့်က လူထုဒဏ်ခတ်ခြင်းခံရမည်ဟု ပါတီခေါင်းဆောင်များသတိပေး

ဓာတ်ပုံ − စိုင်းဇော်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရွေးချယ်ထား သော အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ် များနှင့် ပါတီဝင်များသည် ပြည်သူ များ စိတ်ပျက်စေမည့်လုပ်ရပ်များ မပြုလုပ်ရန်နှင့် အောက်ခြေလွတ်၊ ဘဝင်မြင့်နေပါက ပြည်သူလူထု ၏ဒဏ်ခတ်ခြင်းခံရမည်ဟု ပါတီ ခေါင်းဆောင်များက သတိပေး ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ရန်ကုန်တိုင်းဒေသ ကြီး ဆဋ္ဌမအကြိမ်မြောက် တိုင်း၊ ခရိုင်၊ မြို့နယ်များစုံညီတွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ရှိ စကိုင်းစတားဟို တယ်၌ ပြုလုပ်စဉ် ပါတီခေါင်း ဆောင်များဖြစ်သည့် နာယကဦး တင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်များ ဖြစ်သည့် ဦးဝင်းမြင့်၊ ဦးဝင်းထိန် တို့က အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ ဒုက္ခသုက္ခဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ကို ကောင်းစွာ ရပ်တည်ပေးခဲ့တာ ဟာ အခြေခံပြည်သူလူထုဖြစ်ပါ တယ်။

တိုင်းရင်းသားအဖွဲ့အ စည်းတွေ ဖြစ်ကြပါတယ်။ အခြေခံအင်အားဖြစ်တဲ့၊ ကျေးလက်မှာရှိကြတဲ့ ပြည်သူလူထုတစ်ရပ်လုံး ရဲ့လုပ်ကိုင်စားသောက်နေထိုင်ရ တဲ့အပေါ်မှာ မိမိတို့ဟာ ဘယ်လောက်ကြိုးစားပြီးတော့ ကူညီထောက်ပံ့စွမ်းဆောင်နိုင်မှုပြုမလဲ ဆိုတာကို အားလုံးပြသဖို့ လိုတယ်’’ဟု ဦးတင်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ပါတီ၏လာမည့် အဆင့်ဆင့် သော ဆောင်ရွက်ချက်များတွင် ပြည်သူလူထုအော့နှလုံးနာဖွယ်၊ စိတ်ပျက်ဖွယ်အလုပ်များကို အဖွဲ့ဝင်များက တစိုးတစိမျှ မလုပ်မိ စေရန်နှင့် အဖွဲ့ဝင်တစ်ဦးနှင့် တစ်ဦးအကြား အချင်းချင်းအကြံပေး ခြင်း၊ သတိပေးခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင် ရာ အောင်မြင်ကြောင်း လုပ် ဆောင်ရန် ဦးတင်ဦးက သတိပေး သည်။

‘‘လုပ်မှားကိုင်မှားလေးတွေ မဖြစ်အောင်တော့ အထူးသတိ ထားကြပါ။ အထူးသတိပြုကြပါ။ ဒါ အင်မတန်မှ အရေးကြီးပါ တယ်။ ကျွန်တော်တို့အချင်းချင်း က တစ်ယောက်နဲ့တစ်ယောက် လုပ်မှားကိုင်မှား ပြောမှားဆိုးမှား ရှိလို့၊ လုပ်တာကိုင်တာမှားလို့ ကျွန်တော်တို့ အချင်းချင်းမှာ ပြဿနာမရှိပေမယ့် ပြဿနာရှိ တဲ့သူအတွက်ကတော့ ပြဿနာ ဖြစ်သွားနိုင်ပါတယ်။ ဒီလောက် ဆိုရင် သဘောပေါက်မယ်ထင်ပါ တယ်’’ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦး ဝင်းမြင့်က ပြောသည်။

ဒီချုပ်အဖွဲ့ဝင်များအလုပ် လုပ်ရာတွင် ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေး စသည့် အာဏာများကို အထူးသတိထား ရန်နှင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား၊ တစ်ဦးနှင့်တစ်ဦးအကြား ဝင် ရောက်စွက်ဖက်ခြင်းမပြုရန် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။

ဆက်လက်၍ ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ အတွင်းရေးမှူးအ ဖွဲ့ဝင် ဦးဝင်းထိန်က အစိုးရအဖွဲ့ ၏အုပ်ချုပ်ရေးအဖွဲ့များ၊ လွှတ် တော်ဥပဒေပြု ကဏ္ဍများတွင် အသားကျနေပြီဖြစ်သော်လည်း မျှော်လင့်ချက်ကြီးစွာ ဆန္ဒမဲပေး လိုက်သည့် ပြည်သူလူထု၏စီးပွား ရေးအခြေအနေကို တိုးတက်ရန် လုပ်ဆောင်နိုင်ခြင်း မရှိသေး ကြောင်း ဝန်ခံပြောကြားသည်။

‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တွေ၊ အထူးသဖြင့် တာဝန် ရှိတဲ့ ပုဂ္ဂိုလ်တွေက ကြိုးစားပြီး တော့ ဆောင်ရွက်ခြင်းအားဖြင့်  အဲဒီ ဒီမိုကရေစီအညှောင့်လေး ဟာ အပင်ဖြစ်လာမယ်။ ဒီငါးနှစ် နဲ့ အောင်မြင်မယ်လို့တော့ မယုံ ကြည်သေးဘူး။ ပြည်သူလူထုအ ကျိုးကို ဖန်တီးခြင်းအားဖြင့် ပြည် သူလူထုက ဆက်လက်ထောက်ခံ ရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်ပြီး တာဝန်ယူရမှာ။ အဲဒီလိုမှမ ဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် သတိပေးသလို အောက်ခြေလွတ် နေမယ်၊ ဘဝင်မြင့်နေမယ်ဆိုရင် တော့ ပြည်သူလူထုဒဏ်ခတ်တာ ခံရမယ်ဆိုတာကို ကျွန်တော်ကြုံ တုန်းမှာ သတိပေးပါရစေ’’ဟု ဦး ဝင်းထိန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအစိုးရအဖွဲ့တက်လာပြီး ခုနစ်လအကြာတွင် ပြောင်းလဲမှု အချို့ ရှိခဲ့ကြောင်းနှင့် အချို့ ပြောင်းလဲမှုများသည် မြင်သာထင်သာရှိသော်လည်း အချို့ပြောင်းလဲမှုများမှာ မြင်သာထင်သာရှိ သည့် ပြောင်းလဲမှုများ မဟုတ် ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

via 7 Days News http://ift.tt/2f1H8xh http://ift.tt/1Vus636

အမျိုးသမီးတွေ ထိုက်ထိုက်တန်တန်နေရာ မရသေးဘူးလို့ ဆိုလိုက်တဲ့ ဒေါ်စောမြရာဇာလင်း

ဒီတစ်ပတ်မှာတော့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီတွေ့ဆုံမေးမြန်းချက်တွေထဲမှာ ရခိုင်တိုင်းရင်းသူတစ်ဦးအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် သဘောထားတွေ ရခိုင်ပြည်နယ်အတွက် မျှော်လင့်ချက်တွေ အမျိုးသမီးခေါင်းဆောင်တစ်ဦးအနေနဲ့ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေကို ကြားရသိကြရမှာဖြစ်ပါတယ်။

မင်္ဂလာပါ ဆရာမ စောမြရာဇာလင်းရှင့်။

ပထမဆုံးအနေနဲ့ ဆရာမ မိုင်ဂျာယန် အစည်းအဝေးကိုလည်း တက်ခဲ့တယ်လို့ သိရတယ်။ အဲဒီအစည်းအဝေးပေါ်မှာ ဆရာမရဲ့ စိတ်ကျေနပ်မှု ရှိခဲ့သလားဆိုတာကို သိချင်ပါတယ်ရှင့်။

ဟုတ်ကဲ့။ အားလုံးကျေနပ်တယ်လို့တော့ ပြောလို့မရဘူးပေါ့။ ဒါပေမယ့် ကျေနပ်သင့်သလောက် ကျေနပ်ပါတယ်။ ပထမဆုံးအနေနဲ့ ဆိုလို့ရှိရင် ကျွန်မတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကြားမှာ တချို့ကတော့ လက်မှတ်ထိုးသွားကြတယ်။ တချို့ကလည်း လက်မှတ် မထိုးဘဲ ကျန်ခဲ့တာပေါ့။ အဲလိုအနေအထားမျိုးတွေမှာ ကျွန်မတို့ ပထမဆုံးအကြိမ် အနေနဲ့ မန်ဂျာယန်မှာ ဆုံဖြစ်တယ်။ အဲလို ဆုံဖြစ်ခြင်းသည်လည်း ကျွန်မတို့အတွက် ကောင်းသော ရလဒ်တစ်ခုအဖြစ် ရှုမြင်ပါတယ်။

ဟုတ်ကဲ့ပါ။ လာမယ့် ၃၁ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံအတွက် ဆရာမရဲ့ ကြိုတင်ပြင်ဆင်ချက်လေးလည်း သိပါရစေရှင့်။

လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပေါ့လေ ၂၁ ရာစု ပင်လုံဆိုပြီးတော့မှ နိုင်ငံတော် အတိုင်ပင်ခံကနေပြီးတော့ သုံးနှုန်း ခေါ်ဝေါ်ထားတာပေါ့။ အဲလိုညီလာခံကြီးတစ်ခု ကျင်းပတယ် ဆိုတာဟာ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အဲဒါဟာ အင်မတန်မှ အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ ပြည်တွင်းစစ်က နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီဖြစ်တယ်။ ဘာကြောင့် ပြည်တွင်းစစ်ဖြစ်သလဲ။ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို မရလို့ ဖြစ်တယ်။ အဲဒါ ရှင်းရှင်းလေးပဲ။ အဲလို ရပိုင်ခွင့်တွေကို တိုက်ပွဲနဲ့ပဲ ဖြေရှင်းဖို့ရာအတွက် နှစ်ပေါင်းများစွာ တိုက်လာခဲ့ပြီးပြီ။ အများကြီး သေခဲ့ကြပြီ။ သွေးချောင်းတွေလည်း စီးခဲ့ကြပြီ။ မြေစာပုံတွေလည်း များခဲ့ကြပြီ။ ဒါပေမယ့် ပြဿနာကို ကျွန်မတို့ မဖြေရှင်းနိုင်ခဲ့ကြဘူး။ ၂၀၁၂ ခုနှစ်ကနေပြီးတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်လာတယ်။ ဒီအပြောင်းအလဲရဲ့ အကျိုးဆက်လို့ ကျွန်မတို့အနေနဲ့ ပြောလို့ရတယ်။ အခုလာမယ့်   ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဟာဆိုလို့ရှိရင် အမည်နာမအားဖြင့် ဒုတိယ အကြိမ်လို့ မတပ်အပ်သော်လည်း ပထမက ကျင်းပခဲ့ပြီဖြစ်တဲ့ ညီလာခံရဲ့ ကွင်းဆက်ဆိုတာ မမှားနိုင်ဘူး။ ကျွန်မတို့တွေ ဆက်ပြီးတော့မှ ညီလာခံတွေကို ကျင်းပရင်းနဲ့ပဲ ကျွန်မတို့တိုင်းပြည်ထဲမှာ ငတ်မွတ်ခေါင်းပါးနေကြတဲ့ ပြဿနာတွေ တိုင်းရင်းသားတစ်ရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ့်မဖန်တီးနိုင်ကြဘူး။ မွေးရာပါ အခွင့်အရေးတွေကို အပြည့်အဝ မရကြဘူး။ စသည်ဖြင့် လူ့အခွင့်အရေးများစွာ ရှုထောင့်ပေါင်းစုံက ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ကျွန်မတို့က စားပွဲဝိုင်းမှာ အဖြေရှာဖို့အတွက် ဒီလိုညီလာခံတွေ ကျင်းပလာရခြင်း ဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအပေါ်မှာ ဆရာမရဲ့ မျှော်လင့်ချက်တွက်၊ အိပ်မက်တွေလည်း သိပါရစေ။

ဟုတ်ကဲ့။ အိပ်မက်တွေ ရှိပါတယ်။ မျှော်လင့်ချက်တွေလည်း ရှိပါတယ်။ ဥပမာ ရခိုင်ဆိုပါစို့ ။ ရခိုင်တွေမှာ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ ဥပမာအနေနဲ့ အထင်ကရ   ပြောမယ်ဆိုရင် မြောက်ဦးကို သွားလိုက်လို့ရှိရင် အခြားနိုင်ငံတွေကို သွားလိုက်ရတာထက် မတူဘူး။ တအား ခံစားချက်တွေရှိတယ်။ ကျွန်မတို့မြင်ချင်တဲ့ ကျွန်မတို့ နန်းတော်ရာကို ကျွန်မတို့ ကောင်းစွာ မမြင်ရတော့ဘူး။ ပြိုပျက်နေပြီးတော့မှ အများကြီး ခံစားချက်မကောင်းတာတွေလည်း ဖြစ်ရပါတယ်။ ထိုနည်းလည်ကောင်း စာပေတွေ ရိုးရာအမွေအနှစ်တွေ၊ စသည်အားဖြင့် ပျောက်ဆုံးနေတာ ဆုံးရှုံးနေတာတွေ အများကြီးရှိတယ်။

ကျွန်မတို့က ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရလာဖို့အတွက် တိုက်ပွဲဝင်နေတယ်။ အရင်ကတော့ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဝင်ပေါ့။ အခုတိုက်ပွဲဟာဆိုရင် နှလုံးရည်တိုက်ပွဲဘက်ကို ဦးတည်လာတယ်။ အဲလို နှလုံးရည်တိုက်ပွဲကနေပြီးတော့မှ ပြဿနာတွေအားလုံးကို စားပွဲခုံပေါ်မှာ ဖြေရှင်းဖို့ရာအတွက် ကြိုးစားလို့ ကျွန်မတို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မတို့လိုချင်တာတွေ ရလာနိုင်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ဖန်တီးချင်တဲ့ ကျွန်မတို့နိုင်ငံကို အလှဆုံးအနေနဲ့ ကျွန်မတို့ ဖန်တီးနိုင်လိမ့်မယ်။ ဖန်တီးဖို့လည်း မျှော်လင့်ပါတယ်။

အခုလက်ရှိပေါ့နော် ဆရာမရဲ့ ရခိုင်ပြည်နယ်အပေါ်မှာရော မြင်နေတဲ့အမြင်လေးကို ပြောပြပေးပါဦး။

ဟုတ်ကဲ့။ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံ အုပ်ချုပ်ပုံအရဆိုရင် ကျွန်မတို့ ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်ကြသေးဘူး။ ရခိုင်ပြည်နယ်အစိုးရဆိုပြီးတော့ အဖွဲ့အစည်းတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ဗဟိုကပဲ အားလုံးချုပ်ကိုင်တယ်။ ဒါဟာ ဒီမိုကရေစီမကျသလိုပဲ ဖက်ဒရယ်လည်း မဟုတ်ဘူး။ အဲဒါကြောင့်မို့ အခု ကျွန်မတို့ တောင်းဆိုနေတဲ့ အနေအထားဟာဆိုရင် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီ တိုင်းပြည်ဖြစ်ရမယ်။ ဒီမိုကရေစီ ရှိရမယ်။ အဲဒီတိုင်းပြည်ဟာ ဘာလဲ ဖက်ဒရယ်စနစ်ကို တည်ဆောက်တဲ့ Power Sharing ကို သုံးနိုင်တဲ့ တိုင်းပြည်ဖြစ်ရမယ်ဆိုတာ ကျွန်မတို့ရဲ့ အခုလက်ရှိ ကြိုးစားနေတဲ့ အိပ်မက်ပါ။

ဟုတ်ကဲ့ပါဆရာမ။ နောက်တစ်ခုက လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲဆိုတာကို သုံးသပ်ပေးပါဦး။

စိတ်ပူမှုတွေရှိပါတယ်။ အဲဒီစိတ်ပူမှုက ဘာလဲဆိုရင် တိုင်းရင်းသားတွေက အခွင့်အရေးတွေကို တောင်းဆိုလာပြီဆိုရင် နောက်ပြန်လှည့်မှာကို ကျွန်မတို့ စိတ်ပူမှုတွေ ရှိပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ စဉ်းစားကြည့်လိုက်လို့ရှိရင်လည်း ပွင့်လင်းမြင်သာမှုကို ရှိတဲ့ အနေအထားတစ်ခုခုကို ရောက်လာပြီဆိုလို့ရှိရင် နောက်ပြန်လှည့်တယ်ဆိုတာလည်း ဖြစ်ချင်မှ ဖြစ်မယ်ပေါ့။ ဒါပေမယ့် အရင်ကဖြစ်ခဲ့တာတွေ အများကြီး ရှိခဲ့တာမို့ အဲလို စိန်ခေါ်မှုတွေအပေါ်မှာ သံသယတွေရှိတယ်။ သံသယတွေ ပြေပျောက်ပြီလားဆိုရင် အားလုံးမပျောက်နိုင်သေးဘူး။

ဒါပေမယ့်လည်း ကျွန်မတို့လည်း သတိကြီးစွာ သွားပါတယ်။ ဆိုလို့ရှိရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစဉ်အဆက် အုပ်ချုပ်လာတဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ တိုင်းရင်းသားတွေကတော့ ဖက်ဒရယ် ကိုတော့ ပြောနေကြတယ်။ တစ်ချိန်ချိန် တစ်နေ့နေ့မှာ ခွဲထွက်မှာလား ဆိုတာမျိုးကို စိတ်ပူနိုင်တယ်။ စိတ်ပူမှုတွေ ရှိနိုင်တယ်။ အဲလိုအမြင်တွေကတော့ နှစ်ဖက်စလုံးမှာ ရှိနိုင်တယ်။ ဒါကလည်း စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောပါတယ် ခွဲထွက်ခွင့်မပါသော ပင်လုံပေါ့လေ ခွဲထွက်ခွင့်မပါသော ဖက်ဒရယ်စနစ်ကို သူက တည်ဆောက်ချင်တယ်လို့ ပြောပါတယ်။ ရွာလေးတစ်ရွာမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာဆိုလို့ရှိရင် ကိုယ့်အိမ်လေးကို ဆောက်နေကြတယ်။ သာတူညီမျှရှိတယ်။ ဆေးခန်းတွေ ရှိတယ်။ ကျောင်းလေးရှိတယ်။ စာသင်ဖို့ဆိုရင်လည်း အဆင်ပြေတယ်။ သောက်ရေဆိုရင်လည်း အားလုံး အတူတူ လုံလုံလောက်လောက်ရတယ်။ ကိုယ့်ရဲ့ မိသားစုဘဝကိုလည်း ဖန်တီးနိုင်ခွင့် ရှိတယ်ဆိုရင် အဲဒီရွာက ခွဲထွက်ချင်မှခွဲထွက်မယ်။ ဒါပေမယ့် အဲလိုတော့မဟုတ်ဘူး ရွာသူကြီး လုပ်တဲ့သူက အမြဲတမ်း ငြူဆူပြီးတော့မှ အပြစ်ရှာနေတယ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုလို့ရှိရင် အဲဒါဟာ ဘယ်သူမှ ပြောလို့မရတဲ့ ကိစ္စဖြစ်တယ်။ အဲဒါကြောင့်မို့ အဓိကက ဘာလဲဆိုရင် ခွဲခြားမဆက်ဆံဖို့နဲ့ သာတူညီမျှဖြစ်ဖို့ အားလုံး ညီတူညီမျှ ဘယ်လိုဖြစ်မလဲဆိုတာကတော့ အဓိက အရင်းခံပဲ ဖြစ်ပါတယ်။

ဟုတ်ကဲ့ပါဆရာမ နောက်ဆုံးမေးခွန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို ဆရာမအနေနဲ့ သုံးသပ်ပေးပါဦး။

အားမရသေးပါဘူး။ ကျွန်မတို့ဆိုလို့ရှိရင် ရခိုင်အမျိုးသမီးများအစည်းအရုံးကို ဖွဲ့စည်းပြီးတော့မှ အမျိုးသမီးတွေရဲ့ Capacity ကို မြှင့်တင်လာတာကိုလည်း ကျွန်မတို့ နှစ်ပေါင်း ၁၇ နှစ် ရှိပါပြီ။ ထိုနည်းလည်ကောင်းပဲ WLB ကို ကျွန်မတို့ရဲ့လက်နဲ့ ကျွန်မတို့ရဲ့ ဦးနှောက်နဲ့ တည်ဆောက်လာ ခဲ့ကြတယ်။ ပြီးလို့ရှိရင် စွမ်းအင်မြင့်တက်လာအောင် ပြည်နယ်တိုင်းက အမျိုးသမီးတွေကို ကျွန်မတို့ ခေါ်ပြီးတော့မှ စွမ်းရည်မြှင့်တင်တယ်။ ပြီးလို့ရှိရင် ဒီအမျိုးသမီးတွေရဲ့ စွမ်းအားနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကိုလည်း ကြိုးစားခဲ့ကြတယ်။

ကျွန်မတို့ရဲ့ သမီးလေးတွေ ညီမလေးတွေက နေရာအသီးသီးကို သွားရတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံပေါင်းများစွာ အတော်များများကို ရောက်ကြတယ်။ အဲလိုသွားတာဟာ   မြန်မာနိုင်ငံရဲ့   ပြုပြင် ပြောင်းလဲရေးအတွက်ကို ကျွန်မတို့ အမျိုးသမီးတွေရဲ့ အစွမ်းနဲ့ တိုက်ပွဲဝင်ခဲ့တာ ဒါဆိုရင် အခု မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဟာ အထဲကနေပြီးတော့ လုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ အစွမ်းအစတချို့ ပါမယ်။ ကျွန်မတို့ ပြည်ပကလုပ်တဲ့ အင်အားတွေရဲ့ တွန်းအားတွေကြောင့်လည်း အများကြီး ပါပါတယ်။

ဒီမြန်မာနိုင်ငံဟာ မပြောင်းလဲလို့ မရတော့ဘူး။ ပြောင်းလဲလာတယ်။ ဒါဟာ ကျွန်မတို့ ပျိုးခဲ့တဲ့ စိုက်ခဲ့တဲ့ သစ်ပင်တွေရဲ့ အသီးအပွင့်တွေရဲ့ ခွန်အား အဲဒါတွေဟာ အကျိုးပြုခဲ့တာပဲ ဖြစ်တယ်။ ဒါပေမယ့် ဒီနေ့ထိ ကျွန်မတို့က ရည်မှန်းတိုင်းအတိုင်းကို မရောက်လာသေးဘူး။ အခု UPDJC  ကျွန်မတို့ အမျိုးသမီး တစ်ယောက်စ နှစ်ယောက်စ ပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီးတွေဟာ ဆိုလို့ရှိရင် ထိုက်ထိုက်တန်တန် နေရာမရသေးဘူးလို့ ကျွန်မ တစ်ယောက်တည်းအနေနဲ့ မြင်တယ်ပေါ့လေ။

ကျွန်မကတော့ တိုက်ပွဲဝင်စိတ် ရှိတယ်။ ရှေ့မှာလည်းပဲ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍတွေကို ရောက်တဲ့အခါမှာ အမျိုးသမီးတွေဟာ ဝန်ကြီးဌာနတွေမှာ ဘယ်လောက်ပါလာမလဲ။ အမတ်နေရာတွေမှာ ဘယ်လောက်ပါလာမလဲ။ ပြည်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေမှာ အမျိုးသမီးတွေ ဘယ်လောက်ပါလာမလဲဆိုတာကတော့ ကျွန်မတို့ စောင့်ကြည်နေသလိုပဲ ထိုင်ကြည့်နေဖို့တော့ မဟုတ်ဘူး။ ကျွန်မတို့ အမျိုးသမီးတွေရဲ့ အင်အား နိုင်ငံတကာရဲ့ အင်အားပြီးလို့ရှိရင် ပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ် အင်အားတွေနဲ့အတူ ကျွန်မတို့ ရှေ့ဆက်ပြီးတော့ ကြိုးစားသွားရဦးမှာပါ။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/2e1k0zB http://ift.tt/1nfHMox

ရည်ညွှန်းစာကြည့်တိုက်တွေရဲ့ ဖွံ့ဖြိုးမှုက အားရစရာတော့မရှိဘူး – ကိုစိုးမင်း (စာကြည့်တိုက်မှူး)

မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်းကနေပြီးတော့ ရည်ညွှန်းစာကြည့်တိုက်တခုကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါတယ်။ ဒီရည်ညွှန်းစာကြည့်တိုက်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ့ယဉ်ကျေးမှုသုတေသန ရည်ညွန်းစာကြည့်တိုက် တာဝန်ရှိသူတဦးဖြစ်တဲ့ စာကြည့်တိုက်မှူး ကိုစိုးမင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – မြန်မာ့ယဉ်ကျေးမှု သုတေသနအသင်းကနေပြီးတော့ ရည်ညွှန်းစာကြည့်တိုက်တခုကို ဖွင့်ထားတယ်လို့ သိရတယ်ရှင့်။ အဲဒီတော့ ရည်ညွှန်းစာကြည့်တိုက် စပြီးတော့ ဖွင့်ဖြစ်တဲ့ အကြောင်းလေးပေါ့နော်။ အဲဒီအကြောင်းလေးကို အရင်ဆုံး ပြောပြပေးပါရှင့်။

ဖြေ – ရည်ညွှန်းစာကြည့်တိုက်ကို ကျနော်တို့ ဘာကြောင့် စပြီးဖွင့်ဖြစ်လဲဆိုတော့ အရင်ဆုံး မြန်မာယဉ်ကျေးမှုသုတေသနအသင်း ဆိုပြီးတော့ စဖွဲ့တယ်။ အဲဒီမှာ ကျနော်တို့ ဘာတွေ ဆုံးဖြတ်လဲဆိုတော့ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ဂျာနယ်တခု ထုတ်မယ်ပေါ့။ ပြီးရင် ရည်ညွှန်းစာကြည့်တိုက်တခုကို ဂျာနယ်နဲ့တွဲပြီးတော့ ဖွင့်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ အဲဒီဟာနဲ့ ဆက်စပ်ပြီးတော့မှ ကျနော်တို့ အရင်ဆုံး စာအုပ်တွေစုတယ်။ အချင်းချင်းမှာရှိတဲ့ စာအုပ်တွေပေါ့။ ကျနော်တို့ဆီမှာရှိတဲ့ စာအုပ်တွေ၊ ကိုဖိုးသင်္ကြန်တို့ဆီမှာရှိတဲ့ စာအုပ်တွေ၊ အဲလိုပေါ့။ ဒေတာတွေစုပြီးတော့မှ တခြားဆီကလည်း ကျနော်တို့ ၀ယ်တာတွေရှိတယ်။ အရင်တုန်းကတော့ ကျနော်တို့ ရုံးခန်းမရှိဘူး။ ၂၀၁၆၊ ၅ လပိုင်းလောက်မှာ ကျနော်တို့ ဒီရုံးခန်းကို ငှားလိုက်တယ်။ ရုံးခန်းလည်းရှိပြီ၊ နေရာလည်းရှိပြီဆိုတော့မှ ကဲ အဲဒါဆိုရင်တော့ ငါတို့ စာကြည့်တိုက်ဖွင့်လို့ရပြီ၊ စာအုပ်တွေကလည်း အတော်အသင့် ကျနော်တို့ စုဆောင်းမိပြီဆိုတော့ ၇ လပိုင်း ၁ ရက်နေ့မှာ ကျနော်တို့ စဖွင့်တာပေါ့။

မေး – အခုဆို ၂ လလောက်ပဲ ရှိသေးတာပေါ့နော်။ အဲဒီတော့ ဘယ်လောက်အထိ ရသွားပြီလဲရှင့် စာအုပ်အရေအတွက်က။

ဖြေ – စာအုပ်အရေအတွက်က အခုလက်ရှိ ၅၀၀၀ လောက်တော့ ရှိပြီခင်ဗျ။

မေး – တဖြည်းဖြည်းနဲ့လည်း ထပ်စုသွားဖို့ ရှိတယ်ပေါ့နော်။

ဖြေ – ဟုတ်။ ထပ်စုသွားဖို့ ရှိပါတယ်။

မေး – အမျိုးအစားအနေနဲ့ရော ဘယ်လိုမျိုး ခွဲခြားထားလဲရှင့်။

ဖြေ – အမျိုးအစားက ကျနော်တို့က သမိုင်းရှိမယ်။ ပြီးရင် နိုင်ငံရေးရှိမယ်။ ပြီးရင် ရည်ညွှန်းစာအုပ်တွေရှိမယ်။ ပြီးတော့ မြန်မာ့စာပေနဲ့ပတ်သက်တဲ့ စာအုပ်တွေရှိမယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ စာအုပ်တွေရှိမယ်။ အင်္ဂလိပ်ပိုင်းကတော့ အရမ်းကြီးတော့ မများဘူး။ အရှေ့တောင်အာရှနဲ့ပတ်သက်တဲ့ စာအုပ်တွေရှိမယ်။ Burma Study ဆိုတဲ့ မြန်မာနိုင်ငံအကြောင်းကို ရေးထားတဲ့ စာအုပ်တွေ ရှိမယ်ပေါ့။ ပြီးတော့ အင်္ဂလိပ်ဝတ္ထုတို့၊ ဘာတို့။ အဲဒါတွေရှိမယ်။

မေး – အဲဒီတော့ အစ်ကို၊ ရည်ညွှန်းစာကြည့်တိုက်ပေါ့နော်၊ ဒါက ရိုးရိုးစာကြည့်တိုက်တခုနဲ့ ဘယ်လိုကွာခြားမှုရှိလဲ။ ဘယ်လိုထူးခြားမှုရှိလဲ။

ဖြေ – ရည်ညွှန်းစာကြည့်တိုက်က အများအားဖြင့်တော့ ပုံမှန် စာဖတ်တဲ့လူတွေနဲ့တော့ အရမ်းကြီးတော့ မသက်ဆိုင်ဘူး။ ရည်ညွှန်းရဲ့ သဘောသဘာဝကိုက လိုအပ်တဲ့ဒေတာပေါ့။ အချိန်တိုတိုနဲ့ အညွှန်း၊ အကိုးအကားပြုနိုင်အောင် စုဆောင်းထားတဲ့၊ ပြောရရင်တော့ စာအုပ်အမျိုးအစားတွေ ပိုများတယ်ပေါ့နော်။

မေး – ပညာရပ်တခုအတွက် လိုအပ်တဲ့ အထောက်အထားတွေပေါ့နော်။

ဖြေ – ဟုတ်တယ်ခင်ဗျ။

မေး – စာကြည့်တိုက်ရဲ့ အသုံးပြုတဲ့ ရက်တွေကရော ဘယ်လိုမျိုးလဲ။ နေ့တိုင်းဖွင့်လား။

ဖြေ – ကျနော်တို့က တနင်္လာကနေ စနေအထိပေါ့ စာကြည့်တိုက်ဖွင့်တာကတော့။ မနက်ဆိုရင် ၁၀ နာရီကနေ စဖွင့်တယ်။ ညနေ ၅ နာရီအထိပေါ့။

မေး – အဲဒီတော့ အစ်ကိုတို့ ဒီမှာဆိုရင် လာတဲ့လူတွေအတွက်ရော ဘာတွေလိုအပ်လဲ။ ဒီမှာ အသုံးပြုဖို့အတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးလဲရှင့်။

ဖြေ – လာတဲ့လူတွေအတွက်ကတော့ စာကြည့်တိုက်ကို သုံးမယ်ဆိုရင် ကျနော်တို့ ဖောင်တော့ဖြည့်ရတယ်။ စာကြည့်တိုက် သုံးစွဲခွင့်ဖောင်ပေါ့။ ပြီးရင် ဓာတ်ပုံတပုံလိုမယ်။ ဒါပဲ။ ၀န်ဆောင်မှုအနေနဲ့က ကျနော်တို့က ရည်ညွှန်းစာကြည့်တိုက် ဖြစ်တဲ့အတွက် စာအုပ်တော့ ကျနော်တို့ မငှားဘူး။ မငှားတဲ့အတွက်ကြောင့် ကျနော်တို့ စာကြည့်တိုက်ကတ် မထုတ်ပေးတာ။ ဒါပေမယ့် လိုချင်တဲ့ဒေတာ ရှိမယ်ဆိုရင် ကျနော်တို့ မိတ္တူဆွဲပေးတယ်။ ဒါမှမဟုတ် ဓာတ်ပုံရိုက်ချင်တယ် ဆိုရင်လည်း ဓာတ်ပုံရိုက်လို့ရမယ်။ မိတ္တူဆွဲပေးမယ်။ တကယ်လို့ Scan လိုချင်တယ်ဆိုရင်လည်း Scan ဖတ်ပေးမယ်။ ဒါ ကျနော်တို့ဘက်က ၀န်ဆောင်မှုပေးတာပေါ့။ ပြီးရင်လည်း ကော်ဖီတွေ ဘာတွေလည်း Free တိုက်တယ်။ အဲလိုမျိုးပေါ့။

မေး – အဲဒီတော့ ဒီမှာရော ခုနက အစ်ကိုတို့ပြောတဲ့ စာအုပ်ပေါင်း ၅၀၀၀ ၀န်းကျင် အဲဒီလောက် ရှိသွားပြီဆိုတော့ ဒီထဲမှာ ရှားရှားပါးပါး ထူးထူးခြားခြား စာအုပ်မျိုးတွေ စုဆောင်းမိတာ ရှိလားရှင့်။

ဖြေ – ရှားရှားပါးပါးက ကျနော်တို့အနေနဲ့က အဲလောက်ကြီးတော့ စုဆောင်းမိတာ မရှိဘူး။ ဒါပေမယ့် စာနယ်ဇင်းတွေတော့ရှိတယ်။ ဒီဘက်ခေတ်မဟုတ်တဲ့ စာနယ်ဇင်းတွေပေါ့။ တချို့စာနယ်ဇင်း ရှားရှားပါးပါးတွေဆိုရင် ဥပမာ GPRS ဆိုရင် အခုနောက်ပိုင်းက GPRS က ၀ယ်လို့ရတယ်။ CD နဲ့ဖြစ်ဖြစ်။ အရင်တုန်းကဆိုရင် GPRS ကို မ၀ယ်နိုင်ဘူး။ ရောင်းတဲ့နေရာ သိတယ်။ ဒါပေမယ့် အရမ်းဈေးကြီးတယ်။ ကျနော်တို့အနေနဲ့ လက်လှမ်းမမီဘူး။ အခုဆိုရင် ကျနော်တို့ဆီမှာ အတွဲလိုက်လည်း ရှိတယ်။ လိုချင်ရင် ကျနော်တို့ Free ကိုပေးတယ်။

မေး – ခုနက အစ်ကိုပြောတဲ့ သုတေသနအသင်းရဲ့ အညွှန်းပေါ့နော်။

ဖြေ – GPRS အသင်းရဲ့ သူတို့ထုတ်ခဲ့တဲ့၊ အညွှန်းအပြင်ကို စာအုပ်တွေက ကျနော်တို့ဆီမှာ CD နဲ့ ရှိတယ်။ လိုချင်ရင် ကျနော်တို့ CD ခုတ်ပေးတယ်။

မေး – အရင်ကထုတ်ခဲ့တဲ့ မြန်မာသုတေသနအသင်းရဲ့ စာအုပ်တွေ၊ အညွှန်းတွေကို အစ်ကိုတို့ဆီမှာ ၀န်ဆောင်မှု ပေးနေတယ်ပေါ့နော်။

ဖြေ – ဟုတ်ကဲ့။ ၀န်ဆောင်မှု ပေးနေပါတယ်ခင်ဗျ။

မေး – အစ်ကိုတို့ ဒီရည်ညွှန်းစာကြည့်တိုက်ရဲ့ တခြားလှုပ်ရှားမှုတွေကရော စာကြည့်တိုက်တခုအနေနဲ့ ဘာတွေရှိသေးလဲရှင့်။

ဖြေ – စာကြည့်တိုက်တခုရဲ့ လှုပ်ရှားမှုတွေအနေနဲ့ လောလောဆယ်တော့ ကျနော်တို့က ပြောရရင် တည်ထောင်ခါစဆိုတော့ လှုပ်ရှားမှုက အဲဒီလောက်ကြီး မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။ အမှန်ဆိုရင် ကျနော်တို့ တခြားစာကြည့်တိုက်တွေနဲ့ လင့်ခ်ချိတ်ပြီးတော့ လုပ်ရမှာ။ ကျနော်တို့ အဲဒီအပိုင်းကတော့ မလုပ်နိုင်သေးဘူး။ ရိုးရိုးသားသားပြောရရင် အားနည်းနေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာကြည့်တိုက်ကို စနစ်တကျဖြစ်အောင်ပဲ အရင်ဆုံး ကျနော်တို့ တည်ထောင်ချင်တာ။ စနစ်တကျ ဖြစ်သွားပြီဆိုတော့မှ တခြား Activity တွေပေါ့။ စာကြည့်တိုက်နဲ့ပတ်သက်တဲ့ ဥပမာ ဟောပြောပွဲတွေ ကျနော်တို့ လုပ်မယ်။ နောက် စာကြည့်တိုက်နဲ့ပတ်သက်တဲ့ သင်တန်းတွေ။ ပြောရရင်တော့ စာကြည့်တိုက်အကြောင်းနဲ့ ကျနော်တို့ စာကြည့်တိုက်ကိုလည်း လူပိုသိလာမယ်။ ပြီးတော့ စာကြည့်တိုက်အကြောင်းဆိုတာ ကျနော်တို့ စာကြည့်တိုက်မှ မဟုတ်ဘူး။ စာကြည့်တိုက်ဆိုတာ ဘာလဲဆိုတဲ့ဟာကို သူတို့တွေလည်း သိစေချင်တယ်။ အဲလိုမျိုးလုပ်ဖို့တော့ ကျနော်တို့ Plan တော့ ချထားပါတယ်။

မေး – အစ်ကိုတို့စာကြည့်တိုက်က ရည်ညွှန်းစာကြည့်တိုက်ဆိုတော့ ရည်ညွှန်းစာကြည့်တိုက်တခုရဲ့ အရေးပါပုံပေါ့နော်။ ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ ပြောပြပေးပါဦးရှင့်။

ဖြေ – ရည်ညွှန်းစာကြည့်တိုက်က၊ ပုံမှန်စာကြည့်တိုက်တွေဆိုရင် စာအုပ်တွေက အမျိုးအစားစုံတယ်ဗျာ။ ကျနော်တို့ကျတော့ ရည်ညွှန်းစာကြည့်တိုက် ဖြစ်တဲ့အတွက် တခုခုကိုပဲ ဦးစားပေးပြီးတော့ Special ပေါ့။ Special စုဆောင်းထားတာ ဖြစ်တဲ့အတွက်၊ ဥပမာ ထားပါ၊ ကျနော်တို့ဆိုရင် ယဉ်ကျေးမှုနဲ့ဆိုင်တယ် ကျနော်တို့စာကြည့်တိုက်က။ ဆိုတော့ ဥပမာ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ စာအုပ်တွေဆိုရင် ကျနော်တို့ဆီမှာ အများဆုံးရှိနိုင်တယ်။ ဒါက နာမည်ကို ကြည့်ပြီးတော့ အရင်ဆုံး ကောက်ချက်ချလိုက်လို့ရတယ်။ အဲဒီအခါကျတော့ သူများတကာ စာကြည့်တိုက်တွေကျတော့ အမျိုးအစားစုံတယ်ဗျာ။ ကိုယ်လိုချင်တဲ့ဟာကို ချက်ချင်းရှာလို့ခက်တယ်။ ရည်ညွှန်းစာကြည့်တိုက်ကျတော့ အဲလိုမျိုးမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ ဘာသာရပ်ကို မကြာဘဲနဲ့ လျင်လျင်မြန်မြန် သိနိုင်တယ်။ ကျနော်တို့ဆီမှာ ရည်ညွှန်းကို ၁၀ မျိုး ခွဲထားတယ်။ ဆရာကြီးဦးသော်ကောင်းတို့ပေါ့၊ သူတို့လက်ထက်၊ ဆရာဇော်ဂျီတို့ လက်ထက်ကတည်းကိုက ရည်ညွှန်း ၁၀ မျိုးရှိတယ်။ ဥပမာ စွယ်စုံကျမ်းတွေ ပါမယ်။ Dictionary တွေ၊ စာစုစာရင်းတွေ။ ဆိုတော့ ဒါတွေက အပျော်ဖတ်မဟုတ်ဘူး။ ရည်ညွှန်းရဲ့သဘာဝက အပျော်ဖတ်မဟုတ်ဘူး။ သူက သုတနဲ့ဆိုင်တယ်။ အချက်အလက်ပေါ့လေ။ ဥပမာ အမျိုးသားအဘိဓာန်လိုမျိုးတို့။ ကျနော်တို့ဆီမှာ အခုထိ အမျိုးသားအဘိဓာန် မရှိဘူး။ ပြင်ပက လုပ်တဲ့လူတွေတော့ ရှိတယ်။ ဒါပေမယ့် မစုံလင်ဘူး။ ရည်ညွှန်းရဲ့သဘာဝက အဲလိုမျိုးပေါ့။ အရေးကြီးတဲ့ဟာလောက်ပဲ သူက ပါတာ။ ရသပိုင်းကို အဲလောက်ကြီး ဦးစားမပေးဘူး။ အချက်အလက်တွေပေါ့။ ဥပမာ ကျမ်းပြုတဲ့ လူတယောက်က သူလိုချင်တဲ့ပွိုင့်ပေါ့။ ဒေတာလေးကို ရည်ညွှန်းကျမ်းတွေထဲမှာ ရှာလို့တွေ့ပြီဆိုမှ ရှေ့ဆက်ပြီးတော့၊ ပြောရရင်တော့ ရည်ညွှန်းဆိုတာ သုတေသနသမားတွေအတွက် အများအားဖြင့် ပေါင်းကူးပေါ့။ ဒီကနေဖြတ်ပြီးတော့မှ ရှေ့ဆက်ပြီးတော့ ကျယ်ပြန့်တဲ့ သူလိုချင်တဲ့ဟာကို သွားလို့ရမှာကိုး။ ရည်ညွှန်းကျမ်းမရှိရင် ကျနော်တို့ ဘာမှလုပ်လို့မရဘူး။

မေး – အစ်ကိုတို့ဆို ဒါ လူငယ်တွေစုပြီးပေါ့နော်၊ လူငယ်ရော လူကြီးရော အများအားဖြင့် လူငယ်တွေစုပြီးတော့မှ ကိုယ့်ဘာသာကိုယ် တနိုင်တပိုင် တည်ထောင်ထားတယ်ပေါ့နော်။ အဲဒီတော့ မြန်မာနိုင်ငံမှာ ရည်ညွှန်းစာကြည့်တိုက်တွေရဲ့ ဖွံ့ဖြိုးမှုအခြေအနေကရော ဘယ်လိုရှိလဲရှင့်။ ဒီလိုမျိုးဖြစ်လာအောင် အစ်ကိုတို့ ဘယ်လိုမျိုး ကြိုးစားခဲ့ရလဲ။

ဖြေ – မြန်မာနိုင်ငံမှာ ရည်ညွှန်းစာကြည့်တိုက်တွေရဲ့ ဖွံ့ဖြိုးမှုက ကျနော်သိသလောက်ပေါ့လေ အားရစရာတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အမျိုးသားစာကြည့်တိုက်တောင်မှပဲ နေရာ ခဏခဏ အပြောင်းခံနေရတာ။ အခုတော့ မြို့ထဲကိုတော့ ပြောင်းမယ်လို့တော့ ပြောတယ်ပေါ့လေ။ ဆိုတော့ ကျနော်တို့ စာကြည့်တိုက်ကို စပြီးတော့ ကြိုးစားတုန်းကတော့ ခက်ခဲတာပေါ့။ အဓိကက နေရာဗျာ။ စာကြည့်တိုက်ဆိုတော့ နေရာကို အရင်ရှာရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကိုယ်ပိုင်မဟုတ်ဘူး။ ကိုယ်ပိုင်မဟုတ်တဲ့အတွက် ငှားရတယ်။ ပြောရရင်တော့ ပိုက်ဆံကုန်တယ်။ ဒီကြားထဲ စာအုပ်ကလည်း စုရသေးတယ်။ ကိုယ်နဲ့ဆိုင်တဲ့ စာအုပ်တွေပေါ့။ တွေ့သမျှ စာအုပ်တွေကိုလည်း ကျနော်တို့ ၀ယ်လို့မရဘူး။ တချို့စာအုပ်တွေဆိုရင် ကျနော်တို့ မိတ္တူဆွဲရတယ်။ မူရင်းတွေက ပြောရရင် မရှိတော့ဘူးဗျာ။ မတွေ့နိုင်တော့ဘူး။ အဲဒီဟာမျိုးတွေဆိုရင် ကျနော်တို့ မိတ္တူဆွဲရတယ်။ အများဆုံးကတော့ ဈေးများကြတာ များတယ်။ ဘာလို့လဲဆိုတော့လေ ပြန်ထုတ်တဲ့ စာအုပ်တွေလည်း မဟုတ်ဘူး။ တချို့စာအုပ်တွေဆို ပြန်မထုတ်တော့ဘူး။ ရှေးတုန်းက စာအုပ်တွေမျိုးဆိုရင် တအုပ်ကို ပထမပုံနှိပ်ဆိုရင် ပိုပြီးဈေးကြီးတယ်။ ဒီမှာ လုပ်နေကြတာ ၀ါသနာအရင်းခံနဲ့ပဲ လုပ်နေကြတာဆိုတော့။ တခြားဘက်ကနေ ကိုယ်က အလုပ်တခုခုလုပ်။ ပိုက်ဆံရလာတယ်။ ရလာတဲ့ဟာကို ဒီထဲမှာထည့်။ ထည့်ပြီးတော့မှ ကိုယ်ထူကိုယ်ထ ၀ိုင်းပြီးတော့ လုပ်နေရတာ။

မေး – အဲဒီတော့ ရှေ့လျှောက် ဒီရည်ညွှန်းစာကြည့်တိုက်ကို အစ်ကိုတို့အသင်းက ဖွင့်ထားတဲ့ ရည်ညွှန်းစာကြည့်တိုက်ရဲ့ ရှေ့လျှောက်လုပ်မယ့် လုပ်ငန်းစဉ်လေးတွေ နည်းနည်းပြောပြပေးပါလားရှင့်။

ဖြေ – ရည်ညွှန်းစာကြည့်တိုက်ကတော့ ခုနက ပြောသလိုပဲ ကျနော်တို့ ပုံမှန်တော့ Activity လေးတွေ လုပ်ဖြစ်မယ်။ Society အနေနဲ့ကတော့ ကျနော်တို့ တလကို ပုံမှန် တခုလုပ်တယ်။ ဟောပြောပွဲတခု လုပ်တယ်လေ။ Debate သဘောမျိုးပါ။ အဲလိုမျိုး တခုလုပ်တယ်။ စာကြည့်တိုက်အနေနဲ့က နောက်ပိုင်းကျရင်တော့ ကျနော်တို့ ဟောပြောပွဲပေါ့၊ စာကြည့်တိုက်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ ဆရာတွေကို ဖိတ်ပြီးတော့ စာကြည့်တိုက်နဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် အဲလိုမျိုးတွေ ဟောပြောပွဲတွေ လုပ်ဖို့တော့ ရှိတယ်။ ပြီးရင် ကျနော်တို့ စာကြည့်တိုက်သင်တန်းပေါ့။ အဲဒါကို ကျနော်တို့ ဖွင့်နိုင်အောင်တော့ ကြိုးစားနေတယ်။ ရက်ရှည်တော့ မဟုတ်ဘူးပေါ့။ ဥပမာ နှစ်လဖြစ် နှစ်လ၊ သုံးလဖြစ် သုံးလပေါ့။ အလွန်ဆုံးတော့ သုံးလပါပဲ။ အဲလိုမျိုးဖွင့်ဖို့တော့ ကြိုးစားနေတယ်။ ပြီးရင် စာကြည့်တိုက်ကိုတော့၊ အဓိကက စာကြည့်တိုက်တခု ဖွင့်ပြီးရင်တော့ သုံးတဲ့လူရှိမှ။ သုံးတဲ့လူမရှိရင် သေနေတဲ့၊ ပြောရရင် ဂိုဒေါင်သဘောမျိုး ဖြစ်နေလိမ့်မယ်။ ဆိုတော့ သုံးမယ့်သူတွေ များများသိအောင်လို့ လုပ်ရမယ်လို့ ကျနော်တို့ ရည်မှန်းထားတယ်။ တက္ကသိုလ်တွေထဲမှာ ကျနော်တို့ ကြော်ငြာကပ်ချင် ကပ်မယ်ပေါ့။ သုတေသနလုပ်တဲ့ လူမျိုးတွေ၊ ပြင်ပသုတေသနပညာရှင်တွေ၊ အဓိကက သူတို့ကို သိစေချင်တာ။ သူတို့သိအောင် ကျနော်တို့ တခုခုပေါ့၊ ဥပမာ ရန်ကုန်တက္ကသိုလ်၊ တခြားတက္ကသိုလ်တွေပေါ့။ ကျောင်းတွေထဲမှာ ကြော်ငြာတခုခု လုပ်ချင်လည်း လုပ်မယ်။ ဒါမှမဟုတ် သူတို့ကိုဖိတ်ပြီးတော့ ကျနော်တို့ စာကြည့်တိုက်မှာ စာအုပ်တအုပ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ်ပေါ့။ အဲလိုမျိုးလေးတွေ၊ စာပေစကားဝိုင်းလေးတွေ လုပ်မယ်။ အဲဒါမျိုးလေးတွေတော့ ရည်မှန်းထားတယ်ပေါ့။ အကြီးကြီးတော့လည်း ကျနော်တို့ မရည်မှန်းထားပါဘူး။ နည်းနည်းပဲ။

မေး – ဟုတ်ကဲ့။ ဒါ အခုမှ အစဆိုတော့ ရှေ့လျှောက် တိုးချဲ့သွားဖို့လည်း ရှိတာပေါ့။

ဖြေ – ဟုတ်ကဲ့။ တခြားစာကြည့်တိုက်တွေနဲ့ လင့်ခ်ချိတ်ပြီးတော့၊ ပူးပေါင်းပြီးတော့ လုပ်ဖို့ ကျနော်တို့ အစီအစဉ် ရှိပါတယ်

The post ရည်ညွှန်းစာကြည့်တိုက်တွေရဲ့ ဖွံ့ဖြိုးမှုက အားရစရာတော့မရှိဘူး – ကိုစိုးမင်း (စာကြည့်တိုက်မှူး) appeared first on DVB.

via DVB http://ift.tt/2dHng2U http://burmese.dvb.no

သြဂုတ်လနဲ့ စက်တင်ဘာလ အတွက် ချီးကျူးဂုဏ်ပြုထိုက် သူနှစ်ဦးကို ထုတ်ပြန်ကြေညာ

နာဂဒေသမှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါကို သွားရောက်ကုသခဲ့တဲ့ ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးနဲ့  အငှား ယာဉ်ပေါ်မှာ ကျန်ခဲ့တဲ့ စိန်ထုပ်ကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့တဲ့ အငှားယာဉ်မောင်း ဦးသန်းထိုက်ကျော် တို့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လစဉ်ချီးကျူးဂုဏ်ပြုထိုက်သူ တစ်ဦးစီကို ထုတ်ပြန်ကြေ ညာနေတာဖြစ်ပါတယ်။

သြဂုတ်လအတွက် ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးနဲ့ စက်တင်ဘာလအတွက် ယာဉ်မောင်း ဦးသိန်းထိုက်ကျော် တို့ကို ရွေးချယ်ဂုဏ်ပြုလိုက်တာဖြစ်ပါတယ်။

ဦးသန့်ဇင်ဦးဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ကာရော်နောက်ညိုကျေးရွာက ကျန်းမာရေး ဌာနမှာ ကျန်းမာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ထန်ခေါ်လန်မ နာဂကျေးရွာမှာ လူသေဆုံးတဲ့ အထိ ဖြစ်ပွားနေတဲ့ ပြင်းထန်ဝက်သက်ရောဂါကြောင့် ဒေသခံ သက်ကြီးရွယ်အိုတွေ ကလေးတွေ သေဆုံးနေ တာကို သွားရောက်ကုသပေးခဲ့တာဖြစ်ပါတယ်။

ရောဂါဖြစ်ပွားတဲ့ကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရွာသူရွာသားတွေရဲ့ ကျန်းမာရေး အသိပညာ နည်းပါးမှု၊ ဘာသာစကားခက်ခဲမှုတွေ ရှိတဲ့ကြားကနေ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး ကြိုးစားအားထုတ်ခဲ့သူဖြစ် တယ်လို့ ဦးသန့်ဇင်ဦးကို ချီးကျူးထားပါတယ်။

စက်တင်ဘာလအတွက် ရွေးချယ်ဂုဏ်ပြုလိုက်တဲ့ အငှားယာဉ်မောင်း ဦးသန်းထိုက်ကျော်ဟာ သူ့ရဲ့အငှားယာဉ်ပေါ် မှာ ခရီးသည် မေ့ကျန်ခဲ့တဲ့ ကျပ်သိန်းတစ်ထောင်ခန့် တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေကို ပိုင်ရှင်ထံ ပြန် လည်ပေးအပ်သူဖြစ်ပါတယ်။

အဲဒီလိုပြန်လည်ပေးအပ်တဲ့ ဆောင်ရွက်ချက်ဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ကျင့်သီလနဲ့ ပတ်သက် တဲ့ လေးစားဖွယ်ရာ အတုယူဖွယ်ရာ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ချီးကျူးထားပါတယ်။

နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးလို စေတနာ၊ မေတ္တာ၊ ကိုယ်ချင်းစာတရားနဲ့ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ဖို့၊ ယာဉ်မောင်း ဦးသန်းထိုက်ကျော်လို ဖြူစင်ရိုးသားကြိုးစားဖို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားပါတယ်။

via သတင်းမဵား http://ift.tt/2dEySEf http://www.rfa.org

မြန်မာ့ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ပြောပြတဲ့ ဒေါ်စောမြရာဇာလင်း

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/2cIWLun http://ift.tt/1nfHMox

NLD အစိုးရသစ်တက်စက လူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရန် ၈၈ မျိုးဆက်မှ ကိုမင်းကိုနိုင်အား ကမ်းလှမ်းခဲ့ဖူး

NLD အစိုးရသစ်တက်စက မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ ရာထူးအား လက်ခံရယူရန်အတွက် ၈၈ မျိုးဆ

Read more

via The Ladies http://ift.tt/2daXTVL http://ift.tt/1t35IDK

အုပ်ချုပ်ရေးမဏ္ဍိုင် တည့်မတ်ရန် အစိုးရသစ် ခက်ခက်ခဲခဲ လုပ်နေရဟု ဦးရွှေမန်းပြော

ယနေ့ နေပြည်တော် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ)

ယနေ့ နေပြည်တော် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ် အနေဖြင့် အုပ်ချုပ်ရေး မဏ္ဍိုင်တည့်မတ်ရန် ခက်ခက်ခဲခဲ ဆောင်ရွက်နေရကြောင်း ဦးရွှေမန်းက ပြောသည်။

ယနေ့ နေပြည်တော် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲတွင် ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရသစ်သည် မြန်မာပြည် မြောက်ဖျားတွင် ဖြစ်ပွားလျက် ရှိသည့် တိုက်ပွဲများကြောင့် စဉ်းစားနေရသည့် ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်ပြည်နယ်အရေး ကိစ္စနှင့် အုပ်ချုပ်ရေး ယန္တရားကို ပြန်လည် တည့်မတ်ရန် ကိစ္စများတွင် ထင်မှတ်ထားသည်ထက် ပိုမိုသည့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဦးရွှေမန်းက မီဒီယာများသို့ ပြောသည်။

“အစိုးရအနေနဲ့တော့ ကြိုးစားပမ်းစား လုပ်နေတယ်။ ဒီထက် ပိုပြောရမယ်ဆိုရင် ခက်ခက်ခဲခဲ လုပ်နေရတဲ့ အနေအထား ရှိပါတယ်။ အုပ်ချုပ်ရေး ယန္တရားကို ပြန်ပြီးတော့ တည့်မတ်တဲ့ ကိစ္စမှာ ထင်မှတ်တာထက် ပိုပြီးတော့ အခက်အခဲတွေ ရှိတယ်။ အဲဒါကြောင့်မိုလို့ ပိုပြီးတော့ ကြိုးစားနေရတယ်” ဟု ဦးရွှေမန်းက ပြောသည်။

ယခင် ခေတ်ကာလများက ဈေးကွက် စီးပွားရေးစနစ်ကို မှန်မှန်ကန်ကန် မကျင့်သုံးနိုင်ခဲ့သည့် အကျိုးဆက်များကြောင့် ယခုအစိုးရသစ်မှာ စီးပွားရေး ဘက်တွင်လည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ အစိုးရက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို တပြိုင်တည်း ဆောင်ရွက်နေသော်လည်း မအောင်မြင်သေးကြောင်း ဦးရွှေမန်းက ပြောသည်။

“စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တော့ လုပ်နေတယ်။ သို့သော် ခရီးမရောက်ခဲ့ဘူး” ဟု ဧရာဝတီ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ဦးရွှေမန်းက ထည့်သွင်း ပြောဆိုသည်။

ယနေ့ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပရခြင်းမှာ ကော်မရှင်သည် လူပုဂ္ဂိုလ် တဦးတယောက်အတွက် ရပ်တည် လှုပ်ရှားနေသည်ဟု လူမှုကွန်ရက်များတွင် စွပ်စွဲပြောဆိုချက်များကြောင့် ဖြစ်သည်ဟုလည်း သိရသည်။

ဦးရွှေမန်းက သူ၏ နိုင်ငံရေး ရည်မှန်းချက်နှင့် ပတ်သက်၍လည်း “ဒီနေ့ မိမိရဲ့ နိုင်ငံရေး ရည်မှန်းချက်က ပြည်သူပါပဲ။ ပြည်သူများ ကောင်းစားရေး၊ နိုင်ငံ တိုးတက်ရေးဟာ မိမိရဲ့ နိုင်ငံရေး ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ ပြည်သူများ ကောင်းစားရေး၊ နိုင်ငံ တိုးတက်ရေးအတွက် မိမိ ရောက်တဲ့နေရာမှာ ရှိတဲ့တာဝန်နဲ့ အတတ်နိုင်ဆုံး စေတနာထားပြီး ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါက မိမိရဲ့ နိုင်ငံရေး ရည်မှန်းချက်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ပယ်ခံရပြီးနောက် ယင်းပါတီအပေါ် ၄င်း၏ သဘောထားနှင့် ပတ်သက်၍လည်း မေတ္တာ၊ စေတနာ၊ မုဒိတာနှင့် ဥပက္ခာ တရားများ လက်ကိုင်ထား၍ ဆက်လက် ကျင့်သုံး ဆောင်ရွက်သွားတော့မည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

“ပါတီနိုင်ငံရေး ကိစ္စက လောလောဆယ် စဉ်းစားထားတာ မရှိပါဘူး။ တခုပဲ ဘယ်ပါတီ ဘယ်အစိုးရပဲ တက်တက် ဒီအစိုးရက ပြည်သူနဲ့ နိုင်ငံအတွက် ကောင်းအောင် လုပ်မယ်ဆိုတာ သိရင်မြင်ရင် အဲဒီအတွက် ကျနော်တို့က ကူညီဖို့ ၀ိုင်းဝန်းဖို့ အသင့်ပါပဲ” ဟု ဦးရွှေမန်းက ပြောသည်။

ထို့အပြင် ၄င်းဦးဆောင်သည့် ကော်မရှင်အနေဖြင့် ပြည်သူ့အကျိုး စီးပွား၊ နိုင်ငံအကျိုးစီးပွားအတွက် ပြည်ထောင်စု လွှတ်တော်ကို သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ကို သော်လည်းကောင်း အကြံဥာဏ်များ ပေးပို့ဆောင်ရွက်လျက် ရှိကြောင်း၊ ကော်မရှင်သည် အဆုံးအဖြတ် ပေးနိုင်သည့် အဖွဲ့အစည်းတခု မဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အဆုံးအဖြတ်များ မှန်ကန် ကောင်းမွန်ရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်ဟုလည်း ပြောသည်။

NLD ပါတီ ပြောခွင့်ရသူ တဦးကမူ ဦးရွှေမန်းအနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တိုက်ရိုက် အကြံပေးနိုင်ခွင့် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“သူ (ဦးရွှေမန်း) လုပ်နိုင်တာက အတိုင်ပင်ခံဆီကို အကြံပေးနိုင်တဲ့ လမ်းကြောင်းတခု ဖွင့်ပေးထားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

The post အုပ်ချုပ်ရေးမဏ္ဍိုင် တည့်မတ်ရန် အစိုးရသစ် ခက်ခက်ခဲခဲ လုပ်နေရဟု ဦးရွှေမန်းပြော appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/2bzVKkM http://ift.tt/1OYtTeJ

အမေ့လျော့ခံ ဘက်လိုက် သတင်းသမား တယောက်

အမေ့လျော့ခံ ဘက်လိုက် သတင်းသမား တယောက်

အခုစာအုပ်ဟာ ၁၉၈၈ လူထုအရေးတော်ပုံကြီးမှာ အရေးပါတဲ့ အခန်းကဏ္ဍတခုကနေ ပါဝင်ခဲ့ပေမယ့် ယနေ့ အချိန်မှာတော့ လူအများရဲ့ မေ့လျော့ခြင်းခံရသူ ဗဟိုတရားရုံး ရှေ့နေဟောင်း ဦးနေမင်း ခေါ် နေမင်း (သရက်) ရဲ့ မှတ်တမ်းဖြစ်ပါတယ်။

ရှစ်လေးလုံးလို့ လူသိများတဲ့ လူထုအရေးတော်ပုံကြီး သြဂုတ်လ ၈ ရက် နံနက် ၈ နာရီ ၈ မိနစ်ကို စတင် အခါတော်ပေးသူဟာ ဦးနေမင်း ဖြစ်ကြောင်း ထိုအချိန်က သူနဲ့ လက်တွဲပြီး မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေ ရယူခဲ့သူ ဘီဘီစီ သတင်းထောက်ဟောင်း ခရစ္စတိုဖာ ဂန်းနက် ရေးတဲ့ အမှာမှာ ဖော်ပြထားပါတယ်။

နေမင်း (သရက်) ရဲ့ ပြည်တွင်းက သတင်းပေးပို့မှုတွေမှာ ရှစ်လေးလုံး အရေးတော်ပုံ အောင်မြင်ရေးအတွက် ဘက်လိုက်ပြီး ရေးသားခဲ့တာ တချို့ကို ရည်ညွှန်းပြီး စာအုပ်နာမည်ကို ပေးထားတာ ဖြစ်ပါတယ်။

မြန်မာပြည်ဆိုင်ရာ ဘီဘီစီ သတင်းထောက်ဟောင်း ခရစ္စတိုဖာ ဂန်းနက်ရဲ့ အမှာစကား၊ စာရေးသူရဲ့ အမှာနဲ့အတူ အပိုင်း ၂၅ ပိုင်း ပါဝင်ပြီး နောက်ဆက်တွဲများနဲ့ မှတ်တမ်းဓာတ်ပုံတွေကို ပူးတွဲဖော်ပြထားတာ ဖတ်ရမှာပါ။

၁၉၈၈ အရေးတော်ပုံနဲ့ ပတ်သက်လို့ ဒေါက်တာ မောင်မောင်ရေးပြီး ယေးလ် တက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာနက ထုတ်ဝေခဲ့တဲ့ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ အရေးအခင်း စာအုပ်နဲ့ အင်းစိန် ထောင်ပိုင်ကြီးဟောင်း ဦးစိန်ဌေးက အငြိမ်းစား ထောင်အရာ ရှိတဦး နာမည်နဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ကျွန်တော်နှင့် ရှစ်လေးလုံးကာလ အင်းစိန်ထောင် စာအုပ်ပါ မှားယွင်းတဲ့ အချက်အလက်တွေကို ပြန်လည် ဖြေရှင်းဖို့ ဒီစာအုပ်ကို ရေးရခြင်းဖြစ်တယ်လို့ စာရေးသူက ဆိုပါတယ်။

အပိုင်း (၁) မှာ စာရေးသူရဲ့ အင်းစိန်ထောင်တွင်း အခြေအနေတွေနဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်ဂျာနယ်လစ် ဘာတေးလ် လင့်တနာရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဒီစာတမ်းကို ပြုစုခဲ့ပုံကို ဖော်ပြထားပါတယ်။ အပိုင်း (၂) မှာတော့ မှတ်တမ်းမှတ်ရာတွေ မရှိတော့လို့ ခေါင်းထဲမှတ်မိသမျှ ချရေးရကြောင်းနဲ့ ဖုန်းမော် အရေးအခင်းလို့ နာမည်ကျော်တဲ့ ကျောင်သားတွေ သေနတ်ပစ်ခံရမှုမှာ လူသိနည်းနေတဲ့ အချက်တွေလည်းကို ဖော်ပြထားပါတယ်။

အပို်င်း (၃) မှာ အနောက်ကြို့ကုန်းထဲ ကျောင်းသားတွေ ဓားနဲ့ အခုတ်ခံရတာက စပြီး လုံထိန်းတွေရဲ့ ဥပဒေမဲ့ လုပ်ဆောင်ချက်တွေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လုပ်ရပ်တွေကို တင်ပြထားပါတယ်။ အပိုင်း (၄) နဲ့ အပိုင်း (၅) မှာ မဆလခေတ် ပြည်ထဲရေးဝန်ကြီး ဌာနရဲ့ အမှားတွေ၊ ဥပဒေနဲ့မညီတဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေကို ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ တင်ပြထားပါတယ်။

အပိုင်း (၆) နဲ့ အပိုင်း (၇) မှာတော့ ဘီဘီစီ သတင်းထောက် ခရစ္စတိုဖာ ဂန်းနက်နဲ့ မမျှော်လင့်ဘဲ အဆက်အသွယ်ရခဲ့ပုံ၊ အင်တာဗျူး လုပ်ဖို့ ကူညီခဲ့ပုံတွေကို ဖော်ပြထားပြီး အပိုင်း (၈) နဲ့ အပိုင်း (၉) မှာ ကျောင်းသူတွေနဲ့ အင်တာဗျူးကိစ္စ၊ ဦးစိန်လွင် သမ္မတဖြစ်လာပြီး နိုင်ငံ့အခြေအနေ၊ ဗီဇာကုန်လို့ ဘင်္ဂလားဒေ့ရှ်မှာ နေနေရတဲ့ ခရစ္စတိုဖာ ဂန်းနက်နဲ့ ဆက်သွယ်ပုံတွေ အပြင် ရှစ်လေးလုံးမှာ ကျောင်းသားတွေ ဦးဆောင်ဆန္ဒပြမယ်လို့ သူသတင်းပေးခဲ့ပုံတွေကို ဖွင့်ချထားပါတယ်။

အပိုင်း (၁၀) ကနေ အပိုင်း (၁၂) အထိ သြဂုတ်လ ၈ ရက် မတိုင်ခင် အခြေအနေတွေနဲ့ သူ သတ်မှတ်ထားတဲ့ သြဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီမှာ လူထုအုံကြွမှုတွေ တကယ်ဖြစ်၊ မဖြစ် မျှော်လင့်တကြီး စောင့်ခဲ့ရပုံနဲ့ ရှစ်လေးလုံး ဖြစ်ပွားရခြင်းဟာ ဘယ်နိုင်ငံရေး ခေါင်းဆောင်တွေကြောင့်မှ မဟုတ်ဘဲ ပြည်သူလူထု နှလုံးသားက ပေါက်ဖွားလာတဲ့ ဆန္ဒထုတ်ဖော်ပွဲကြီးသာ ဖြစ်တယ်လို့ သုံးသပ် ထားပါတယ်။

အပိုင်း (၁၃) မှာ သြဂုတ်လ ၈ ရက်နေ့ကစပြီး ၁၀ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေ၊ အစိုးရရဲ့ ပစ်ခတ်မှုတွေနဲ့ နိုင်ငံ့ အခြေအနေတွေကို ရေးထားပါတယ်။ အပိုင်း (၁၄) မှာတော့ သြဂုတ် ၁၀ ရက်နောက်ပိုင်း အခြေအနေတွေ၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပစ်ခတ်မှု၊ ဦးစိန်လွင် ပြုတ်ကျပြီး ဒေါက်တာ မောင်မောင် သမ္မတ ဖြစ်လာပုံ၊ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပုံနဲ့ သြဂုတ်လ ၂၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး လူထုရှေ့ တရားဟောခဲ့ပုံတွေကို တင်ပြထားသလို ဘဏ်သပိတ် ဖြစ်ပေါ်လာပုံကို ဖော်ပြထားပါတယ်။

အပိုင်း(၁၅)မှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းမိန့်အချိန်ကွဲလွဲနေတာ၊ အင်းစိန်ထောင် ဆူတာနဲ့ ဦးအောင်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် လူထုထောက်ခံမှုရလာတာတွေကို တင်ပြထားပါတယ်။ အပိုင်း(၁၆)မှာလည်း အင်းစိန်ထောင်ဆူတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထောင်ပိုင် ဦးစိန်ဌေးရဲ့ ရေးသားချက်တွေကို ဝေဖန်ထားတာ ဖတ်ရမှာပါ။

အပိုင်း (၁၇) ကတော့ အင်းစိန်ထောင်က လွတ်သွားတဲ့ KNU က စောမြင့်သိန်းအကြောင်း ဖြစ်ပြီး အပိုင်း (၁၈) မှာတော့ အစိုးရ သတင်းစာတွေနဲ့ သတင်းဌာနတွေ သပိတ်မှောက်တာကစပြီး အကျဉ်းသားတွေကို လွှတ်ပေးပြီး ဆူပူအောင် ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ အဲဒီကာလက တယ်လီဖုန်းစနစ်ရဲ့ အားနည်းချက်ကို အသုံးချပြီး ဘီဘီစီကို သတင်းတွေ ပို့ပေးနေပုံကို တင်ပြထားပါတယ်။

အပိုင်း (၁၉) မှာ အရေးတော်ပုံမှာ ပေါ်လာတဲ့ ခေါင်းဆောင်တွေ အကြောင်း၊ ဗကသနဲ့ မင်းကိုနိုင်၊ မိုးသီးဇွန် တို့အကြောင်း၊ မကသ ပေါ်ပေါက်လာပုံနဲ့ သူတို့ရဲ့ အတွင်းရေးတွေ၊ သူတို့ ခေါင်းဆောင်တွေရဲ့ အားနည်းချက်တွေ အပြင် ထောင်တွင်းမှာ ကြုံခဲ့ရတဲ့ ခေါင်းဆောင်ဆိုသူတွေရဲ့ အားနည်းချက်တွေကိုပါ ပွင့်ပွင့်လင်းလင်း တင်ပြထားပါတယ်။ အပိုင်း (၂၀) မှာတော့ ဗကသအဖွဲ့နဲ့ သူတို့ ခေါင်းဆောင်တွေအကြောင်း သူ့ကိုယ်တွေ့တွေနဲ့ ရေးပြီး ဝေဖန်ထားပါတယ်။

အပိုင်း (၂၁) မှာ SCS လို့ခေါ်တဲ့ ကျောင်းသားလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီ (ယာယီ) ကို စာရေးဆရာတွေ၊ အနုပညာရှင်တွေ တတ်သိ ပညာရှင်တွေက စဖွဲ့ခဲ့ပုံ၊ GCS ခေါ် အထွေထွေ သပိတ်ကော်မတီမှာ ဗမာပြည် ကွန်မြူနစ်ပါတီက လူတွေ ခေါင်းဆောင်ပိုင်းမှာ နေရာယူလာပုံ၊ ဦးနုနဲ့ ဒီငြိမ်းအဖွဲ့ အကြောင်းတွေအပြင် ဘီဘီစီရဲ့ သတင်း ပုံကြီးချဲ့ ထုတ်လွှင့်ပုံတွေကို တင်ပြထားပါတယ်။

အပိုင်း (၂၂) မှာတော့ ဧရာဝတီတိုင်းက ဆန္ဒပြသူတွေ နှိမ်နင်းခံရတဲ့ အကြောင်းနဲ့ စစ်တပ်က အာဏာသိမ်းပုံကို ဖော်ပြထားပါတယ်။ အပိုင်း (၂၃) မှာတော့ မဆလ တဖြစ်လဲ တစညပါတီက နိုင်ငံတော်ပိုင်နေရာတွေ လက်ဦးမှုရယူဖို့ ကြိုးစားတာကို သူဖွင့်ချခဲ့ပုံ၊ မိုးသီးဇွန်နဲ့ မိုးဟိန်းတို့က ပါတီနိုင်ငံရေးလုပ်ဖို့ ကမ်းလှမ်းပုံ၊ ဦးနု အကူအညီနဲ့ နယ်စပ်ရောက် ကျောင်းသားတွေကို ကူညီခဲ့ပုံတွေအပြင် ဒီငြိမ်းနဲ့ NLD အောင်၊ စု၊ တင် အကွဲအပြဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီအပေါ် သုံးသပ်ချက်တွေကို တင်ပြထားပါတယ်။

အပိုင်း (၂၄) ကတော့ သူ ဘီဘီစီနဲ့ အဆက်အသွယ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် တို့ဘက်က သိနေပုံနဲ့ သူရဦးတင်ဦး အပါအ၀င် မျိုးချစ်တပ်မှူးတွေကို ဝေဖန်ချက် ဖြစ်ပြီး အပိုင်း (၂၅) နောက်ဆုံး အပိုင်းမှာတော့ ဘီဘီစီ မြန်မာပိုင်းမှာ အစိုးရသတင်းပေးတွေ ရှိနေပုံ၊ ခရစ္စတိုဖာ ဂန်းနက်ကို အထင်လွဲခဲ့ပုံနဲ့ ၂၀၁၁ သူ ဒုတိယ အကြိမ် ထောင်ကလွတ်ပြီး ခရစ်စ္စတိုဖာ ဂန်းနက်နဲ့ ပြန်လည် ဆုံတွေ့ခွင့် ရပုံတွေကို ရေးသားပြီး ၅၇ ရက်အတွင်း အစိုးရ ၄ ဆက် ပြောင်းအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အကြောင်း ဝေဖန်သုံးသပ်ချက်တွေကို ရေးသားတင်ပြထားပါတယ်။

နောက်ဆက်တွဲအနေနဲ့ အဲဒီကာလက သတင်းစာ ဖြတ်ပိုင်းတွေ၊ အမှုတွဲမိတ္တူတွေ၊ ဓာတ်ပုံတွေကို ပူးတွဲ ဖော်ပြထားတာပါတယ်။ စာရေးသူအနေနဲ့ သူမြင်သူတွေ့ သူခံစားမိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ရဲရဲရင့်ရင့် ရေးပြထားတဲ့ စာအုပ်ကောင်း တအုပ် ဖြစ်ပါတယ်။

ဒီနေ့အချိန်အထိ စနစ်တကျ မှတ်တမ်း မတင်နိုင်သေးတဲ့ ရှစ်လေးလုံး အရေးတော်ပုံရဲ့သမိုင်း တစိတ်တပိုင်းကို တင်ပြထားတာ ဖြစ်ပြီး သူရဲ့ အယူအဆတွေကိုလည်း ဝေဖန်သုံးသပ်နိုင်မှာပါ။

နေမင်း (သရက်) နာမည်နဲ့ ရေးပြီး ဧရာဝတီဂျာနယ်မှာ အပတ်စဉ် ဖော်ပြခဲ့တဲ့ “ ၈၈ ရဲ့တိုင်းဆူပြည်ဖျက်များကို ဖော်ထုတ်ခြင်း” နဲ့ “ယေးလ်တက္ကသိုလ် တာဝန်ယူရမည့် မြန်မာ့ခေတ်သစ် သမိုင်းကျမ်း” ဆောင်းပါးတွေနဲ့ ဆက်စပ်ဖတ်ရှုဖို့လည်း စာရေးသူက တိုက်တွန်းထားပါတယ်။

စာရေးဆရာ – နေမင်း (သရက်)

စာအုပ်အမည် –  ဘက်လိုက် သတင်းသမားရဲ့ အာဏာရှင်နိုင်ငံတော်ကို ဖြိုလှဲခြင်း

အမျိုးအစား – နိုင်ငံရေး

ထုတ်ဝေသည့်ကာလ – ပထမအကြိမ်၊ ၂၀၁၆၊ ဇူလိုင်လ

ထုတ်ဝေသည့်တိုက် – လွင်ဦးစာပေ

တန်ဖိုး – ၅၀၀၀ ကျပ်

The post အမေ့လျော့ခံ ဘက်လိုက် သတင်းသမား တယောက် appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/2bKIZcd http://ift.tt/1OYtTeJ

ငါးကင်ရောင်းရင်း စာကြည့်တိုက်ထူထောင်သူ ကိုဇော်ဇော် ကို ဒေါ်စု ချီးကျူးဂုဏ်ပြု

ဓါတ်ပုံ-မန္တလေးစာကြည့်တိုက် ဇော်ဇော်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၂၀၁၆ ခုနှစ် ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်တဲ့သူကတော့ အခမဲ့စာကြည့်တိုက်များ တည်ထောင်သူ မန္တလေးတိုင်း ကျောက်ပန်းတောင်းက ကိုဇော်ဇော်ဖြစ်ပါတယ်။
အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရွေးချယ်ဂုဏ်ပြုခံရတဲ့အပေါ် ရန်ကုန်မှာ ငါးကင်ရောင်းရင်း ရလာတဲ့ ချွေးနည်းစာနဲ့ ရန်ကုန်တိုင်း၊

via သစ်ထူးလွင် Myanmar News Now http://ift.tt/2aYgoAL http://ift.tt/Y2RpwJ

ဒေါက်တာစင်သီယာမောင်နှင့် ၈၈၈၈(ရှစ်လေးလုံး) အရေးတော်ပုံကြီး၏ ဖြတ်သန်းမှု အမှတ်တရ

မြန်မာနိုင်ငံ၌ ၁၉၈၈ခုနှစ်၊ သြဂုတ်လ ၈ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ၈၈၈၈(ရှစ်လေးလုံး) လူထုအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး လက်ရှိ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေး၊ ပညာရေးကို အခမဲ့ ၀န်ဆောင်မှုပေးနေသည့် မယ်တော်ဆေးခန်းကို စတင်တည်ထောင်ခဲ့သူ ကရင်အမျိုးသမီး ဒေါက်တာစင်သီယာမောင်က ကိုယ်တိုင် ဖြတ်သန်းခဲ့ပုံ၊ အမှတ် တရများနှင့် လူထုအရေးတော်ပုံ၏ အရေးပါမှုများကို ကေအိုင်စီသို့ ပြောဆိုချက်ဖြစ်သည်။

၈လေးလုံးပြည်သူ့အရေးတော်ပုံမှာ ပါဝင်ဖြတ်သန်းခဲ့ပုံ
၈လေးလုံးမှာတော့ ဒီကရင်ပြည်နယ် အိန္ဒု(ရွာ)မှာပဲ ရှိနေခဲ့တယ်။ အိန္ဒုမှာ ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်ထားတယ်။ အဲ့ဒီအိန္ဒုမှာရှိ တဲ့ ရွာသူရွာသားတွေ၊ ကျောင်းသားတွေနဲ့အတူ လှုပ်ရှားမှုမှာတော့ ပါခဲ့ပါတယ်။ အဲ့တုန်းက ရွာအနေနဲ့တော့ သီးသန့် အစီအစဉ် တွေ မရှိခဲ့ပါဘူး။ အဓိက ရှိတာကတော့ ဖားအံမှာပဲ ရှိတာဆိုတော့ အိန္ဒုမှာရှိတဲ့ သပိတ်အဖွဲ့နဲ့ ဖားအံမှာလည်းပဲ တချို့သော ကျောင်းသားတွေနဲ့ အဆက်အသွယ်တွေ ရှိတဲ့အခါကျတော့ ဖားအံရဲ့ သပိတ်လှုပ်ရှားမှုမှာ သွားပြီးတော့ ပူးပေါင်းခဲ့တာပေါ့။ ပြီး တော့ စစ်အာဏာသိမ်းလိုက်တော့ နယ်စပ်ဘက်ကို ရောက်လာတယ်။

၈လေးလုံး အရေးတော်ပုံနှင့် အမှတ်ရစရာများ
မှတ်မှတ်ရရအနေနဲ့ ၈လုံးလေးပြီးတော့ ကျမတို့ နယ်စပ်ဘက်ကို ရောက်လာတဲ့အချိန်မှာပဲ နယ်စပ်မှာရှိတဲ့ တခြားသော ဒေသ အသီးသီးကလာတဲ့ ကျောင်းသားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ နောက်ပြီး အခြားသော သူတို့ရဲ့ professional အလိုက် ရောက်လာတဲ့အဖွဲ့တွေနဲ့တော့ နယ်စပ်မှာပဲ ဆုံမိကြတာပေါ့နော်။ တစ်ချိန်တည်းမှာပဲ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားကျန်းမာရေး အဖွဲ့တွေနဲ့လည်း ဆရာမတို့ အတူတူ အလုပ်လုပ်ဖြစ်တဲ့အခါကျတော့ ဒီ ၈လေးလုံးကပဲ စတင်ပြီးတော့ပဲ နယ်စပ် ကျန်းမာရေး ကိစ္စမှာ ပြည်တွင်းမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ နယ်စပ်မှာရှိတဲ့ ကျန်းမာရေးအဖွဲ့နဲ့ စုဆုံမိတယ်။

၈လေးလုံး အရေးတော်ပုံ၏ အရေးပါခဲ့ပုံ
ပြည်တွင်းထဲမှာရှိတဲ့ ကျောင်းသားလူထုတွေနဲ့ ဒီနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒါက ပထမဦးဆုံး တိုင်းရင်း သားအရေးနဲ့ ဒီမိုကရေစီရေး ဆောင်ရွက်သူတွေ ပထမဦးဆုံး စုစည်းမိတယ်။ အပြန်အလှန် အတွေးအခေါ်တွေ ဖလှယ်တာတို့ လုပ်ငန်းတွေ စုပေါင်းပြီးတော့ ဆောင်ရွက်တာတွေ စပြီးတော့ ဆောင်ရွက်နိုင်တာဖြစ်တဲ့အတွက်ကြောင့် လူထုတွေကြားထဲမှာ လည်း ဒီလိုပူးပေါင်းဆောင်ရွက်မှုကနေ ကျန်းမာရေးနယ်ပယ်မှာဖြစ်ဖြစ်၊ ပညာရေးနယ်ပယ်မှာဖြစ်ဖြစ် ပိုပြီးတော့ ဆက်စပ် ဆောင်ရွက်မှုတွေ များလာတယ်။ အထူးသဖြင့် ဒါနဲ့ပတ်သက်ပြီးတော့ပဲ နောက်ဆက်တွဲမှာ ကျမတို့ မယ်တော်ဆေးခန်းဖြစ်စေ၊ မြန်မာနိုင်ငံဆေးပညာအသင်းဖြစ်စေ၊ အမျိုးသားကျန်းမာရေးနဲ့ ပညာရေးကော်မတီ စသဖြင့်ပေါ့။ တိုင်းရင်းသားကြားထဲမှာကော ပြည်တွင်းနဲ့ နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ယုံကြည်မှုတွေ၊ နားလည်မှုတွေ ပိုပြီးတော့ ရရှိ စေတယ်။

(၂၈)နှစ်မြောက် ရှစ်လေးလုံအရေးတော်ပုံ နှစ်ပတ်လည်နေ့အတွက် ပြောချင်သော အမှတ်တရစကား
ဒီ(၂၈)ပြည့်နှစ်ကို ရောက်လာတဲ့နှစ်ပတ်လည်နေ့မှာ ဒီနယ်စပ်ကိုရောက်လာတဲ့ ပြည်တွင်းထဲက လူတွေအနေနဲ့ပြောရရင် စပြီး တော့ ကျမတို့ရောက်လာကတည်းကလည်း အထူးသဖြင့်တော့ ပြည်သူလူထုတွေအတွက် လိုအပ်နေတဲ့ အခြေခံလူမှုဘဝ လုံခြုံ မှုပိုင်းဆိုင်ရာဖြစ်စေ၊ တရားမျှတမှုပိုင်းဆိုင်ရာဖြစ်စေ နောက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စေ အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့ နယ် စပ်ကို ရောက်လာကြတဲ့အပေါ်မှာ (၂၈)နှစ်ပြည့်ပြီးပေမယ့်လို့ ကျမတို့ လက်ရှိကာလအထိကို ဆက်ပြီးတော့ ဖြတ်သန်းဖို့က အများကြီး လိုအပ်ပါသေးတယ်။ အထူးသဖြင့်တော့ လူထုတွေအတွက် လူမှုဘဝလုံခြုံရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးဆိုတာ ကို ပြည်တွင်းကကော၊ နယ်စပ်မှာကော ကျမတို့ အားလုံးကနေပြီးတော့ ဒီအပေါ်မှာ အလေးအနက်ထားပြီး ပူးပေါင်းဆောင်ရွက် နိုင်တဲ့ အခြေအနေတွေ၊ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို အမြဲမျက်ခြေမပြတ်ဘဲ တစိုက်မတ်မတ် ဆောင်ရွက်သွားဖို့ လိုတယ်။

via Karen Newsletter http://ift.tt/2aGDMm8 http://kicnews.org