ဘူးသီးတောင်နဲ့ မောင်တောကို စစ်ဆင်ရေးနယ်မြေ သတ်မှတ်

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို အစိုးရက စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်လိုက် ပြီဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောတာဖြစ်ပါတယ်။

ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ တာဝန်ကျနေတဲ့ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ၀န်ထမ်းတွေကိုလည်း လက်နက်တွေ ထုတ်ပေးထားတယ်လို့ ပြောပါတယ်။

အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RSO အဖွဲ့နဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ရရှိထားတာကြောင့် အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်းဟာ RSO အဖွဲ့အစည်းဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပေမယ့် အကြမ်းဖက် အဖွဲ့အမည် အတိအကျကို မကြာခင်မှာ အတည်ပြုထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေဟာ အချိန်အတိုင်းအတာတစ်ခုအထိ ကြိုတင်စီမံပြီးမှ ဒီဖြစ်စဉ်ကို ကျူးလွန်ခဲ့ကြ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မောင်တောမြို့နယ်အတွင်းမှာဖြစ်ပွာခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကိုစိုးရိမ်ရ တာကြောင့် မောင်တောမြို့နယ်အတွင်းက တိုင်းရင်းသားတွေ အတော်များများဟာ နေရပ်စွန့်ခွာထွက်ပြေးမှုတွေ ပိုမိုများပြားလာနေတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဘူးသီးတောင်မြို့ အထက ခွဲ(၁) စာသင်ကျောင်းမှာ ထွက်ပြေးတိမ်းရှောင်လာသူအရေအတွက်ဟာ ဒီနေ့ညနေ အထိ အိမ်ထောင်စု ၁၀၀ ကျော် လူဦးရေ ၅၀၀ ကျော်အထိရှိနေပြီး အခုရက်ပိုင်းတွေအတွင်း လူဦးရေထောင်နဲ့ချီပြီး ဘူးသီးတောင်သင်္ဘောဆိပ်ကနေတစ်ဆင့် အခြားဒေသတွေကို ထွက်ခွာမှုတွေရှိနေတယ်လို့ ဘူးသီးတောင်မြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

via သတင်းမဵား http://ift.tt/2eelWD2 http://www.rfa.org

လှေစီးပြေး ဒုက္ခ္ခသည်စခန်း အပြီးသတ်ပိတ်

ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့က ဘင်္ဂလားဒေရှ့်နိုင်ငံသား လှေစီးပြေးဒုက္ခသည်တွေကို ကူညီရေးစခန်းတွေကို အပြီး ပိတ်သိမ်းလိုက်ပြီလို့ လဝက ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံကို လွှဲပြောင်းပေးဖို့ နောက်ဆုံးကျန်ရှိနေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၈ ဦးဟာ စခန်းကနေ ထွက်ပြေးသွားခဲ့တဲ့နောက် အခုလို ပိတ်သိမ်းလိုက်တာလို့ ပြောပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။
မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့မှာ ထိန်းသိမ်းထားတဲ့ လှေစီးပြေး…

via Voice of America http://ift.tt/1PjcxaP http://ift.tt/Tf1V41

ရခိုင်အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ရေး RWU ကြိုးပမ်းမည်

နိုင်ငံရေးနယ်ပယ်မှာ ဦးဆောင်နိုင်မယ့် ရခိုင် တိုင်းရင်းသားအမျိုးသမီးတွေ ပိုမိုပါ ဝင်လာနိုင်ရေးအတွက် အရည်အသွေးမြှင့် တင်ဖို့ ကြိုးပမ်းမယ်လို့ ရခိုင်အမျိုးသမီး အစည်းအရုံးက ပြော ပါတယ်။

via သတင်းများ http://ift.tt/1Yve4Nm http://www.rfa.org

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အမ်းမြို့နယ်မှ ဝင်ပြိုင်မည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကနေ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

via သတင်းများ http://ift.tt/1S8P2ps http://www.rfa.org

ရခိုင်ပြည်နယ် ရေကြီးမှု အသေအပျောက်ရှိ

မကြာသေးခင် ရက်တွေအတွင်း မိုးသည်းထန်ရွာသွန်းမှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုတွေနဲ့ အကြီးအကျယ် ကြုံနေရပါတယ်။
တချို့မြို့နယ်တွေမှာ လူအသေအပျောက်တွေတောင် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေ က ပြောကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
မိုးအပြင်းအထန် ရွာသွန်းမှုတွေနဲ့ ကြုံခဲ့ရပြီးနောက် ရခိုင်ပြည်နယ်အတွင်း နေရာတော်တော်များများမှာ ရေကြီးမှုတွေနဲ့ ကြုံခဲ့ရပြီး၊ လူသေဆုံး၊ ပျောက်ဆုံးမှုတွေ…

via Voice of America http://ift.tt/1U1qI7w http://ift.tt/Tf1V41

ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာ အခေါ်အဝေါ် လက်မခံကြောင်း မြန်မာဒုဝန်ကြီး ပြော ကုလသမဂ္ဂနဲ့ နို…

via RFA Burmese’s Facebook Wall http://ift.tt/14j5Lzi http://ift.tt/g8FRpY

ရိုဟင်ဂျာ အကြမ်းဖက် လက်နက်ကိုင် ၄ ဦး ဝင်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ RSO ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ဖောက်ခွဲရေးသမား ၄ ဦး ရောက်ရှိနေတယ်ဆိုပြီး သတင်းထွက်ပေါ်နေ တာကြောင့် ရဲတပ်ဖွဲ့က အဲဒီ ၄ ဦးရဲ့ ဓါတ်ပုံပါ စာရွက်တွေကို နေရာအတော်များများမှာ ကပ်ထား သလို လုံခြုံရေးတွေ တိုးမြှင့်ထားလိုက်တယ်လို့ သိရပါတယ်။

via သတင်းများ http://ift.tt/1AGnLBY http://www.rfa.org

ဘူးသီးတောင်ဗုံးကွဲမူနှင့် ပတ်သက်ပြီး လူ (၃) ဦးကို ရဲက ဖမ်းဆီး

(နိရဉ္စရာ- ၁ နိုဝင်ဘာ ၂၀၁၄) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ဗုံးနှစ်လုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး လူ (၃) ဦးကို ရဲက ဖမ်းဆီးစစ်ဆေးနေကြောင်း ဘူးသီးတောင်မြို့နယ် ရဲမှူးက အတည်ပြု ပြောကြားသည်။ “ ကျွန်တော်တို့ ဘင်္ဂလီ လူမျိုး သုံးဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ သူတို့ဆီက မနေ့က ပေါက်ကွဲခဲ့တဲ့ ဗုံးတွေနဲ့  ဆက်စပ်တဲ့ ပစ္စည်းအချို့ကို သိမ်းဆည်းရမိတဲ့ အတွက် ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်” ဟု ရဲမှူးက ဆိုသည်။ သူတို့ဆီမှ ၀ါယာကြိုးများ၊ ဖုံးဆင်းကတ်နှင့် တခြား ပစ္စည်းအချို့ကို ဖမ်းဆီးမိသည်ဟု ဆိုသည်။ “ အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်စပ်မူ ရှိသလားဆိုတာကိုတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် […]

via Narinjara Online 24 X 7 | Arakan news Burmese news Myanmar http://ift.tt/1wSdBsS http://ift.tt/1a8r462

စက်သေနတ်များတပ်ဆင်ထားသော ကင်းလှည့် အမြန်ရေယာဉ်များ မောင်တောသို့ ရောက်ရှိ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ပင်လယ်ပြင်နှင့် နတ်မြစ်တစ်လျှောက် ကင်းလှည့်ရန် အတွက် စက်သေနတ်များ တပ်ဆင်ထားသော ကင်းလှည့် အမြန်ရေယာဉ်များ မောင်တောမြို့သို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

via Burma News International | Burmese Version http://ift.tt/1wt6SVm http://ift.tt/1pKcsBd

ANP ပါတီဥက္ကဋ္ဌအဖြစ် ဒေါက် တာ အေးမောင် ဖြစ်လာ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်ပြည်တိုးတက်ဖွံ့ဖြိုးရေးပါတီ RNDP တို့ပူးပေါင်းအပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ANP ညီလာခံက ပါတီဥက္ကဋ္ဌအဖြစ် ဒေါက်တာအေးမောင်ကို ရွေးခြယ် ဒီကနေ့ ရွေးချယ်တင်မြောက်လိုက်ပါတယ်။

via သတင်းများ http://ift.tt/1rqYNle http://www.rfa.org

ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်(၁၀) ဦးကို မဲစနစ်ဖြင့် မဟုတ်ဘဲ CEC အဖြစ် တင်မြှောက်

(နိရဉ္စရာ- ၂၈ စက်တင်ဘာ ၂၀၁၄) သံတွဲမြို့တွင် ကျင်းပနေသော ရခိုင်အမျိုးသားပါတီ ညီလာခံတွင် ပါတီကို ဦးဆောင်မူပြုလုပ်ရာတွင် အဆင်ပြေချောမွေ့နိုင်စေရေး ရည်ရွယ်ပြီး ALD နှင့် RNDP မှ ခေါင်းဆောင် တစ်ဘက် (၅) ဦးစီကို မဲစနစ်ဖြင့် မဟုတ်ဘဲ အများသဘောတူ ဗဟိုအလုပ်အမူဆောင်ကော်မီတီ (CEC) အဖြစ် တင်မြောက်လိုက်သည်ဟု သိရသည်။ ထို CEC (၁၀) ဦးထဲတွင် ALD ဘက်မှ ဦးအေးသာအောင်၊ ဦးကျော်မြင့်၊ ဦးမျိုးကျော်၊ ဦးထွန်းရွှေသိန်း၊ ဦးမျိုးဆွေတို့ ဖြစ်ကြပြီး  RNDP ဘက်မှ ဦးဦးလှစော၊ ဦးဘရှင်၊ ဒေါ်အေးနုစိန်၊ ဦးစံကျော်လှ၊ ဦးဖိုးမင်းတို့ ဖြစ်ကြသည်။ ရခိုင်အမျိုးသားပါတီအတွက် ဗဟို အလုပ်အမူဆောင် (၃၉) ဦးရှိမည် ဖြစ်ပြီး ထို (၁၀) […]

via Narinjara Online 24 X 7 | Arakan news Burmese news Myanmar http://ift.tt/1uUHWoA http://ift.tt/1a8r462

၂ဝဝ၈ ဖွဲ့စည်းပုံကိုမပြင်လျှင် ပါတီရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များ မရရှိနိုင်ကြောင်း ညီလာခံတွင် ပါတီ ခေါင်းဆောင်များပြောကြား

စစ်အစိုးရလက်ထက်က အတည်ပြုဖွဲ့စည်းပေးခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင် နိုင်လျှင် ရခိုင်အမျိုးသားပါတီ၏ရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များကိုမရနိုင်ကြောင်း ရခိုင်အမျိုး သားပါတီ ခေါင်းဆောင်များက ပြောကြားသည်။

via Burma News International | Burmese Version http://ift.tt/1njFcTh http://ift.tt/1pKcsBd

ရမ်းဗြဲကျွန်းရဲ့ အနာဂတ် တရုတ် လက်ထဲမှာ ရှိနေ

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းက ရွာကလေး ရဲ့ ခံနိုင် ရည်ရှိမှုက အိမ်အိုတစ်လုံးလို ယိုင်ရွဲ့ချိနဲ့ပြီး ကံကြမ္မာရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူ ရတော့မယ့် အခြေအနေဖြစ်ပါတယ်။ ညနေစောင်းတာနဲ့ ကိုညွန့်ရွှေက ဘီယာ ချမ်းတစ်ဗူးကို သောက်ပြီး “တရုတ်တွေက ဒီဒေသကနေ အကျိုးအမြတ်တွေ အများကြီးရနေတယ်။ ဒေသခံတွေကတော့ ဘာအကျိုးအမြတ်မှမရဘူး။တရုတ် နိုင်ငံအဖို့တော့ ငါးကြီးတစ်ကောင်ရဖို့ ငါးစာများများ မလိုဘူးလေ”လို့ ပြောပါ တယ်။ မကြာသေးခင်က ရမ်းဗြဲကျွန်းပေါ်မှာ တရုတ်နိုင်ငံက ရေနံတွင်းများ မှို ပေါက်သလို တူးဖော်ပစ်လိုက်လို့ တစ်ပိုင်တနိုင် ရေနံတွင်းတူးတဲ့သူတွေ ၀မ်း နည်း မဆုံး ဖြစ်ခဲ့ကြရတဲ့အထဲမှာ ကိုညွန့်ရွှေလည်း ပါပါတယ်။ ကိုညွန့်ရွှေရဲ့ ရေနံတူးစင်လေးက သူနေတဲ့ အိမ်လေးလို နှစ်ခုတွဲလေး ဖြစ်ပါ တယ်။ ဒါပေမယ့် […]

via The Light of Mandalay http://ift.tt/1wx8Sw2 http://ift.tt/1pWck3j

ရခိုင်လူမျိုးများနေပျော်ရေး အမျိုးသားလွှတ်တော်တွင် ဆွေးနွေး ဒီဗွီဘီ ရခိုင်ပြည်နယ်…

ရခိုင်လူမျိုးများနေပျော်ရေး အမျိုးသားလွှတ်တော်တွင် ဆွေးနွေး
ဒီဗွီဘီ
ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသားတွေ နေပျော်ဖို့အတွက် အစိုးရက ဆောင်ရွက်ပေးနေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းဆွေးနွေးမှုတွေ လုပ်သွားခဲ့ပါတယ်။
http://ift.tt/1tWaL7j

ရခိုင်လူမျိုးများနေပျော်ရေး အမျိုးသားလွှတ်တော်တွင် ဆွေးနွေး | DVB
burmese.dvb.no
ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသားတွေ နေပျော်ဖို့အတွက် အစိုးရက ဆောင်ရွက်ပေးနေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းဆွေးနွေးမှုတွေ လုပ်သွားခဲ့ပါတယ်။

via DVB TV News’s Facebook Wall http://ift.tt/YNwOAv http://ift.tt/g8FRpY