ခရစ်ယာန် ဘုရားကျောင်းဝန်းမှာ စေတီတစ်ဆူ ထပ်မံတည်ဆောက်ပြီးစီး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ဘုရားကျောင်းဝန်းအတွင်း မြိုင်ကြီးငူဆရာတော်မှ နောက် ထပ်စေတီတစ်ဆူတည်ရာမှာ မနေ့က ညပိုင်းက စေတီကို ညတွင်းချင်း အပြီးတည်ပြီးသွားပြီလို့ သိရပါတယ်။

via သတင်းများ http://ift.tt/1ZdN0Dx http://www.rfa.org

အများပြည်သူကိုမျက်နှာမူတဲ့ မီဒီယာဖြစ်အောင် ကြိုးစားနေပါတယ် – ဒေါက်တာဖေမြင့်

ပြန်ကြားရေးဝန်ကြီးဌာနမှာရှိတဲ့ မီဒီယာတွေဟာ အများပြည်သူကို မျက်နှာမူတဲ့ မီဒီယာတွေဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက်နေသလို အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ပြောဆိုထားတာနဲ့[…]

The post အများပြည်သူကိုမျက်နှာမူတဲ့ မီဒီယာဖြစ်အောင် ကြိုးစားနေပါတယ် – ဒေါက်တာဖေမြင့် appeared first on DVB.

via DVB http://ift.tt/1Y8UFTD http://burmese.dvb.no

ဝန်ကြီးဌာနသစ်တခု တိုးချဲ့ဖွဲ့စည်းမည်

ပြည်ထောင်စုအစိုးရ၀န်ကြီးဌာန အသစ်တခုကို တိုးချဲ့ဖွဲ့စည်းဖို့ သမ္မတ ဦးထင်ကျော် လက်မှတ်ထိုးပြီး  ပြည်ထောင်စုလွှတ်တော် နာယကထံပေးပို့ထားတယ်လို့  နိုင်ငံတော် သမ္မတရုံးက[…]

The post ၀န်ကြီးဌာနသစ်တခု တိုးချဲ့ဖွဲ့စည်းမည် appeared first on DVB.

via DVB http://ift.tt/1NWN7D2 http://burmese.dvb.no

AAလက်နက်ကိုင်အဖွဲ့သည် ဒီမိုကရေစီစနစ်ကို တိုက်ခိုက်နေခြင်းဖြစ်ဟု ကာကွယ်ရေးဝန်ကြီးပြော

နေပြည်တော် ၊ မေ ၄ ။            ။ AA လက်နက်ကိုင်အဖွဲ့ သည် ဒီမိုကရေစီစနစ်ကိုဆန့် ကျင်တိုက်ခိုက်နေခြင်းဖြစ်ပြီးလက်ရှိသမ္မတဦးထင်ကျော်အစိုးရ အနေဖြင့်လည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးတို့ ကိုဦစားဆောင်ရွက်နေသည်သိရှိလျက်ဖြင့် နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသည် မဖြစ်သင့် သည့်ကိစ္စဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးက လွှတ်တော်တွင်ပြောသည်။

ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်တင်သွင်းခဲ့သည့် တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့ တို့ ကြားဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင် အဖွဲ့ ကို နိုင်ငံရေးအရဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအားတိုက်တွန်း သည့်အရေးကြီး အဆိုအပေါ် မေ ၄ ရက်နေ့ ကကျင်းပသည့် လွှတ်တော်တွင် လာရောက်ရှင်းလင်းရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ တစ်နည်းအားဖြင့်ပြောရလျှင် AA လက်နက်ကိုင်အဖွဲ့ ဟာ ဒီမိုကရေစီစနစ်ကို ဆန့် ကျင်တိုက်ခိုက်နေခြင်းပဲဖြစ်ပါတယ် ဒီမိုကရေစီစနစ်မှာဖြစ်သင့်ဖြစ်ထိုက်သော မိမိတို့ ရဲ့ လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်ကြီးများမှတစ်ဆင့် တင်ပြဆောင်ရွက်ခွင့် ရရှိနေပြီဖြစ်ပါတယ် ။ ထို့ အပြင် လက်ရှိသမ္မတ ဦးထင်ကျော်ဦးစီးတဲ့နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးတို့ ကို ဦးစားပေးဆောင်ရွက်နေသည်ကို အားလုံးလည်းသိရှိပြီး ဖြစ်ပါလျှက် ယခုကဲ့သို့ နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသည် မဖြစ်သင့် မဖြစ်ထိုက်သောကိစ္စတစ်ရပ်သာဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါတယ် ” ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကပြောသည်။

စစ်ပွဲများရပ်ရန် ဆန္ဒဖော်ထုတ်ခြင်း ၊ လွှတ်တော်တွင်အရေးကြီးအဆိုတင်သွင်း တို့ သည် လက်ရှိသမ္မတဦးထင်ကျော်ဦးဆောင်သည့် ပြည်ထောင်စုအစိုးရကို နိုင်ငံရေးအကျပ်အတည်းတစ်ရပ်ဖြစ်ပေါ်စေရန် ပုံဖော်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကပြောသည်။

ပြည်တွင်းစစ်မီးငြိမ်းပြီး အေးချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးဟာသိမ်မွေ့ နက်နဲ ပြီး လက်တွေ့ ဖြစ်နိုင်သည့်မူဘောင်အတွင်းမှ တည်တံ့ခိုင်မာသော သဘောတူညီမှုရရှိရေးအတွက် အလေးအနက်စဉ်းစားရမည်ဖြစ်သဖြင့် အရေးကြီးအဆိုကို မှတ်တမ်းအဖြစ်သာထားရှိသင့်သည်ဟု NLD အမတ် ဦးမင်းဦးကဆွေးနွေးခဲ့သည်။

ယင်းအဆိုအပေါ်လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးကဆွေးနွေးခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှပြန်လည်ရှင်းလင်းပြီးနောက် အဆိုကို အတည်ပြုရန် သို့မဟုတ် မှတ်တမ်းတင်ရန် လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ခဲ့ရာ မှတ်တမ်းတင်ရန် ကိုယ်စားလှယ်အများစုက ထောက်ခံခဲ့သဖြင့် ဦးဝေစိန်အောင်တင်သွင်းသည့်အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/1NWMgCe http://ift.tt/1nfHMox

စိတ်ရှည်သည်းခံဖို့ သာသနာရေးဝန်ကြီး တိုက်တွန်း

ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရရေးအတွက် ဥပဒေပြဌာန်းပြီး ဆောင်ရွက်သွားဖို့ရှိတာကြောင့် လတ်တလောကြုံတွေ့နေရတဲ့ ဘာသာရေးပြဿနာတွေကို စိတ်ရှည်သည်းခံပေးဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

via သတင်းများ http://ift.tt/1SP8qTR http://www.rfa.org

ရခိုင် အရေးပေါ်အဆို အမျိုးသားလွှတ်တော် မှတ်တမ်းတင်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ အမြန်ရပ်စဲရေးအတွက် လွှတ်တော်တွင်းအရေးကြီးအဆိုကို မှတ်တမ်းအနေနဲ့သာထားဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

via Voice of America http://ift.tt/1W8ihtq http://ift.tt/Tf1V41

AAလက်နက်ကိုင်အဖွဲ့သည် ဒီမိုကရေစီစနစ်ကို တိုက်ခိုက်နေခြင်းဖြစ်ဟု ကာကွယ်ရေးဝန်ကြီးပြော

နေပြည်တော် ၊ မေ ၄ ။            ။ AA လက်နက်ကိုင်အဖွဲ့ သည် ဒီမိုကရေစီစနစ်ကိုဆန့် ကျင်တိုက်ခိုက်နေခြင်းဖြစ်ပြီးလက်ရှိသမ္မတဦးထင်ကျော်အစိုးရ အနေဖြင့်လည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးတို့ ကိုဦစားဆောင်ရွက်နေသည်သိရှိလျက်ဖြင့် နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသည် မဖြစ်သင့် သည့်ကိစ္စဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးက လွှတ်တော်တွင်ပြောသည်။

ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်တင်သွင်းခဲ့သည့် တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့ တို့ ကြားဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင် အဖွဲ့ ကို နိုင်ငံရေးအရဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအားတိုက်တွန်း သည့်အရေးကြီး အဆိုအပေါ် မေ ၄ ရက်နေ့ ကကျင်းပသည့် လွှတ်တော်တွင် လာရောက်ရှင်းလင်းရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ တစ်နည်းအားဖြင့်ပြောရလျှင် AA လက်နက်ကိုင်အဖွဲ့ ဟာ ဒီမိုကရေစီစနစ်ကို ဆန့် ကျင်တိုက်ခိုက်နေခြင်းပဲဖြစ်ပါတယ် ဒီမိုကရေစီစနစ်မှာဖြစ်သင့်ဖြစ်ထိုက်သော မိမိတို့ ရဲ့ လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်ကြီးများမှတစ်ဆင့် တင်ပြဆောင်ရွက်ခွင့် ရရှိနေပြီဖြစ်ပါတယ် ။ ထို့ အပြင် လက်ရှိသမ္မတ ဦးထင်ကျော်ဦးစီးတဲ့နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးတို့ ကို ဦးစားပေးဆောင်ရွက်နေသည်ကို အားလုံးလည်းသိရှိပြီး ဖြစ်ပါလျှက် ယခုကဲ့သို့ နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသည် မဖြစ်သင့် မဖြစ်ထိုက်သောကိစ္စတစ်ရပ်သာဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါတယ် ” ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကပြောသည်။

စစ်ပွဲများရပ်ရန် ဆန္ဒဖော်ထုတ်ခြင်း ၊ လွှတ်တော်တွင်အရေးကြီးအဆိုတင်သွင်း တို့ သည် လက်ရှိသမ္မတဦးထင်ကျော်ဦးဆောင်သည့် ပြည်ထောင်စုအစိုးရကို နိုင်ငံရေးအကျပ်အတည်းတစ်ရပ်ဖြစ်ပေါ်စေရန် ပုံဖော်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကပြောသည်။

ပြည်တွင်းစစ်မီးငြိမ်းပြီး အေးချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးဟာသိမ်မွေ့ နက်နဲ ပြီး လက်တွေ့ ဖြစ်နိုင်သည့်မူဘောင်အတွင်းမှ တည်တံ့ခိုင်မာသော သဘောတူညီမှုရရှိရေးအတွက် အလေးအနက်စဉ်းစားရမည်ဖြစ်သဖြင့် အရေးကြီးအဆိုကို မှတ်တမ်းအဖြစ်သာထားရှိသင့်သည်ဟု NLD အမတ် ဦးမင်းဦးကဆွေးနွေးခဲ့သည်။

ယင်းအဆိုအပေါ်လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးကဆွေးနွေးခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှပြန်လည်ရှင်းလင်းပြီးနောက် အဆိုကို အတည်ပြုရန် သို့မဟုတ် မှတ်တမ်းတင်ရန် လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ခဲ့ရာ မှတ်တမ်းတင်ရန် ကိုယ်စားလှယ်အများစုက ထောက်ခံခဲ့သဖြင့် ဦးဝေစိန်အောင်တင်သွင်းသည့်အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။

via မဇ္ဈိမ မာလ်တီမီဒီယာ http://ift.tt/1NWMgCe http://ift.tt/1nfHMox

AA အဖွဲ့ နိုင်ငံရေး အကျပ်အတည်းဖန်တီးဟု ကာကွယ်ရေးဝန်ကြီး ပြောကြား

AA လက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုသမ္မတ ကြီး ဦးထင်ကျော် လက်ထက်မှာ ဆန္ဒဖေါ်ထုတ်ခြင်း၊ အရေး ကြီးအဆိုတင်သွင်းခြင်းတို့ဟာ နိုင်ငံရေးအကျပ် အတည်း ဖြစ်ပေါ်အောင် ပုံဖေါ်ဖန်တီးရာ ရောက်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြော ပါတယ်။

via သတင်းများ http://ift.tt/1SP7LBO http://www.rfa.org

ခရစ်ယာန် ဘုရားကျောင်းဝန်းမှာ စေတီတစ်ဆူ ထပ်မံတည်ဆောက်ပြီးစီး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ဘုရားကျောင်းဝန်းအတွင်း မြိုင်ကြီးငူဆရာတော်မှ နောက် ထပ်စေတီတစ်ဆူတည်ရာမှာ မနေ့က ညပိုင်းက စေတီကို ညတွင်းချင်း အပြီးတည်ပြီးသွားပြီလို့ သိရပါတယ်။

via သတင်းများ http://ift.tt/1ZdN0Dx http://www.rfa.org

နိုင်ငံတော် အကြီးအကဲများ ကို အသရေ ပျက်စေသည့် ပုံများ တင်သူ ဦးနေမျိုးဝေ အမှုဖွင့်ခံရ

“လောလောဆယ် တရားခံကို ကူညီစုံစမ်း ဖမ်းဆီးပေးပါဆိုပြီး မင်္ဂလာဒုံမြို့မ ရဲစခန်းကို လှမ်းပြီး အကြောင်းကြားထား တယ်။ ဒီကနေ ဖက်စ်နဲ့ လှမ်းပို့ထားတယ်” ဟု ကန်ကြီးထောင့်မြို့မ ရဲစခန်းမှ ရဲအုပ် သိန်းလွင်က ပြောသည်။

The post နိုင်ငံတော် အကြီးအကဲများ ကို အသရေ ပျက်စေသည့် ပုံများ တင်သူ ဦးနေမျိုးဝေ အမှုဖွင့်ခံရ appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1ZdMZPW http://ift.tt/1PXzsvq

ခရစ်ယာန်ကျောင်းဝန်းထဲ မှာ စေတီတစ်ဆူ ထပ်မံတည်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ဘုရားဝန်းအတွင်းမှာ မြိုင်ကြီးငူဆရာတော် က မနေ့မနက်ကစပြီး စေတီတစ်ဆူ ထပ်မံတည်နေပါတယ်။

via သတင်းများ http://ift.tt/1Zb2wQL http://www.rfa.org

စစ်ကိုင်းတိုင်း ဆန္ဒပြအလုပ်သမားအရေး ပြေလည်မှုမရ

"သူတို့က ကျနော်တို့ကို တိုင်းခုံသမာဓိကနေပြီးတော့ အမိန့်ချထားတာရှိတယ်လေ။ တိုင်းခုံသမာဓိရဲ့ ဆုံးဖြတ်ချက်က ဘာဖြစ်လဲဆိုတော့ ဒီအလုပ်သမားအားလုံးကို အလုပ်ပြန်ခန့်လိုက်ပါ။ သို့သော်…."

via Voice of America http://ift.tt/1rT7QOu http://ift.tt/Tf1V41

အစိုးရသစ်ကို ဂုဏ်ပြု၍ တစ်ကိုယ်တော်လမ်းလျှောက်နေသူ ဆေးကုသမှုခံရသော်လည်း ပြီးဆုံးသည်အထိ လျှောက်မည်ဟုဆို

အစိုးရသစ်ကို ဂုဏ်ပြုကာ တစ်ကိုယ်တော်လမ်းလျှောက်နေသည့် ဦးအောင်သူ (ဓာတ်ပုံ – ဟိန်းအာကာ)

အစိုးရသစ်ကို ဂုဏ်ပြု သည့်အနေနှင့် တစ်ကိုယ်တော်လမ်းလျှောက်ခြင်းအစီအစဉ် စတင်ပြုလုပ်နေသည့် မြိတ်ဒေသခံ ဦးအောင်သူသည် ကျန်းမာရေးအခြေအနေအရ နီးစပ်ရာပြည်သူ့ ဆေးရုံများတွင် ဆေးကုသနေရသော်လည်း လမ်းလျှောက်မည့် ခရီးစဉ်ကို ပြီးဆုံးချိန်အထိ လုပ်ဆောင်မည်ဟု ပြောသည်။


နိုင်ငံတော်သမ္မတ ဦးထင် ကျော်ကို ဂုဏ်ပြုသောအားဖြင့် ဦးအောင်သူသည် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ ခုစလုံးမှ မြို့ နယ်ပေါင်း ၅၉ မြို့ကို ဖြတ်သန်း ကာ တစ်ကိုယ်တော် လမ်း လျှောက်မည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အဆုံးသတ်ရန် စီစဉ်ထားသည်။

အဆိုပါ ခရီးစဉ်ကို မြိတ်မြို့ မှ ဧပြီ ၂၂ ရက်တွင် စတင်ထွက် ခွာခဲ့ပြီး ကျန်းမာရေးအခြေအနေ အရ လမ်းတစ်လျှောက်ရှိ ပလောက်မြို့ ပြည်သူ့ဆေးရုံနှင့် သရက်ချောင်း ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုများ ပြုလုပ်ခဲ့ပြီး မြိတ်မြို့မှ မိုင် ၁၅၀ ကွာဝေးသည့် ထားဝယ်မြို့သို့ မေလ ၂ ရက်တွင် ရောက်ရှိလာသည်။

‘‘လမ်းမှာ ပလောက်ဆေးရုံ နဲ့ သရက်ချောင်းဆေးရုံတွေမှာ လည်း ဝင်ရောက်စစ်ဆေးခဲ့ရ တယ်။ ဆရာဝန်တွေကတော့ နှလုံးနဲ့ပတ်သက်နေတယ်ဆိုပြီး ဆေးလိပ်မသောက်ဖို့ အကြံပေး ကြပါတယ်။ လမ်းလျှောက်ရတာ ကလည်း ရာသီဥတုအခြေအနေ အရ ထင်သလောက်အဆင်မပြေ ပေမယ့် ခရီးစဉ်အောင်မြင်တဲ့အ ထိ ဆက်လျှောက်သွားမှာပါ။ ကျန်းမာရေးအခြေအနေအရ ကုသ၊ စစ်ဆေးဖို့ ထပ်လိုခဲ့ရင် လည်း အခုလိုနီးစပ်ရာ ဆေးရုံ တွေမှာ ဝင်ရောက်ကုသမှုပြုလုပ် သွားပါ့မယ်’’ဟု အသက် (၄၆)နှစ် အရွယ် ဦးအောင်သူက ပြော သည်။

ယခုခရီးစဉ်အတွက် လမ်း လျှောက်ရာတွင် ကျန်းမာရေး အခြေအနေနှင့် ရာသီဥတုအခြေ အနေအရ တစ်နေ့လျှင် မိုင် ၂၀ ခန့်သာ ခရီးပေါက်နေပြီး ယခင် ခရီးစဉ်များ၏ တစ်နေ့ရောက်ရှိနိုင်သည့် မိုင်နှုန်းထက် ထက်ဝက်ခန့် လျော့နေကြောင်း ဦးအောင်သူက ဆက်လက်ပြောကြားသည်။

ယခင်လမ်းလျှောက်ဂုဏ်ပြု သည့် ခရီးစဉ်များတွင် ညအိပ်ရပ် နားရာ နေရာများ၌သာ အနားယူ လေ့ရှိပြီး နေ့စဉ်ပုံမှန်လမ်း လျှောက်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ဆေးဝါးကုသနေရသောကြောင့် နားရက်များပါ ရှိလာကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် ရာသီဥတုပူပြင်း သောကြောင့် ယခင်ခရီးစဉ်များ ကဲ့သို့ အချိန်ပြည့်လမ်းလျှောက် ခြင်းမပြုဘဲ နံနက် ၆ နာရီမှ နေ့ လယ် ၁၁ နာရီအထိသာလျှောက်  ပြီး ညနေ ၃ နာရီမှ ပြန်လည်ခရီး ဆက်နိုင်သည်ဟု ပြောသည်။

ဦးအောင်သူသည် မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် ၂၀၁၃ ဩဂုတ်တွင် မြိတ်မြို့မှ နေပြည်တော် အထိနှင့် အောက်တိုဘာ၌ ကော့သောင်းမှ နေပြည်တော်အထိ တစ်ကိုယ်တော်လမ်းလျှောက် ဂုဏ်ပြုခဲ့သည်။

ထို့အပြင် ဗိုလ်ချုပ်အောင် ဆန်းရာပြည့်အထိမ်းအမှတ်အ ဖြစ် ပွဲတော်ကာလအမီ ၂၀၁၅ ဇန်နဝါရီမှစတင်ကာ မြိတ်မြို့မှ နတ်မောက်မြို့သို့ တစ်ကိုယ် တော် လမ်းလျှောက်ဂုဏ်ပြုခဲ့ သည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်အား ဂုဏ်ပြုခြင်းအဖြစ် လမ်းလျှောက်ခြင်းသည် ဦးအောင်သူ၏ စတုတ္ထအကြိမ်မြောက် ဂုဏ်ပြုလမ်းလျှောက်မှုဖြစ်သည်။

ဦးအောင်သူသည် အသက် (၄၆)နှစ်ရှိပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်နေသဖြင့် မေလ ၄ ရက်၌ ထားဝယ်မြို့မှ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

via News http://ift.tt/23nVnh4 http://ift.tt/1Vus636

ဝအဖွဲ့နဲ့ တွေ့ဆုံခဲ့သူ ဦးစိုးဌေး အရေးယူခံရ

"ပါတီစည်းကမ်းမှာက ကြိုတင်မတင်ပြဘဲနဲ့ ကိုယ်စားလှယ်အနေနဲ့ သွားခွင့်မရှိဘူး။ အဲဒါနဲ့ ငြိစွန်းတဲ့အတွက်ကြောင့်မို့ ပါတီရဲ့ အရေးကြီးတာဝန်ကနေ ၁ နှစ်ရပ်ဆိုင်းလိုက်ပါတယ်။"

via Voice of America http://ift.tt/1TKv564 http://ift.tt/Tf1V41

သမ္မတ၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ သွားမည်

အစိုးရသစ်ဂုဏ်ပြုညစာစားပွဲတွင် တွေ့ရသည့် သမ္မတနှင့်ဇနီး(ဓာတ်ပုံ−စိုင်းဇော်)

သမ္မတဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့သည် လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးမကြာမီသွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်သည်။

အစိုးရသစ်အာဏာလွှဲပြောင်းတာဝန်ယူပြီး တစ်လကျော်ကြာပြီးနောက် နိုင်ငံတော်သမ္မတ၏ပထမဆုံးသွားရောက်မည့် ပြည်ပခရီးစဉ်ဖြစ်သည်။


သမ္မတဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် လာအိုပြည် သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာဘွန်ညံဗိုရာချစ်နှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ လာ အိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး မကြာမီသွားရောက်ရန်ရှိကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီး သွား မည့်ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

via News http://ift.tt/23nUGV7 http://ift.tt/1Vus636

ဝအဖွဲ့နဲ့ တွေ့ဆုံခဲ့သူ ဦးစိုးဌေး အရေးယူခံရ

"ပါတီစည်းကမ်းမှာက ကြိုတင်မတင်ပြဘဲနဲ့ ကိုယ်စားလှယ်အနေနဲ့ သွားခွင့်မရှိဘူး။ အဲဒါနဲ့ ငြိစွန်းတဲ့အတွက်ကြောင့်မို့ ပါတီရဲ့ အရေးကြီးတာဝန်ကနေ ၁ နှစ်ရပ်ဆိုင်းလိုက်ပါတယ်။"

via Voice of America http://ift.tt/1TKv564 http://ift.tt/Tf1V41

အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဟု ‘၀’ခေါင်းဆောင်များပြော

ဒီချုပ်အမတ်ဦးစိုးဌေး ခေါင်းဆောင်သော ကိုယ်စားလှယ်များနှင့် UWSP ခေါင်းဆောင်အချို့ကို တွေ့ရစဉ် (blog.sina.com.cn)

အစိုးရသစ်နှင့်ပူးပေါင်း ဆောင်ရွက်ရန် ကတိပေးကြောင်း နှင့် ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်ကြောင်း ‘၀’ ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) ခေါင်းဆောင်များက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြော ကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ် ဦးစိုးဌေး အပါအ၀င် ကိုယ်စားလှယ်သုံးဦး နှင့် UWSP ဒုဥက္ကဋ္ဌ ရှောက်မင်လျံ  ဦးဆောင်သော စစ်ဦးစီးချုပ် ကျောက်ကျုံးတန့် အပါအ၀င် ကိုယ်စားလှယ်အဖွဲ့တို့သည် ဧပြီ ၂၈ ရက်တွင် UWSP ဗဟိုဌာန ချုပ်တည်ရှိရာ ပန်ဆန်းမြို့၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

‘၀’ ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSP) ခေါင်းဆောင် များနှင့် တွေ့ဆုံရာတွင် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် သဘောထားများရှင်းလင်းပြောကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး စိုးဌေးကပြောကြားသည်။

တွေ့ဆုံမှုနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည့် ဦးစိုးဌေး က ‘‘ပါတီကို ကိုယ်စားပြုသွားတာ မဟုတ်ပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ် ကလည်း ညွှန်ကြားတာမရှိပါဘူး။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ တာဝန်၊မဲဆန္ဒရှင် တွေရဲ့ ငြိမ်းချမ်းရေးလိုလားမှု၊ လွှတ်တော်ကော်မတီ အဖွဲ့ဝင် တစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်ချင်လို့ ကွင်းဆင်းလေ့လာ တာပါ’’ဟု 7Day Daily အား ပြောကြားသည်။

ဆက်လက်၍ ‘‘နောက်ပိုင်း အစိုးရခေါင်းဆောင်တွေ သူတို့ နဲ့တွေ့ချင်တွေ့လို့ရအောင်လည်း ပါပါတယ်။ ဟိုမှာတော့သမ္မတကြီး ရဲ့မိန့်ခွန်းထဲမှာပါတဲ့ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး အ ကြောင်းကို ပြောထားတာတွေ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်း ရေးအပေါ် ပြောထားတဲ့ အာ ဘော်တွေကို ပြောပြတာတော့ရှိ ပါတယ်။ ပြီးတော့ ၂၁ ရာစုပင်လုံ ညီလာခံကို လုပ်ဖို့ရှိတာကိုလည်း ပြောပြခဲ့ပါတယ်။ ကျန်တာတွေ ကိုတော့ အသေးစိတ်ပြောလို့မရ ပါဘူး။ လွှတ်တော်ရဲ့ ကော်မတီ ကို တင်ပြရပါဦးမယ်’’ဟုဦးစိုးဌေး ကဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ UWSP ပြင်ပဆက်ဆံရေးဌာန အကြီးအမှူး ဦးကျောက်ကော်အန်းထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။ UWSP နှင့်နီးစပ်သည့် တိုင်းရင်းသားလက်နက်ကိုင် သတင်းရင်းမြစ်များက UWSP နှင့် ဒီချုပ်ကိုယ်စားလှယ်များ ဧပြီ ၂၈ ရက်က တွေ့ဆုံခဲ့ခြင်းဟုသိရပြီး ငြိမ်းချမ်းရေးညီလာခံနှင့် ပတ်သက်၍ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ကြောင်း ပြောသည်။

7Day Daily က သီးခြားရရှိ ထားသည့် အချက်အလက်များ အရ ဒီချုပ်ကိုယ်စားလှယ်အဖွဲ့က ၂၁ ရာစု ပင်လုံညီလာခံကဲ့သို့ပင် လာမည့် ငြိမ်းချမ်းရေးအစည်းအဝေးများ၌ UWSP ပါဝင်တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

UWSP ခေါင်းဆောင်များက လည်း ပြည်ထောင်စုမှ မည်သည့် အခါမျှ ခွဲမထွက်ရန်နှင့် ဒီချုပ် အစိုးရနှင့် ပူးပေါင်းဆောင်ရွက် ရန် ကတိပေးခဲ့ပြီး ကုလနှင့် တရုတ်စသည့် နိုင်ငံတကာ အသိ သက်သေများ၊ အစိုးရ၊ လွှတ် တော်၊ တပ်မတော်နှင့် တိုင်းရင်း သားအားလုံးပါဝင်သော ငြိမ်းချမ်း ရေးအစည်းအဝေးကြီး ကျင်းပ ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရန်၊ ယခင်အစိုးရများနှင့် ချုပ်ဆိုခဲ့သည့် စာချုပ်များကို အသိအမှတ်ပြုရန် စသည့် အချက်များ ထည့်သွင်းဆွေးနွေးခဲ့သည်။ ထို့အပြင် UWSPဘက်က  ယခင်အစိုးရလက်ထက်က တောင်းဆိုထားသည့် ‘၀’ ပြည်နယ်သတ်မှတ်ပေးရန် ကိစ္စကို စဉ်းစားပေးရန် တောင်းဆိုခဲ့ပြီး ယင်းကိစ္စကို စစ်ရေးအရ ဖြေရှင်းမည်မဟုတ်ကြောင်း ဒီချုပ်ကိုယ်စားလှယ်များအား ကတိပေးခဲ့ကြောင်း 7Day Daily မှ ရရှိထားသည့် အချက်အလက်များက ဆိုသည်။

UWSP သည် အမြဲတမ်းတပ် သားသုံးသောင်းခန့်ရှိပြီး အင်အား အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအဖြစ်သတ် မှတ်ထားကာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) တွင်ပါဝင်ခြင်းမရှိသည့် အဖွဲ့ဖြစ်သည်။

UWSP အပါအ၀င် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်းမရှိ သည့် တိုင်းရင်းသားလက်နက်  ကိုင်အဖွဲ့များက အစိုးရသစ်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် သ ဘောတူခဲ့ကြောင်း အသီးသီး ထုတ်ပြန်ထားသည်။

via News http://ift.tt/1TmIX3G http://ift.tt/1Vus636

သုံးပွင့်ဆိုင် ပူးပေါင်းပြီး နိုင်ငံဖွံ့ဖြိုတိုးတက်ရန် ဆောင်ရွက်မည်ဟု သမ္မတပြော

အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှု နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွားမယ်လို့ သမ္မတဦးထင်ကျော်က ပြောလိုက်ပါတယ်။[…]

The post သုံးပွင့်ဆိုင် ပူးပေါင်းပြီး နိုင်ငံဖွံ့ဖြိုတိုးတက်ရန် ဆောင်ရွက်မည်ဟု သမ္မတပြော appeared first on DVB.

via DVB http://ift.tt/1X18h50 http://burmese.dvb.no

လျှပ်စစ်မီး ပြတ်တောက်မှု ဖြေရှင်းရန် အတွက် အရန် မဟာဓာတ်အားလိုင်း ရှိရန် လိုအပ်ဟု ဆို

လျှပ်စစ် ဓာတ်အား မပြတ်တောက်စေရန် အတွက် အရန် ဓာတ်အားလိုင်းစနစ်တခု ထပ်မံ တည်ဆောက်မှသာ ဖြေရှင်း နိုင်မည် ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ အဆင်မြင့် အရာရှိများက ဧရာဝတီသို့ ပြောသည်

The post လျှပ်စစ်မီး ပြတ်တောက်မှု ဖြေရှင်းရန် အတွက် အရန် မဟာဓာတ်အားလိုင်း ရှိရန် လိုအပ်ဟု ဆို appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1SAp6lp http://ift.tt/1PXzsvq

NLD အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်မှု ၁ နှစ် ရပ်ဆိုင်းမည်

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် သစ်တွေလည်း တနှစ်စာလောက် ရှိသေးတယ် တန် ၄ ၊ ၅ သိန်းလောက်ပေါ့။ ဒါကြောင့် ဒီနှစ်ကို လုံးဝ မထုတ်တော့ပါဘူး။ ကျတော်တို့ဌာန အနေနဲ့ ဆုံးဖြတ်တာ။ အစိုးရအဖွဲ့ကို တင်ပြရဦးမယ်။ အခုလို ရပ်လိုက် တဲ့ အရသာကို ကြိုက်လို့ မထုတ်နဲ့ တိုင်းပြည်က အခြားနေရာက ၀င်ငွေရှာပေးမယ်၊ ထိန်းဆိုရင်လည်း ထိန်း သွားမယ်ပေါ့

The post NLD အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်မှု ၁ နှစ် ရပ်ဆိုင်းမည် appeared first on ဧရာဝတီ.

via ဧရာဝတီ http://ift.tt/1NI4hEh http://ift.tt/1PXzsvq